Skip to main content

အစိုးရနှင့် ကေအိုင်အို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေး...



အစိုးရနှင့် ကေအိုင်အို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေးပွဲ အောင်မြင်ဟု ပြောကြား



တင်ဇာအောင်| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ်



အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးခဲ့သော မြစ်ကြီးနားမြို့ ဆွေးနွေးပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေးပွဲမှာနှောင့်နှေးမှု မရှိဘဲ အောင်မြင်ခဲ့သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-က္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေ ၁၃ ရက်ဆွေးနွေးပွဲအပြီးတွင် မီဒီယာများကို ပြောကြားသည်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်း ဆောင်များ ပါဝင်မှုမရှိခြင်းကို မီဒီယာများက မေးခွန်းထုတ်ရာတွင် ၀န်ကြီး ဦးအောင်မင်းက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် တက်ရောက်သည့်အတွက် အဆင် ပြေသည်ဟုလည်း ဆိုသည်။



ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်မှုမရှိသည့်အတွက် တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ နှောင့်နှေးမှုရှိနိုင်၊ မရှိ နိုင်နှင့် ပတ်သက်ပြီး မဇ်္ဈိမက မေးမြန်းရာ ၀န်ကြီး ဦးအောင်မင်းက မရှိနိုင်ဟုပြောပြီး အမှန်တကယ် ထိ ရောက်သူများ ပါသည့်အတွက် ဆွေးနွေးပွဲ တစ်ရက်တည်းနှင့်ပင် ပြီးပြတ်ခဲ့သည်ဟု ဆိုသည်။



စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ မတက်ရောက်ခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက “ဒီဆွေးနွေးပွဲ ဖြစ် ဖို့က အချိန်တိုအတွင်းမှာ စီစဉ်လိုက်ရတာ။ တကယ်တော့ ဒီမှာ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ပါလာသင့်တာ ပေါ့။ အခု သူတို့ နိုင်ငံခြားသွားနေတယ်။ ကျွန်တော်တို့က ကပ်ပြီးစီစဉ်ရတော့ ရှိတဲ့သူနဲ့ ထွက်လာရတယ်။ သို့သော်လည်း ဒီမှာ တိုင်းမှူးကြီးကိုယ်တိုင် ပါတယ်။ နယ်မြေအဆုံးအဖြတ်က တိုင်းမှူးကိုယ်တိုင် လုပ်တာ ပါ။ ဒါကြောင့် အဆင်ပြေပါတယ်” ဟု ဆိုသည်။



ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ်ထွန်းထွန်းနောင်က “တပ်နေရာ ချထားရေး မပြောရသေးဘူး။ ထိတွေ့မှု နည်းပါးမှု လျော့ချရေးပဲ ပြော တယ်။ အရင်လုပ်ရမှာက အပစ်အခတ် လျော့နည်းရေး ပါပဲ” ဟုဆိုသည်။



တပ်မတော်ဘက်က တက်ရောက်လာသူများနှင့် ပတ်သက်ပြီး ကေအိုင်အေ တပ်မဟာ ၁ မှ ဒုတိယ ဗိုလ် မှူးကြီး ဆင်းခေါက “ကျွန်တော်တို့ အနေနဲ့ အစိုးရတက်တယ်။ တပ်မတော်က တက်တယ် ဆိုပြီးတော့မှ အဲလို မယူဆချင်ပါဘူး။ နိုင်ငံတော်အစိုးရဘက်က တာဝန်ပေးလိုက်တဲ့ ဆွေးနွေးရေးအဖွဲ့တွေ တက်တယ် လို့ပဲ မျှော်လင့်ပါတယ်” ဟုဆိုသည်။



ဆွေးနွေးပွဲတွင် စစ်တပ်ဘက် ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့တက်ရောက်ခဲ့သည်။



ဆွေးနွေးပွဲကို မေ ၁၃ ရက် နံနက် ၉နာရီခန့်က စခဲ့ပြီး ညနေ ၄ နာရီကျော်တွင် ပြီးဆုံးခဲ့ကာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူညီခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/QHcRGv

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...