Skip to main content

လုံခြုံရေးဆောင်ရွက်ပါ၊ မတရားအနိုင်ကျင့်တာတော့ မလုပ်ပါနဲ့ စည်သူအောင်မြင့် (ဆောင...



လုံခြုံရေးဆောင်ရွက်ပါ၊ မတရားအနိုင်ကျင့်တာတော့ မလုပ်ပါနဲ့



စည်သူအောင်မြင့်



(ဆောင်းပါး) လတ်တလော အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဟိုနားဒီနားပြန်ဖြစ်၊ ပြဿနာတချို့ပေါ်၊ ဒီလိုနဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ စတင်နေချိန် ရှမ်းပြည်နယ်ထဲမှာတော့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်မယ့် နောက်ထပ် ပြဿနာတွေ ပေါ်ပေါက်လာ ပြန်ပါတယ်။ အဲဒီပြဿနာတွေကတော့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့က အစိုးရနဲ့ ပြည် ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ RCSS/SSA ရှမ်ပြည်တပ်မတော် ဆက်ဆံရေးရုံးခန်းကို တပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေး စရဖ တပ်ဖွဲ့တွေက ၀င်ရောက် မွှေနှောက် ရှာဖွေခဲ့တဲ့ ကိစ္စ၊ နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ နမ့်လင်းမိုင်ကျေးရွာပါတီ ဥက္ကဋ္ဌကို စရဖ တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်စစ်ဆေးပြီးနောက် ရဲစခန်းပြန်အပ်၊ မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စနှစ်ခုကလည်း ဆက်စပ်နေပါတယ်။ ပြဿနာတွေ ဘယ်လိုဖြစ်ရတာပါလဲ၊ ပြဿနာပြေလည်ဖို့ ဘယ်လို ကြိုးစားနေကြပါလဲ၊ တပ်မတော်ဘက်ရဲ့ အခုလုပ်ရပ်ကြောင့် ငြိမ်းချမ်းရေး တည်ဆောက်နေတာကို ထိခိုက်နိုင်မလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။



သတင်းဌာနတွေရဲ့ ဖော်ပြချက်၊ SNLD ပါတီ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သူတို့ပါတီ နမ့်လင်းမိုင် ဥက္ကဋ္ဌ ဦးစိုက်အိုက်ကန်ကို စရဖက ဖမ်းဆီးတာဟာ လက်နက်ရှိတယ်ဆိုပြီး မသင်္ကာလို့ ခေါ်ယူ စစ်ဆေးတာလို့ ပြောပါတယ်။ ခေါ်ယူစစ်ဆေးစဉ်မှာ ရိုက်နှက်မှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။



နောက်ဆုံးလက်နက်ရှိကြောင်း မပေါ်ပေါက်တဲ့အတွက် ရဲစခန်းပို့ပြီး သောင်းကျန်းသူနဲ့ ဆက်သွယ်တဲ့ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပါတီတာဝန် ရှိသူတွေဘက်က ပြောတာက အခု သောင်းကျန်းသူအဖွဲ့လို့ စွပ်စွဲထားချက်မှာ RCSS/SSA ကို ဆိုလိုတာဖြစ်တဲ့အကြောင်း၊ ဒီအဖွဲ့ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်ထားတဲ့အဖွဲ့ဖြစ်ကြောင်း၊ မြို့ပေါ်မှာ ဆက်ဆံရေးရုံးဖွင့် ခွင့်တောင် ပေးထားတာဖြစ်ကြောင်း၊ အဲလို အဖွဲ့နဲ့ဆက်ဆံတာဟာ ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်လို့ရသလား။



အခုဆိုရင် အပစ်ရပ်ထားတဲ့ ကေအင်န်ယူ အပါအ၀င် အဖွဲ့ပေါင်းစုံက ခေါင်းဆောင်တွေ၊ မြို့ပေါ်တက် အစိုးရ တာဝန်ရှိသူတွေနဲ့တင်မက အတိုက်အခံတွေ၊ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတွေ၊ ပြည်သူ လူထုတွေနဲ့ ထိတွေ့ဆက်ဆံနေတာ ရှိနေတဲ့အကြောင်း၊ ဒါမျိုးတွေက ကင်းလွတ်ခွင့်ရပြီး RCSS/SSA နဲ့ ဆက်ဆံတာကိုတော့ ဘာကြောင့် မတရားအသင်း ပုဒ်မနဲ့ တရားစွဲရတာလည်းဆိုပြီး မေးခွန်းထုတ်ကြတာ ဖြစ်ပါတယ်။



ဒီအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းနဲ့ SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး တွေ့ဆုံဆွေးနွေးဖို့ရှိပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် မတွေ့ဆုံနိုင်သေးပါဘူး။ ပါတီတာဝန်ရှိသူ တစ်ယောက်နဲ့ ဖုန်းစကားပြောခဲ့တဲ့ ၀န်ကြီး ဦးအောင်မင်းကတော့ ဒီကိစ္စသမ္မတဆီ တင်ပြမယ်လို့ ဆိုပါတယ်။ အခုလောလောဆယ်တော့ အခြေအနေက။ ဒီလောက်ပဲ ရှိပါသေးတယ်။



