ပြည်တွင်းလမ်းအချို့ကို မြန်မာ-အိန္ဒိယပူးပေါင်း အဆင့်မြှင့်တင်မည်
စည်သူအောင်
ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်ရှိ လမ်းပိုင်းအချို့ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူပေါင်းပြီး အဆင့်မြှင့်တင်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မေလ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ရွှေဘို၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း၊ ရိဒ်-တီးတိန်လမ်းပိုင်းနှင့် ဘူးသီးတောင်-မောင်တောလမ်းပိုင်းတို့ကို နှစ်နိုင်ငံပူးပေါင်း၍ အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အာဆီယံလမ်းမကြီးကိုလည်း မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားရန် စီစဉ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Ms. Sujata Mehta နှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်တွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1snrcUG
Comments
Post a Comment