Skip to main content

(မေလ ၁၄ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) အကောင်းမြင်မှုနှင့် အယုံသွ...



(မေလ ၁၄ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



အကောင်းမြင်မှုနှင့် အယုံသွင်း လုပ်ဆောင်မှုများ



အမေရိကန်သမ္မတ ဘာရက်အိုဘားမား မကြာသေးမီက မလေးရှားနိုင်ငံတွင် ဟောပြောခဲ့သော သူ၏မိန့်ခွန်းထဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်း ဝေဖန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အိုဘားမားက ချီးကျူးခဲ့သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အန္တရာယ်တစ်ခုမှာ ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ပွင့်အန်ထွက်လာနိုင်ခြင်းဖြစ်ပြီး ထိုပဋိပက္ခများသည် မြန်မာနိုင်ငံကို လမ်းကြောင်းမှားဆီသို့ ဦးတည်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။



မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဝေဖန်ခဲ့သူမှာ အိုဘားမား တစ်ယောက်တည်းတော့ မဟုတ်ပေ။ မြန်မာစစ်ဘက်နှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး စည်းကမ်းသတ်မှတ်ချက်များ ပြဋ္ဌာန်းရန် အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်များက ဖိအားပေးလျက်ရှိကြကာ လူ့အခွင့်အရေးအခြေအနေများနှင့် တိုင်းရင်းသား ပြည်နယ်များတွင် မြန်မာစစ်တပ်၏ စစ်ရေးဆောင်ရွက်မှုများအပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြသည်။



မြန်မာအစိုးရ မည်ကဲ့သို့ ပြောဆိုရှင်းပြနေသည်ဖြစ်စေ၊ မြန်မာနိုင်ငံသည် နောက်သို့ ပြန်ဆုတ်သွားကြောင်း ထင်ရှားသော လက္ခဏာများ ရှိနေပါသည်။ မြန်မာအာဏာပိုင်များသည် ပြည်သူလူထုကို ဆွဲဆောင်နိုင်ရန် လုံလောက်မည့် အတိုင်းအတာရှိသော လွတ်လပ်ခွင့်ချပေးထားကာ အခြားတစ်ဖက်တွင် ပြဿနာများကို အလုံအလောက် ဖန်တီးနေခြင်းအားဖြင့် နိုင်ငံရေးကစားနေသလားဟု ဝေဖန်မေးခွန်းထုတ်သော ကျွမ်းကျင်သူများနှင့် ဝေဖန်ရေးသမားများလည်း အတန်အသင့် ရှိနေသည်။ ထိုကဲ့သို့သော ပြဿနာများ ရှိနေပါက အာဏာပိုင်များ မကြာခဏ ပြောလေ့ရှိသည့် “စည်းကမ်းပြည့်ဝသော” နည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရမည့် သဘောမျိုး အကြောင်းပြနိုင်ရန် နိုင်ငံရေးကစားခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သူများက ဆိုကြသည်။



မြန်မာနိုင်ငံ၏ အုပ်စုလိုက် အကြမ်းဖက်မှုများ သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုများနှင့် စစ်တပ်အလိုကျ ၂၀၀၈ အခြေခံဥပဒေအား ပြုပြင်ပြောင်းလဲရေးကိစ္စ နှောင့်နှေးနေခြင်းများအပေါ် အမေရိကန်၏ ဝေဖန်မှုများမှာ စကားလုံးများ သက်သက်သာဖြစ်လိမ့်မည်ဟု နေပြည်တော်က ယူဆနေနိုင်ပါသည်။



မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အရည်အသွေးနှင့် ပတ်သက်၍ အားမလိုအားမရ ဖြစ်နေသော မြန်မာနိုင်ငံသားများအတွက်မူ အမေရိကန်၏ နှစ်ခွဖြစ်နေသော မူဝါဒက စိတ်ပျက်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်နှင့် လူမျိုးအားလုံး စည်းလုံးညီညွတ်ရေးကို တောင်းဆိုနေကြသော ဝေဖန်သူများက အမေရိကန်သည် ဝေဖန်ရေးစကားလုံးများကို တကယ့်အရေးယူ ဆောင်ရွက်မှု အသွင်သို့ ပြောင်းလဲနိုင်စွမ်း မရှိကြောင်းနှင့် ပြောင်းလဲလိုစိတ်လည်း မရှိကြောင်း သဘောပေါက်လာပေလိမ့်မည်။



မြန်မာနှင့် နိုင်ငံခြားသား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများသည် အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများက မြန်မာ့လူ့အခွင့်အရေးအပေါ် တကယ်အလေးထား ဆောင်ရွက်မှုမရှိပုံကို အားမလို အားမရ ခံစားရနိုင်သလို မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုသည်မှာ အတိတ်က အရာတစ်ခုသာဖြစ်ကာ အာဏာကို ပြည်သူများထံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း မြန်မာစစ်ဗိုလ်ချုပ်များနှင့် လွှတ်တော်အမတ်များက မြန်မာနိုင်ငံသားများနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းအား ထိရောက်စွာ အယုံသွင်းလျက် ရှိနေပုံကို တွေ့မြင်ကြလိမ့်မည် ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jeuQAA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...