Skip to main content

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၌ လုံခြုံရေးအင်အား တိုးမြှင့်ပေးရန် ကော်မရှင်အကြံပြု...

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၌ လုံခြုံရေးအင်အား တိုးမြှင့်ပေးရန် ကော်မရှင်အကြံပြု



ရန်ကုန်၊ မတ် ၁၁



ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မြို့နယ် တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ပေးရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်၊ ဒုချီးရားတန်း ဖြစ်စဉ်များ စစ်ဆေးရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်း တာဝန်ပေးခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ပါရှိသည်။



ယင်းဒေသတွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးရဲကင်း သို့မဟုတ် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားရေးအနက် တစ်ခုခုကို အမြန်ဆုံး ပြုလုပ်ပေးသင့်ကြောင်း၊ ရဲကင်း စခန်းများတွင် ရဲတပ်ဖွဲ့အင်အား၊ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကိရိယာ၊ ယင်းလက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု၊ အဓိကရုဏ်း နှိမ်နင်းရေး စွမ်းရည်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။



ပြီးခဲ့သည့် လပိုင်းက မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဘင်္ဂါလီ ၂၁၀၀၀ ကျော် ရှိပြီး တိုင်းရင်းသားကျေးရွာ သုံးရာတွင် လူဦးရေ ၁၃၀၀ ဝန်းကျင်ရှိရာ လုံခြုံရေး ကင်းစခန်းနှစ်ခုနှင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသာ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း ကော်မရှင်ထံမှ သိရှိရသည်။



ယင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်နှင့် ဒေသခံအချိုး မညီမျှမှုသည် လူနေမှု အဆင့်အတန်း မြင့်မားသည့် နေရာမျိုးတွင် ပြဿနာ မရှိသော်လည်း ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် မောင်တော ဒေသမျိုးတွင် ယင်းအချိုးအစားမှာ လွန်စွာ နည်းပါးကြောင်း အစီရင်ခံစာတွင် ပါရှိသည်။



ဘူးသီတောင်၊ မောင်တော မြို့နယ်များတွင် အရည်အချင်း ရှိသည့် ဝန်ထမ်းကို ခန့်အပ် တာဝန်ပေးကာ ထိုက်ထန်သည့် လစာ၊ လုပ်ဆောင်အချက်အပေါ် မှုတည်က ချီးမြှင့်မှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပြီး လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာသူများ ဖြစ်ရန် လိုအပ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။



“ဘူးသီးတောင် မောင်တောလို ဒေသမျိုးကို အပြစ်ပေးခံရတယ် သူတွေ အပို့ခံရသလို ဖြစ်နေတယ်။ ဒီဒေသတွေက အရေးကြီးတဲ့ နေရာဖြစ်တဲ့အတွက် အရည်အချင်း ရှိတဲ့သူတွေကို တာဝန်ပေးထားရမယ်” ဟု ၎င်းကဆိုသည်။



ဝန်ထမ်းများကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် အပြည့်အဝပေးရန် လိုအပ်ပြီး ဥပဒေနှင့် မညီသူများကို ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ကော်မရှင်က အကြံပြုထားသည်။



လုံခြုံရေး ရဲတပ်ဖွဲ့ နေရာချထားမှုတွင် အားနည်းချက်များ ရှိနေပြီး မြို့နယ် အတွင်းပိုင်းသာမက နယ်စပ် တစ်လျှောက်တွင်လည်း လစ်ဟာမှုများ ရှိနေကြောင်း၊ ယင်းလစ်ဟာမှုကြောင့် ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို သတ်ဖြတ်ခဲ့သူများကို နယ်စပ်မြစ်ကမ်းမှ တစ်ဆင့် အလွယ်တကူ လွတ်မြောက် သွားကြောင်း အစီရင်ခံစာတွင် ပါရှိသည်။



ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က လုံခြုံရေးကင်း တပ်ဖွဲ့ကို အကြမ်းဖက်ခဲ့ရသည့် ဖြစ်စဉ်တွင် အကြမ်းဖက်ရန် လုပ်ဆောင်မှုကို ဟန့်တားရန် ခြောက်လှန့် ပစ်ခတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် သေနတ် ကျည်မထွက်ခဲ့သဖြင့် မကြမ်းဖက်မှုကို တားဆီးနိုင်ခြင်း မရှိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။



လုံခြုံအင်အား တိုးမြှင့်ကာ ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန် မောင်တော၊ ဘူးသီးတောင် အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် အများစုတွင် ဆန္ဒပြ တောင်းဆိုမှုများ ဖေဖော်ဝါရီလ အတွင်းက ဆက်တိုက် ဖြစ်ပွားခဲ့သည်။



from The Voice Weekly's Facebook Wall http://ift.tt/1lUwmZA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...