Skip to main content

မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည် မန္တလေး၊ မေ ၁၃ ပြည်တွင်း၌ တ...



မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည်



မန္တလေး၊ မေ ၁၃



ပြည်တွင်း၌ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားစအချိန်တွင် နာမည်ကျော် လူကြိုက်များခဲ့သော အနောက်အရပ်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းတွဲ၌ တရုတ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ ပင့်ဆောင်သည့် ဇာတ်ဝင်ခန်းများတွင် မျောက်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးခေါ် (မစ္စတာ လူချင်ဟိုလင်းတန်) သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။



ယင်းသို့ မန္တလေးမြို့တော်သို့ လာရောက် လည်ပတ်မည့် Journey to the West ဇာတ်ကားတွင် မျောက်မင်းအဖြစ် သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးသည် မေလ ၂၁ ရက်နေ့တွင် ရန်ကုန် မြို့တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ရန်ကုန်ရှိ ယဉ်ကျေးမှုတက္ကသိုလ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဗဟိုအမှုဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အဆင့် အကြီးအကဲများကို တွေ့ဆုံ ဂါရဝပြုနိုင်ရန် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။



နေပြည်တော်မှအပြန် မန္တလေးမြို့တော်သို့ လာရောက်ပြီး တိုင်းဒေသကြီးအဆင့်ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တွေ့ဆုံ ဆွေးနွေးမည့်အပြင် မိဘမဲ့ကျောင်းများနှင့် ပရဟိတ လုပ်ငန်းများကို ငွေလှူဒါန်းပြီး ၎င်းပါဝင် သရုပ်ဆောင်ခဲ့သည့် Journey to the West ဇာတ်လမ်းတွဲပါ အခန်းလိုက် သရုပ်ဆောင်ချက် ပုံစံတူများကို မန္တလေးမြို့လူထုသို့ ပြသမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“စွန်ဝူခုံးက လှူမယ့် အစီအစဉ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် ဆောင်ရွက်နေတယ်” ဟု ၎င်းကဆိုသည်။



မန္တလေးမြို့ပေါ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မိဘမဲ့ ပရဟိတဂေဟာများ၊ လူမှုရေး အဖွဲ့အစည်းများကို ဝူခုံးအဖြစ် သရုပ်ဆောင်သူက လာရောက် လှူဒါန်းမည့် အစီအစဉ်များကို မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက မေ ၁၃ ရက်နေ့အထိ ဆက်သွယ် ပြောကြားထားခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်းက ပြောကြားသည်။



“တရုတ်သရုပ်ဆောင်တွေ လှူနိုင်တာဟာ သူတို့ရဲ့ ရုပ်ရှင်ကားတွေက ကမ္ဘာကျော်ပြီး ဝင်ငွေကောင်းလို့ပါ။ မြန်မာရုပ်ရှင်မင်းသား၊ မင်းသမီး တချို့လောက်ပဲ ပရဟိတ လူမှုရေးလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတာ ရှိတယ်။ ဒါကလဲ အနည်းစုပါ” ဟု မန္တလေးမြို့ခံ သတင်းစာဆရာ ညီစေမင်းက ဆိုသည်။



မြန်မာနိုင်ငံတွင် ပြသခဲ့သည့် Journey to the West ဇာတ်ကားများသည် ထန်မင်းဆက် လက်ထက်တွင် ရေးသားထားခဲ့သည့် သမိုင်းဆိုင်ရာဝတ္တုကို တရုတ်ဒါရိုက်တာများက ဆီလျော်အောင် ပြန်လည် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်လမ်းဖြစ်ပြီး ယင်းဇာတ်လမ်းတွင် ပိဋကတ်သုံးပုံကို အိန္ဒိယနိုင်ငံသို့ သွားပင့်သည့် ဘုန်းကြီးသည် တရုတ်သမိုင်းတွင် တကယ်ရှိပြီး ဘုန်းကြီးနှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံး မျောက်ဇာတ်ကောင်သည် အိန္ဒိယ ဇာတ်တော်တွင်ရှိသည့် ရာမနှင့်လက္ခဏ ဇာတ်လမ်းပါ ဟာနုမာန်မျောက် အကြောင်းကို အတုယူကာ ဒါရိုက်တာက စွန်းဝူခုံးကို ထည့်သွင်း၍ သရုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ တရုတ်စကားပြော သင်တန်းကျောင်း ကျောင်းအုပ် ဒေါက်တာဆက်တီက ပြောကြားသည်။



မန္တလေးသို့ လာရောက် လည်ပတ်မည့် စွန်းဝူခုံး သရုပ်ဆောင် မစ္စတာလူချင်ဟိုလင်းတန်သည် အမေရိကန်၊ ဥရောပ၊ သြစတြေးလျ၊ အာရှတိုက်ရှိ နိုင်ငံများစွာတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စံမီသော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ငွေကြေး ထည့်ဝင်လှူဒါန်းနေသော သူတစ်ဦးဖြစ်ကာ မန္တလေးမြို့တော်သို့ မေလ ၂၄ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1nLXQzc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...