Skip to main content

မိကျောင်းကန် သပိတ်စခန်း ဒုတိယအကြိမ် ဖြိုခွဲခံရမှု လူ ၃၀ ခန့် ဒဏ်ရာရ





ရန်ကုန်၊ မတ် ၃၁

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံဘေးတွင် လူ ၂၅၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်နေသည့် မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်က (လူအများ နှစ်ခြိုက်စွာ အိပ်မောကျနေချိန်) စည်ပင်ဝန်ထမ်းနှင့် အရပ်ဝတ်ဖြင့် လက်မောင်းတွင် တာဝန် အမှတ်တံဆိပ်ပါ လက်မောင်းပတ် တပ်ဆင်ထားသူ အပါအဝင် စုစုပေါင်း လူအင်အား ၄၀၀ ခန့်က သပိတ်စခန်းကို ဒုတိယအကြိမ် ဖြိုခွဲခဲ့ရာ ဆန္ဒထုတ်ဖော်နေသူ လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူများက The Voice သို့ ပြောကြားသည်။


သပိတ်စခန်း ဖြိုခွဲသူများမှာ သစ်သားတုတ်၊ ဝါးရင်းတုတ်၊ အုတ်ခဲများ ကိုင်ဆောင်ပြီး ရှေ့နောက်ပိတ်ကာ သပိတ်စခန်း ဖွင့်ထားသော ယာယီမြေစိုက် အမိုးအကာ ဝါးလုံးများကို ဆွဲဖြုတ်ခြင်း၊ ဆန္ဒထုတ်ဖော်သူ များကို နှစ်ဖက်ဝါးလုံးဖြင့် ညှပ်ကာ တရကြမ်းဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သပိတ်စခန်း ဖြိုခွင်းမှုကြောင့် ဝါးလုံးဖြင့် ရိုက်မိခြင်း၊ ဝါးရှခြင်း၊ ချော်လဲခဲ့သဖြင့် ဒဏ်ရာရခဲ့သူ ၃၀ ခန့်အနက် လက်ကျိုးသူ၊ နှလုံးရောဂါအခံကြောင့် မေ့လဲသူ ကိုးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။


“နောက်ကတွန်း ရှေ့ကဆွဲဆိုတော့ ဝါးတွေ ပိုက်တွေနဲ့ ရှုပ်ပြီး လူတွေ ဝုန်းခနဲဆိုပြီး ပါသွားတာ ငါးတွေ ပိုက်ထဲ ပါသွားသလိုပဲ။ ပလက်ဖောင်းပေါ်ကနေ ဟိုဘက်ကားလမ်းထိ ပါသွားတာ။ ဝါးလုံးတွေကို ကောက်ယူသလိုမျိုး ပုံစံနဲ့ ဝါးနဲ့ လူတွေကို ညှပ်ပြီး မသိမသာနဲ့ သပိတ်စခန်းက လူတွေကို အသားနာအောင် တမင်လုပ်တယ်” ဟု မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူ အသက် ၅၀ အရွယ် ဒေါ်ခင်ဆွေက ဆိုသည်။


နိုင်ငံတော်အစိုးရသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ်သည့် အတွက် လက်နက်၊ အင်အားအသုံးပြု၍ ပြည်သူကို အကြမ်းဖက်နည်းဖြင့် မဖြေရှင်းသင့်ကြောင်း၊ အကြမ်းဖက်နည်း အသုံးမပြုဘဲ ပြည်သူများကို ရင်ဝယ်သားကဲ့သို့ သဘောထား စောင့်ရှောက် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။


“ရန်ကုန်မှာ စည်ပင်ဥပဒေနဲ့ မညီတဲ့နေရာတွေ လက်ညှိုးထိုးမလွဲ ရှိနေတာကို ဘာ့ကြောင့် သပိတ်စခန်းကိုမှ ရွေးပြီး လုပ်ရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ လူအများ အိပ်မောကျချိန်ကြီးမှာ ဒီလို မလုပ်သင့်ပါဘူး။ ဥပဒေမှာလည်း မရှိပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။


သပိတ်စခန်းကို အမိုးအကာများ ဆောက်လုပ်ရာတွင် ကျပ်ခုနစ်သောင်းခန့် ကုန်ကျပြီး နှစ်ကြိမ်တိုင်တိုင် အမိုးအကာများ အဖျက်ခံရသောကြောင့် လည်းကောင်း၊ အမိုးပြုလုပ်၍ ငွေအင်အား မတတ်နိုင်သဖြင့် လည်းကောင်း သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက် ဝါးလုံးတိုင်ထောင်၍ ယာယီအမိုးသာ မိုးထားပြီး ညပိုင်းတွင် အမိုးများ ပြန်ဖြုတ်မည် ဖြစ်ကြောင်း သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက ပြောကြားသည်။


မတ်လ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်သော ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း မဟာဗန္ဓုလပန်းခြံဘေးရှိ သပိတ်စခန်း၏ အမိုးအကာများကို စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်း၊ အရပ်ဝတ်ပြည်သူများ အင်အား ရာနှင့်ချီကာ မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီတွင် ပထမဆုံးအကြိမ် ဖြိုခွဲခဲ့ပြီး မတ်လ ၃၁ ရက်နေ့ နံနက်၃ နာရီခန့်ကလည်း ဒုတိယအကြိမ် အင်အားသုံးကာ မိကျောင်းကန် သပိတ်စခန်းကို ထပ်မံဖြိုခွဲခဲ့ကြောင်း အဆိုပါ သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။


သပိတ်စခန်းမှာ ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်း ဖြစ်ပြီး ဥပဒေကို ဖောက်ဖျက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် တို့ဖြင့်ပါ အရေးယူနိုင်ကြောင်း၊ စည်ပင်ဥပဒေသည် တရားဝင် ဖြစ်သောကြောင့် ဥပဒေနှင့် မညီပါက အချိန်မရွေး ဖျက်သိမ်းခွင့် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အစိုးရက ၁၉၉၁ ခုနှစ် ဧပြီလတွင် အိမ်ထောင်စု ၁၀၀၀ ကျော် နေထိုင်သော သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ မြေများကို သိမ်းယူခဲ့ပြီး ၂၀၁၀ အစိုးရသစ် လက်ထက်တွင် မြေယာသိမ်းခံ ပြည်သူများက သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် ၁၀ ကြိမ်ခန့် ဆန္ဒဖော်ထုတ်ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရက မိကျောင်းကန်နှင့် ဝါဝါဝင်း သပိတ်စခန်း များကို အရေးယူ ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဧပြီလ ၁ ရက်နေ့ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်မည် ဖြစ်သည်။


The Voice Weekly






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1mtCWUl

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3