Skip to main content

#emg_editorials ၂၀၁၄ မေလ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...



#emg_editorials



၂၀၁၄ မေလ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



လိုအပ်နေသော လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များ



နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင် ယာဉ်တစ်စီးသည် မေ ၁၂ ရက် ည ၇ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထား ခုံးကျော်တံတားအောက် ထိုးကျခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။



၂၀၀၅ ခုနှစ်က တပ်မတော်အစိုးရသည် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာများအား မြို့တော်သစ် နေပြည်တော်နှင့် ရန်ကုန်ကို ဆက်သွယ်ရန် လမ်းမအသစ်တစ်ခု အမြန်ဖောက်လုပ်ရန် အမိန့်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ၃၆၆ မိုင်အရှည်ရှိ လမ်းမကြီး ပြီးစီးခဲ့သည်။ သို့သော် အင်ဂျင်နီယာများက တက်သုတ်ရိုက်ကာ အမြန်တည်ဆောက်ခဲ့ရကြောင်း ၀န်ခံခဲ့ကြသည်။



ယင်းနောက် အဆိုပါလမ်းမကြီးသည် မြန်မာနိုင်ငံ၏ အန္တရာယ်အများဆုံး အမြန်လမ်းမကြီးဖြစ်လာပြီး အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ ၂၀၀၉ မတ်လမှ ၂၀၁၃ ဧပြီလအထိ ယာဉ်မတော်တဆမှုပေါင်း ၄၃၂ မှုဖြစ်ပွားကာ လူပေါင်း ၂၁၆ ဦး သေဆုံးလျက် ၆၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီ ၂၂ ရက်အထိ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆမှု ၁၁၅ မှု၊ သေဆုံးသူ ၆၂ ဦးနှင့် ဒဏ်ရာရသူ ၂၈၆ ဦးရှိခဲ့သည်။



ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေး လမ်းမကြီးတစ်လျှောက် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများက မြန်မာနိုင်ငံ၏ လမ်းအန­္တရာယ်ကင်းရှင်းရေး အနေအထား ဆိုးရွားနေမှုကို ညွှန်ပြသကဲ့သို့ ရှိနေသည်။ နေ့စဉ် ခရီးသည်တင် ဘတ်စ်ကားများ အပါအ၀င် မော်တော်ယာဉ်ပေါင်း ၅၀၀၀ ခန့် ဖြတ်သန်းသွားလာနေသည့် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး လမ်းမကြီးကို လုံလောက်သည့်အချိန်နှင့် ငွေကြေးသုံးစွဲခြင်းမရှိဘဲ တည်ဆောက်ခဲ့မှုကလည်း မြန်မာနိုင်ငံ၏ စီမံခန့်ခွဲမှု အနေအထားကို မီးမောင်းထိုးပြသကဲ့သို့ ရှိနေသည်။



လမ်းအန္တရာယ်ကင်းရှင်းရေး (Road Traffic Safety) ဟူသည် လမ်းကွန်ရက်ကို အသုံးပြုသူများ အနေဖြင့် သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာဒဏ်ရာရခြင်း ဖြစ်နိုင်ခြေများကို လျှော့ချရန်အတွက် ဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ရန်နည်းလမ်းများကို ရည်ညွှန်းသည်။ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အကောင်းဆုံး မဟာဗျူဟာသည် လူတို့၏ အမှားလုပ်နိုင်မှုများ ရှိနေစေကာမူ သေဆုံးသို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရစေမှုများမှ ကာကွယ်ပေးရေးအပေါ် အဓိကထားခြင်း ဖြစ်သည်။



အန္တရာယ်ကင်းရှင်းသော လမ်းဒီဇိုင်းရေးဆွဲမှုသည် ပြဿနာဖြစ်ပွားနိုင်သည့် နေရာတိုင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းတို့အတွက် လူတို့၏ ခံနိုင်ရည်အတွင်း၌သာ မော်တော်ယာဉ်တို့၏ အမြန်နှုန်း ရှိနေစေရေး သေချာသော လမ်းဝန်းကျင်တစ်ရပ်ကို အထောက်အကူပေးရေးသာ ဖြစ်သည်။ ယင်းနောက် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် မရှိမဖြစ် အရေးကြီးသောအချက်မှာ ယာဉ်မောင်းများ၊ မော်တော်ယာဉ်များနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်သည်။



ထို့ကြောင့် လမ်းအန္တရာယ်ကင်းရှင်းရေး အနေအထား တိုးတက်ရန်အတွက် လုပ်ငန်းစဉ်များချမှတ်ကာ အမြန်ဆုံး မဖြစ်မနေ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1jr4UMi

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...