Skip to main content

တိုက်ပွဲများ ဖြစ်ပွားနေမှု လျှော့ချရန် အစိုးရနှင့် KIO တို့ပူးပေါင်း၍ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ဖွဲ့မည်



မြစ်ကြီးနား၊ မေ ၁၃ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကို လျှော့ချရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့ သဘောတူညီခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။


မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် မေလ ၁၃ ရက်နေ့က ပြုလုပ်သည့် နှစ်ဖက် အဖွဲ့များအကြား စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲ၌ ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်သည်။



တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ဆွေးနွေး သဘောတူခဲ့သော ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရန် ပျက်ကွက်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုယင်းကော်မတီ၏ ပထမအဆင့် အနေနှင့် အစိုးနှင့် KIO ကိုယ်စားလှယ် ငါးဦးစီ ပါဝင်သော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။



“အဖွဲ့မှာ ဘယ်သူတွေပါမယ် ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကဆိုသည်။



အဆိုပါအဖွဲ့တွင် ပါဝင်မည့်သူများကို နှစ်ဖက် အတည်ပြုပြီးပါက မေလ ၂၁ ရက်နေ့မှစတင်ကာ မြစ်ကြီးနားမြို့တွင် ရုံးထိုင်၍ ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပြီး တိုက်ပွဲ အရှိန်လျှော့ချမည် ဖြစ်ကြောင်း ဦးအောင်မင်းက ထပ်လောင်း ပြောကြားသည်။



အစိုးရနှင့် KIO တို့ တစ်ရက်ကြာ ဆွေးနွေးအပြီး အချက်ငါးချက်ပါ ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေး၊ နှစ်ဖက်နားလည်မှု ပျက်ပြားစေသော မီဒီယာများ၏ လွဲမှားစွာ ရေးသားဖော်ပြနေမှု များကို ဖြေရှင်းရေးနှင့် အစည်းအဝေး ထပ်မံကျင်းပရန်တို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိသည်။



မီဒီယာများ ဆိုသည်မှာ KIO မီဒီယာ၊ အစိုးရမီဒီယာ အပါအဝင် မီဒီယာအားလုံးကို ရည်ညွှန်းခြင်း ဖြစ်ပြီး လွဲမှားစွာ ဖော်ပြချက် ဆိုသည်မှာ KIO မီဒီယာလည်း ပါဝင်ကြောင်း၊ အသုံးအနှုန်း လွဲမှားမှုများ သတိထားရန် ပြောကြားခြင်း ဖြစ်ကြောင်း၊ မီဒီယာများက အမှန်တကယ် အကူအညီ ပေးနေသည်ကို ယုံကြည်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။



“အယ်ဒီတာအဖွဲ့ရဲ့ ကောက်နုတ်ချက်လို့ ဖော်ပြရင် အယ်ဒီတာအဖွဲ့ရဲ့ ကောက်နုတ်ချက်လို့ သေသေချာချာ ရေးသား ဖော်ပြစေချင်ပါတယ်။ အယူအဆ ဖြစ်တယ်လို့ ပြောရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ ရေးသားစေချင်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုသည်။



၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း အစိုးရနှင့် KIO တို့ မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် တွေ့ဆုံစဉ် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee) တစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့သော်လည်း ဖွဲ့စည်းနိုင်ခြင်း မရှိသဖြင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း KIO ကပြောဆိုသည်။



တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သော ကေအိုင်အေနှင့် အပစ်အခတ်ရပ်စဲရန် အပါအဝင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန်အတွက် ဆွေးနွေးပွဲများ အချိန်တိုအတွင်း ဆက်တိုက်ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးသိန်းဇော်က တိုက်တွန်းလိုက်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုမည့် အချိန်အတိအကျကို မပြောနိုင်သေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထပ်မံပြောဆိုသည်။



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ သဘောတူလက်မှတ် ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးဆွဲရေးအတွက် နှစ်ဖက်အဖွဲ့များ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် မေလ ၁၉ ရက်နေ့၌ ထပ်မံတွေ့ဆုံရန် သဘောတူထားသည်။


{fcomment}





from Voice http://ift.tt/1jZAPs2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...