Skip to main content

(မေလ ၁၃ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) အခြေခံဥပဒေ အကျပ်အတည်းနဲ့...



(မေလ ၁၃ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



အခြေခံဥပဒေ အကျပ်အတည်းနဲ့ တတိယလမ်း



နိုင်ငံတစ်နိုင်ငံမှာ အရှည်သဖြင့် မကြည့်မမြင် တတ်လို့ပဲဖြစ်ဖြစ်၊ ကြည့်နိုင်မြင်နိုင်စွမ်း မရှိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပညာရှိသတိဖြစ်ခဲ ဆိုသလိုပဲဖြစ်ဖြစ်၊ တမင် ရည်ရွယ်ရင်းကြောင့်ပဲဖြစ်ဖြစ် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေရဲ့ အားနည်းချက်များရှိနေခဲ့ရင် အဲဒီနိုင်ငံမှာ မလွဲမသွေ နိုင်ငံရေး အကျပ်အတည်းနဲ့ ကြုံကြိုက်ရလေ့ရှိပါတယ်။



အဲသလို အကျပ်အတည်းမျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေကို ပြန်ကြည့်ရင် ဘာသာရေးအရပဲဖြစ်ဖြစ်၊ လူမျိုးရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ် မတူကွဲပြားသူအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ဗဟုလူ့အဖွဲ့အစည်းရဲ့ တန်ဖိုးကို မျက်ကွယ်ပြုပြီး မတူကွဲပြားခြားနားသူများအပေါ် ခွဲခြားဆက်ဆံနိုင်ရေး တစ်ခုတည်းအပေါ်မှာ အခြေစိုက်ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမျိုး ကျင့်သုံးကြတဲ့နိုင်ငံတွေ ဖြစ်နေတာ သွားတွေ့ရပါတယ်။



ဒီလို အခြေခံဥပဒေအပေါ်မူတည်ပြီး ဖြစ်ပွားရတဲ့ နိုင်ငံရေး၊ ဘာသာရေး ပြဿနာတွေဟာ တခြားပြဿနာတွေထက် ပိုပြီးဖြေရှင်းရ ခက်တတ်ပါတယ်။ ဘာပြုလို့လဲဆိုတော့ ခွဲခြားဆက်ဆံခြင်းဆိုတဲ့ မှားယွင်းတိမ်းစောင်းနေတဲ့အချက်ကို ဥပဒေအရ အတည်ပြုပေးထားတာကြောင့်ပါပဲ။ မှားယွင်း တိမ်းစောင်းနေသည် မှန်သော်ငြားလည်း ဒီအချက်က ဆေးမင်ရည်စုတ်ထိုးဆိုသလို ဥပဒေက အသိအမှတ်ပြု အကာအကွယ် ပေးထားတာဖြစ်လို့ ဖြေရှင်းဆောင်ရွက်တဲ့အခါ တခြား ပြဿနာတွေထက် ပိုပြီး ခက်ခဲရှုပ်ထွေးစေပါတယ်။



အခုဆိုရင် မိမိတို့နိုင်ငံမှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို မျက်မှောက်ပြုနေကြရပါပြီ။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ တိုင်းပြည်ရဲ့အာဏာအပိုင်ဆုံး ပုဂ္ဂိုလ်တချို့ကဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့အခြေခံကျတဲ့အချက်တွေကို ပြင်ချင်ကြဟန် မတူပါဘူး။ ပြင်လို့မရတဲ့ သဘောနဲ့ ပြင်တာကို လက်မခံတဲ့သဘော ပြောကြပါတယ်။ တစ်ခါ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူအများစုကလည်း လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ လိုအပ်တယ်၊ အထူးသဖြင့် အခြေခံကျတဲ့ ဥပဒေတွေကို မလွဲမသွေ ပြင်မှသာဖြစ်မယ်လို့ ထုတ်ပြောကြပါတယ်။



ခန့်မှန်းခြေအရဆိုရင် မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာရဲ့ ရေချိန်ဟာ ၂၀၁၄ ခုနှစ်အတွင်းမှာပဲ အထွတ်အထိပ်ကို ရောက်လာတော့မယ်လို့ ယူဆရပါတယ်။ ဒီနှစ်အတွင်းမှာပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ရေးနဲ့ မပြင်ရေး အားပြိုင်မှုဟာ ထိပ်တိုက်တိုးတော့မယ့်သဘော ဦးတည်လာနေတာ တွေ့ရပါတယ်။ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးမိုးတိမ်ဟာ မှောင်မည်းလာဦးတော့မှာလားလို့ စိုးရိမ်မိပါတယ်။



ဒီနေရာမှာ ပြင်ရေးနဲ့ မပြင်ရေး ဘက်နှစ်ဘက်ရှိတဲ့ အနေအထားမှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းပြီးမှ တိုင်းပြည်အပေါ် ကျရောက်လာမယ့် နိုင်ငံရေးမိုးတိမ်ကို ဖယ်ရှားသင့်သလဲ။ ဘယ်နည်းက အညင်သာဆုံးနဲ့ အပွန်းအပဲ့ အနည်းဆုံး ဖြစ်မလည်း။ နှစ်ဦးနှစ်ဖက်ကြားမှာ တွေ့ဆုံဆွေးနွေးမှုနဲ့ ပွင့်လင်းမြင်သာမှု တည်ဆောက်မှ ဖြစ်ပါလိမ့်မယ်။

တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိမယ့်၊ နှစ်ဦးနှစ်ဖက်စလုံး မထိခိုက်စေနိုင်တဲ့ အပေးအယူရှိတဲ့ တတိယလမ်းကို ရွေးကြရမှာပါ။ တစ်ဦးရှင်ပြီး တစ်ဦးကွယ်ပျောက်ရမယ့်လမ်း၊ တစ်ဦးအတွက် လုံခြုံပြီး ကျန်တစ်ဦးအတွက် မလုံခြုံတဲ့လမ်းတွေကို ရှောင်ရှားဆွေးနွေးကြရပါလိမ့်မယ်။ ပြင်ရေးနဲ့ မပြင်ရေး လမ်းနှစ်လမ်းနဲ့ မတူတဲ့ အခြား တတိယလမ်းသစ်ကို နှစ်ဖက် ပူးတွဲ ဖောက်လုပ်ရပါလိမ့်မယ်။



နိဂုံးချုပ်ရမည်ဆိုလျင် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ယခု မပြင်လည်း နောင်အခါ မလွဲမသွေ ပြင်ကြရမယ့် ဖွဲ့စည်းပုံ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုရှုပ်မှ နောင်ရှင်းဆိုသလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မိမိတို့ သမိုင်းပေးတာဝန်အရ ပြင်ကြဆင်ကြရမယ်ဆိုရင် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်သူမှမနိုင် ဘယ်သူမှ မရှုံးသည့် နည်းကို ရွေးခြင်းနှင့် အပြန်အလှန် အာမခံချက်ပေး၊ အပြန်အလှန် အသိအမှတ်ပြုသည့် အခြေခံဖြစ်သည့် တတိယလမ်းကိုသာ ရွေးချယ်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mjQUtg

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...