Skip to main content

ဗုဒ္ဓစာပေနှင့် တရားခွေများ သံဃမဟာနာယက ခွင့်ပြုမှ ထုတ်ဝေခွင့်ရမည် မင်းမင်း| ဗုဒ္ဓဟ...



ဗုဒ္ဓစာပေနှင့် တရားခွေများ သံဃမဟာနာယက ခွင့်ပြုမှ ထုတ်ဝေခွင့်ရမည်



မင်းမင်း| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ်



ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ၊ စာစောင်များနှင့် အသံသွင်းတိပ်ခွေများကို နိုင်ငံတော် သံဃမဟာနယကအဖွဲ့ (မဟန)က စိစစ်ခွင့်ပြုပြီးမှသာ ထုတ်ဝေခွင့် ရရှိတော့မည် ဖြစ်သည်။



ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ မထုတ်ဝေမီတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)သို့ တင်ပြ စိ စစ်ခံသင့်သည်ဟု အဂ္ဂမဟာပဏ္ဍိတ ဆရာတော်တစ်ပါး၏ အဆိုပြုချက်ကို ဂိုဏ်းပေါင်းစုံမှ သံဃာတော် ၂၅၅၈ ပါးက အတည်ပြုလိုက်ခြင်း ဖြစ်သည်။



ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူအတွင်း မေ ၁၃ ရက်က ကျင်းပသည့် ဂိုဏ်းပေါင်းစုံ သံဃ အစည်းအဝေးတွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရွှေစေတီကျောင်းတိုက်မှ နိုင်ငံတော် ဗဟိုသံဃာ့ဝန် ဆောင်အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဓဇ)က အထက်ပါအတိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။



“ပဋိကတ်တော်နှင့် မညီသောရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာ ကွယ်ရန်ဟူသော ရည်ရွယ်ချက်သည် အဓမ္မ၀ါဒစာအုပ်စာပေ စသည်တို့ကို ရေးသားထုတ်ဝေ ဟောပြော အသံသွင်းဖြန့်ချိပြီးမှ စိစစ်ရန်တင်ခြင်းဟူသော ထုတ်ဝေပြီးမှ တင်ပြသည့်စနစ်ကို ပြဋ္ဌာန်းပါက လုံးဝပျက် စီး၍ အချည်းနှီးဖြစ်သွားနိုင်သောကြောင့် လောကုတ္တရာစာပေအတွက် ထုတ်ဝေပြီးမှ တင်ပြသည့်စနစ်ကို အကြွင်းမဲ့ ပယ်ဖျက်သင့်ပါသည်” ဟု ဆရာတော်က အစည်းအဝေးတွင် အဆိုပြု လျှောက်ထားခဲ့သည်။



မြန်မာနိုင်ငံတွင် ထုတ်ဝေသမျှ စာအုပ်စာတမ်းတို့ကို မထုတ်ဝေမီ တင်ပြစိစစ်ခံရသော စာပေစိစစ်စနစ်ကို အစိုးရက ၂၀၁၂ သြဂုတ်လတွင် ဖျက်သိမ်းခဲ့ပြီး တစ်နှစ်ကျော် ကြာလာချိန်တွင် ဗုဒ္ဓဘာသာဆိုင်ရာ စာပေ များ မထုတ်ဝေမီတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ တင်ပြ စိစစ်ခံသင့်သည်ဟု အဆိုပြုခဲ့ခြင်းဖြစ် သည်။



လက်ရှိတွင် ဗုဒ္ဓဘာသာကို နားလည်တတ်ကျွမ်းခြင်းမရှိဘဲ ဟောကြားနေသည့် တရားများနှင့် ရေးသား၊ ပြောဆိုမှု အများအပြား ဖြစ်နေသည်ဟုပင် မွန်ပြည်နယ်မှ နိုင်ငံတော်ဗဟို သံဃ၀န်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒသီရိက အစည်းအဝေးတွင် ထောက်ခံဆွေးနွေးခဲ့သေးသည်။



“စမ္မ၀ိနယ ဒေသနာတော်များကို ကျွမ်းကျင်တတ်မြောက်မှု မရှိဘဲ ကိုယ်လိုရာဆွဲ၍ လူပြိန်းကြိုက် အဓမ္မ၀ါဒ များကို ဟောပြော၊ ပြသ၊ ရေးသားနေကြသဖြင့် အဓမ္မ၀ါဒများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်ဟု ဆရာ တော်က မိန့်သည်။



အဆိုပါ ကိစ္စအပေါ် သာကီသွေးစာစောင်မှ တာဝန်ခံဆရာတော် ဒေါက်တာ သောပါကကလည်း “လိုအပ် လို့လုပ်တယ်လို့ ယူဆပါတယ်။ ဘာသာမသိတဲ့သူတွေ ရေးတာက ထေရ၀ါဒနဲ့ ဆန့်ကျင်လွဲမှားနိုင်တာတွေ ရှိတယ်” ဟု မဇ္ဈိမကို မေ ၁၁ ရက်က မိန့်ကြားထားသည်။



နိုင်ငံတော် သံဃမဟာနာယကအဖွဲ သည် သီးခြားဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့စည်းပြီး ဘုရားဟော ပိဋိကတ် တော်များနှင့် မကိုက်ညီသော အဓမ္မ၀ါဒ အမှုပေါင်း ၁၈ မှုကိုလည်း ဆုံးဖြတ်ရဖူးသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jeuPwJ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...