သြစတြီးယား ထိပ်သီးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး
စည်သူအောင်| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ်
သြစတြီးယားနိုင်ငံမှ တာဝန်ရှိသူများနှင့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၄၀ဦး ပါဝင်သော အဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရန်အတွက် မေလ ဒုတိယပတ်အတွင်း လာရောက် ဆွေးနွေးခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြာမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါအစည်းအဝေးကို မြန်မာဘက်မှ ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်း ဦးဆောင်သော မြန်မာတာဝန်ရှိသူ ၇၀ ခန့် တက်ရောက်ခဲ့ပြီး သြစတြီးယားလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ အခွင့်အရေးများ၊ လုပ်ငန်းစီမံကိန်းများ၊ ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးစသည့် မြန်မာ့ စီးပွားရေးအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ဖွံ့ဖြိုးမှု စီမံကိန်းအစည်းအဝေးကို သြစတြီးယား ပို့ဆောင်ရေး၊ နည်ပညာနှင့်တီထွင်ဖန်တီးမှုဆိုင်ရာဝန်ကြီး Ms . Doris Bures၊ သြစတြီးယား ပြည်ထောင်စုစီးပွားရေးအသင်း ဒုတိယဥက္ကဋ္ဌ Dr. Christoph Matzn-etter အပါအ၀င် သြစတြီးယား ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၄၀ ဦးပါဝင်သည့် အဖွဲ့တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများ အရ ၂၀၁၄ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံရှိပြီး လက်ရှိ အစိုးရတက်ရောက် မှုကာလာအတွင်း ပြင်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၁၆ ဘီလီယံရရှိခဲ့ခြင်း ဖြစ် သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1jZuyMX
Comments
Post a Comment