Skip to main content

မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်း လွတ်လပ်မှုနှင့် တရားမျှတမှု ဆိတ်သုဉ်းနေေ...



မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်း လွတ်လပ်မှုနှင့် တရားမျှတမှု ဆိတ်သုဉ်းနေ



အေးမြင့်စန်း၊ ရွှေရည်ဝင်းထက်



မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ညွန်ကြားချက်မူကြမ်းသည် အနာဂတ်ရွေး ကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို ဆိတ်သုဉ်းစေမည်ဟု နိုင်ငံရေးပါတီများ ဝေဖန်လိုက်သည်။



ပါတီများသို့ ဖြန့်ဝေထားသည့် အဆိုပါ ညွှန်ကြားချက်မူကြမ်းတွင် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စုဝေးဟော ပြောပွဲခြင်းနှင့် မီဒီယာမှတစ်ဆင့် ပြောဆိုမှုများကို ခွင့်ပြုချက်ယူရန် လိုအပ်ခြင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်၏ ကိုယ်စားလှယ်လောင်းမဟုတ်သူ ဟောပြောလိုပါက ကြိုတင်ခွင့်ပြုချက်ယူရန် လိုအပ်ခြင်း၊ မဲဆွယ်စည်းရုံး ရေးကာလကို ရွေးကောက်ပွဲစတင်မည့်နေ့မတိုင်မီ တစ်လသတ်မှတ်ခြင်းစသဖြင့် ပါဝင်နေသည့် အပေါ် မှတ်ချက်ပြု ပြောခြင်းဖြစ်သည်။



“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အစဉ်အလာ မဟုတ်ဘူးလေ။ ကျန်တဲ့ နိုင်ငံတကာမှာလဲ မဲဆွယ်စည်းရုံး ခွင့်က ကိုယ့်ပါတီ အနိုင်ရရှိရေးအတွက် ပါတီခေါင်းဆောင်တွေက စည်းရုံးရတာပဲလေ။ အိုဘာမား အနိုင်ရ ရှိရေး အိုဘာမား တစ်ယောက်တည်း စည်းရုံးတာမှ မဟုတ်ဘဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူတစ်ဦးကမူ ယင်းသည် ကန့်သတ်ရန် မဟုတ်ဘဲ စနစ်တကျဖြစ် စေရေး ရည်ရွယ်သည်ဟု သုံးသပ်သည်။



“ပြီးခဲ့တဲ့ကြားဖြတ်တုန်းက တချို့က ဆိုင်ကယ်တွေနဲ့ ခေါင်းစီးတွေနဲ့ အလံတွေထူပြီး ဟေးဟေးဝါးဝါးနဲ့ သင်္ကြန်လှည့်သလို ပဲ။ ရဲတိုက်တို့ဆို တော်တော်ဆိုးတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်သည်။



ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရာနှုန်းပြည့်အနိုင်ရခဲ့သည့် NLD ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ရဲတိုက်၊ ထွန်းအိန္ဒြာဗိုတို့ကဲ့သို့သော အနုပညာရှင်များ ပါဝင်နေခြင်းကို ၎င်းက ထောက်ပြ ပြောဆိုခြင်း ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း ညွှန်ကြားချက် မူကြမ်းကို ထောက်ခံသည်။



“ချက်ချင်းကြည့်ရင် တစ်မျိုးတစ်ဖုံ အတွေးတော့ ပေါက်ပေမယ့် အရင်ဥပဒေနဲ့ ဆက်စပ်ကြည့်ရင်တော့ ပိုပြီး ဖွင့်ပေးတဲ့ သဘောပေါ့” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းက ပြောသည်။



၎င်းက ယခုပြင်ဆင်မည့် ညွှန်ကြားချက်မူကြမ်းတွင် ပါဝင်သည့် စည်းရုံးဟောပြောခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် ကို ညွှန်းစေခြင်း ဖြစ်သည်။ ယခင်က လက်ခံခြင်း၊ ငြင်းပယ်ခြင်းသာ ပါဝင်သည့် ဟောပြောခွင့်တွင် ပြင် ဆင်သတ်မှတ်ခြင်းကိုပါ ညွှန်ကြားချက် မူကြမ်းတွင် ထည့်သွင်းထားသည်။



