တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်း၏ ဆောင်ရွက်နေမှုများကို အလေးအနက်ဆင်ခြင်ရန် တရုတ်တိုက်တွန်း
ပေကျင်း၊ မေ ၁၃
တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်း၏ ဆောင်ရွက်နေမှုများကို အလေးအနက်ဆင်ခြင်ရန် တရုတ်က တိုက်တွန်းလိုက်သည်။
"တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်လို လှုံ့ဆော်နှိုးဆွမှုတွေကိုလုပ်နေတာပါပဲ။ ဒါပေမယ့် အဲဒီနိုင်ငံကတရုတ်နိုင်ငံမဟုတ်ဘူး"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် မစ္စ ဟွာချွန်ယင်းက နေ့စဉ်ပြုလုပ်မြဲ သတင်းစာရှင်းလင်းပွဲတွင် ယနေ့ပြောပါသည်။ "အမေရိကန်တွေရဲ့ မှားယွင်းတဲ့မှတ်ချက်တွေဟာ အန္တရာယ်ဖြစ်စေဖို့ကိုအားပေးတဲ့ လှုံ့ဆော်နှိုးဆွမှုတွေပဲဖြစ်တယ်"ဟုလည်း သူကပြောပါသေးသည်။
"အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုယ့်လုပ်ဆောင်မှုတွေပေါ်မှာ အလေးအနက်ဆင်ခြင်ဖို့ ကျွန်မတို့မျှော်လင့်ပါတယ်"ဟု မစ္စဟွာကပြောပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ယနေ့နံနက်က ဖုန်းဖြင့် အချိန်အတန်ကြာ ဆွေးနွေးမှုပြီးသည့်နောက်တွင် မစ္စဟွာချွန်ယင်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
PN 002
ref: Xinhua
from Popular Myanmar News Journal's Facebook Wall http://ift.tt/1jqZK2V
Comments
Post a Comment