အလားတူ RCSS/SSA ကျိုင်းတုံ ဆက်ဆံရေးရုံးကို စရဖက ၀င်ရှာဖွေတာကလည်း လက်နက်ရှိတယ်ဆိုပြီး မသင်္ကာလို့လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာလက်နက်မှလည်း မတွေ့ကြရပါဘူး။ ဒီပြဿနာနှစ်ခုအနက် ပထမပြဿနာက ရိုးရှင်းပါတယ်။ လက်နက်ကိုင်ဆောင်တယ်လို့ မသင်္ကာရှိသူကို စရဖက ခေါ်ယူ စစ်ဆေးတာ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မတွေ့ဘူးဆိုရင် ပြန်လွှတ်ပေးလိုက်ရုံပါပဲ။ အခုလို ပြန်မလွှတ်ဘဲ မရရတဲ့ နည်းနဲ့ မတရားအသင်းအက်ဥပဒေပုဒ်မနဲ့ တရားစွဲဖို့ ရဲစခန်းသွားအပ်၊ အမှုဖွင့်တယ်ဆိုတာကတော့ လက်ရှိအခြေအနေအရ မလုပ်သင့်တဲ့ကိစ္စပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေနဲ့ ဆက်ဆံနေရတဲ့ အင်န်ဂျီအိုတွေ၊ သတင်းစာဆရာတွေ၊ နိုင်ငံရေးသမားတွေ အတော်များများ စိုးရိမ်စိတ်ရှိသလို၊ ၀န်ကြီး ဦးအောင်မင်းကို မေးကြ၊ မြန်းကြတာတွေလည်း ရှိပါတယ်။



အဲဒီဥပဒေကို ဘယ်လိုလုပ်မလဲပေါ့။ ၀န်ကြီးဦးအောင်မင်း ဖြေတာက တစ်ခုတည်းပါ၊ ပြဿနာဖြစ်ရင် သူ့ဆီကိုသာ အကြောင်းကြားလိုက်ပါ။ သူဖြေရှင်းပေးပါ့မယ်ပေါ့။



ဘယ်လိုပဲဖြစ်ဖြစ် မတရားအသင်း ပုဒ်မကို ပယ်ဖျက်ခြင်း မပြုရသေးတဲ့တိုင် ပြည်ထောင်စုအဆင့် အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို မတရားအသင်းတွေအဖြစ်ကနေ ပယ်ဖျက်ပေးတာ မလုပ်ရသေးတဲ့တိုင် အစိုးရအဖွဲ့အစည်းတွေ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေဟာ ဒီပုဒ်မနဲ့ ပြည်သူတွေကို ဒုက္ခမပေးဖို့လိုပါတယ်။ ခုလို တရားစွဲ ဒုက္ခပေးတဲ့နည်းဟာ အရင်စစ်အာဏာရှင်ခေတ်က လုပ်ခဲ့တဲ့ ဖိနှိပ်တဲ့၊ ရိုးသားမှုမရှိတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ အတူတူပါပဲ။ နောက်တစ်ခုခုဆိုရင် ဒီကိစ္စ မီဒီယာတွေကနေ တစ်ဆင့် ပြည်သူအများ သိရှိသွားကြပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရတပ် တပ်ရင်းတပ်ဖွဲ့တစ် ခုခုရဲ့ လုပ်ရပ်ကြောင့် တပ်မတော်အပေါ် ပြည်သူတွေ ယုံကြည်မှုပိုနည်းသွားစေမှာ အမှန်ပဲ ဖြစ်ပါတယ်။



အလားတူ RCSS/SSA ကျိုင်းတုံ ဆက်ဆံရေးရုံးကို စရဖက ၀င်ရှာဖွေမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတစ်ခု ထုတ်ပြန်ဖို့ လိုပါတယ်။ မှားယွင်းတယ်ဆို မှားယွင်းတယ် ပြန်ဖြေရှင်းဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အလွန်အရေးကြီးတဲ့ ယုံကြည်မှု ကျဆင်း၊ ပျက်ပြားစေနိုင်ပါတယ်။



ဒီထက်ပိုအရေးကြီးတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မူဝါဒ ခြောက်ရပ်ထဲမှာ တစ်ချက်အပါအ၀င်ဖြစ်တဲ့ (၅) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်ဆိုတဲ့ အချက်အပေါ် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ သံသယကြီးစွာဖြစ်စေမယ် ဖြစ်ပါတယ်။



တပ်မတော်အနေနဲ့ လုံခြုံရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ဆောင်ရွက်တာ ဘယ်သူမှ အငြင်းမပွားပါဘူး။ ဒါပေမဲ့ ဖိနှိပ်၊ အနိုင်ကျင့်မှုမရှိဖို့တော့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုတာ အလွန်သိမ်မွေ့ပါတယ်။ ယုံကြည်မှု တည်ဆောက်ရတာ ခက်ပေမယ့် ယုံကြည်မှု ပျက်သွားအောင်လုပ်တာက ခဏ ချက်ချင်းလုပ်လို့ရပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကို တစ်ဆင့် ပြီးတစ်ဆင့် တိုးတက်တည်ဆောက်ရင်း ငြိမ်းချမ်းရေး တံခါးဝကိုရောက်ဖို့ အခုပြဿနာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ကောင်းကောင်းမွန်မွန် ပြန်ဖြေရှင်းသင့်ပါတယ်၊ လုံခြုံရေး ဆောင်ရွက်ပါ၊ မတရား အနိုင် ကျင့်တာမျိုးတော့ မလုပ်ပါနဲ့လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1v2DkOZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...