မူကြမ်းအရ စုဝေးဟောပြောခြင်း၊ ယာဉ်များနှင့် လှည့်လည်ဟောပြောခြင်း၊ မီဒီယာများမှတစ်ဆင့် ဟော ပြောစည်းရုံးခြင်းတို့ ဆောာင်ရွက်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့် နေ့မှစ၍ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ ခွင့်ပြုချက်တောင်းရမည် ဖြစ်သည်။



ယင်းကို ကော်မရှင်တို့က ကျင်းပမည့် နေ့မတိုင်မီ ၇၂ နာရီ ကြိုတင်၍ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း ဆောင်ရွက် နိုင်သည်။ ထို့ပြင် ကော်မရှင်သည် အခြေအနေအရ လိုအပ်သည်ဟု ယူဆပါက ခွင့်ပြုချက်တွင် ပါဝင်သော သတ်မှတ် စည်းကမ်းချက်များကို ပြင်ဆင်ခြင်း၊ရုပ်သိမ်းခြင်းတို့ဆောင်ရွက်နိုင်ပြီး ပါတီတို့ကသုံးရက်အတွင်း အယူခံဝင်ရန် ညွှန်ကြားချက် မူကြမ်း၌ ဖော်ပြထားသည်။



“နေရာပေါင်း ၁၀၀ ကျော်လောက် ၀င်မယ်ဆိုလို့ရှိရင် ဘယ်ပါတီခေါင်းဆောင်တွေ နေရာ အတော်များများ တရားဟောချင်တယ်ဆိုလို့ရှိရင် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး”ဟု အမျိုးသားဒီမိုကရေစီအင်အား စုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။



မူကြမ်းအရ ကိုယ်စားလှယ်လောင်း ကိုယ်တိုင် သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားလှယ်လောင်းက စာဖြင့် အခွင့်အာဏာလွှဲအပ်ခံရ သူတို့သာ ဟောပြောခွင့်ရမည် ဖြစ်သည်။



ထိုသို့ ဟောပြောခြင်း၊ ရိုက်ကူးထုတ်လွှင့်ခြင်းအပြင် ရေးသားပုံနှိပ်ဖြန့်ဝေခြင်းဆိုင်ရာတို့၌ နိုင်ငံတော်ကို အကြည်ညို ပျက်စေခြင်း၊ တပ်မတော်ပြိုကွဲရေး သို့မဟုတ် ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ပျက်ပြားစေရန် သွေးထိုးလှုံဆော်ခြင်းများ ကျူးလွန်ပါက ရွေးကောက်ပွဲ ဆိုင်ရာပြစ် မှု၊ တရားမဲ့ ပြုကျင့်မှုတို့အဖြစ် သတ်မှတ် အရေးယူမည်ဟု မူကြမ်းတွင် ပါဝင်သည်။



“ကျွန်တော်တို့ အပါအ၀င် ဘယ်သူမှ တပ်မတော်ပြိုကွဲအောင် ပြောမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေပါ တပ်မတော်ရဲ့အခန်းကဏ္ဍတွေကို ပြောတာ၊ ဝေဖန်တာ တပ် မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောမလား။ ဒါက ပါတီတွေကို ရော၊ မီဒီယာတွေကိုရော ကန့်သတ်ပိတ်ပင်လိုတဲ့ သဘောပဲ” ဟု ရခိုင်အမျိုးသားပါတီ၏ ယာယီဥက္ကဋ္ဌ ဦးအေးသာအောင်က မှတ် ချက်ပြုသည်။



ထို့ပြင် မူကြမ်းအရ ဟောပြောပွဲကျင်းပရာတွင် အသုံးပြုမည့်အသံချဲ့စက်အသံကို ယင်းနေရာ၌သာကြားနိုင် ရုံအသုံးပြုရန်၊ မဲဆွယ်စည်းရုံးရန် စုဝေးဟောပြောခြင်းသည် ဆန္ဒဖော်ထုတ်ပွဲမဟုတ်သဖြင့် အသွားအပြန် တို့တွင် လူစုလူဝေးဖြင့် စီတန်းလှည့်လည်ခြင်း၊ ကြွေးကြော်ချီတက်ခြင်း မပြုရန်တို့လည်း ပါဝင်သည်။



“အစိုးရဆန္ဒအတိုင်း ဒီလိုမျိုးကန့်သတ်မှုတွေ ရှိနေတဲ့အတွက် ကန့်သတ်ပိုင်ခွင့်ရှိတယ်ဆိုပေမယ့် လုပ်ချင် တိုင်း လုပ်လို့မရဘူးလေ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1llpLm2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...