အခွန် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ တစ်သောင်းကျော်စာရင်းမှာ အခွန်အခတွေ မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို စာရင်း မှားယွင်း ဖော်ပြခဲ့တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဒီစာရင်း အမှားကို မတ်လ(၇)ရက်နေ့မှာ ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန် လိုက်တာဖြစ်ပြီး အဲဒီထဲမှာ AGD Bank, Yoma Bank, Small & Medium Industrial Bank, A-1 Garment Co., Ltd, Korea Development Bank စတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့ ထုတ်ပြန် ထားပါတယ်။
သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: အခွန်မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို...
www.thithtoolwin.com
from Myanmar News Now's Facebook Wall http://ift.tt/1oKGelx
via IFTTT

Comments
Post a Comment