Skip to main content

မြစ်ကြီးနားမြို့၌ (ယနေ့) ပြုလုပ်မည့် အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲတွင် လက်ရှ...



မြစ်ကြီးနားမြို့၌ (ယနေ့) ပြုလုပ်မည့် အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်ဘေးဒုက္ခသည်များအား နေရာချထားပေးရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးမည်



အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၌ ယနေ့(မေ ၁၃ ရက်) တွင် စတင်မည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်ဘေးဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။



မန္တလေးမြို့တွင် မေ ၇ ရက် မှ ၁၁ ရက်အထိပြုလုပ်သည့် လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် နောက်ဆုံးနေ့တွင် တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



"KIA နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမယ့်ကိစ္စတွေမှာ အခုသူတို့တွေ မီဒီယာတွေကနေပြောဆိုနေတာကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင် အဓိကအချက်နှစ်ချက်ပဲ သွားတွေ့ရပါတယ်။ နံပါတ် (၁) အချက်က လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို လျှော့ချဖို့၊ နောက်တစ်ချက်က IDP ကိစ္စ။ အဲဒီကိစ္စကိုလည်း မနှစ်ကအောက်တိုဘာလမှာ ဆွေးနွေးကတည်းက ဆွေးနွေးထားပါတယ်။ အဓိကကတော့ အဲဒီနှစ်ချက်ကိုဆွေးနွေးဖြစ်ဖို့ များပါတယ်" ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။



ကေအိုင်အိုအလုပ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကလည်း "ဦးဆွမ်လွတ်ဂမ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်မှာပါ။ လူကြီးပိုင်း ၁၀ ဦးပါမယ်။ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်မှာပါ။ အကောင်းဆုံးတော့ ဆွေးနွေးသွားမှာပါ။ ဆွေးနွေးပွဲအနေနဲ့က ၁၃ ရက်၊ မပြီးရင် ၁၄ ရက်တိုးမယ်" ဟု ပြောကြားသည်။



အစိုးရနှင့် ကေအိုင်အိုတို့၏ မြစ်ကြီးနားဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်မည့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်အပါအ၀င် NCCT အဖွဲ့ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲရက်အား နှစ်ရက်ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက မေ ၁၂ ရက် မွန်းလွဲက ပြောကြားသည်။



အစိုးရတပ်မတော်နှင့် ကေအိုင်အိုအဖွဲ့၏ ကေအိုင်အေတပ်တို့အကြား ဧပြီလအတွင်းက တိုက်ပွဲများဖြစ်ပွားပြီးနောက် ဧပြီ ၂၉ ရက်တွင် ကေအိုင်အိုဘက်မှ အစိုးရနှင့်တွေ့ဆုံရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။



အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း (Single Text) ရေးဆွဲနိုင်ရေး ညှိနှိုင်းမည့်ဆွေးနွေးပွဲကို မေ ၁၉ ရက် နှင့် ၂၀ ရက်နေ့များတွင် ပြုလုပ်ရန် အစိုးရနှင့် NCCT တို့အကြား နှစ်ဖက်သဘောတူညီမှုရရှိပြီးဖြစ်သည်။



ပြီးခဲ့သည့် ဧပြီလအတွင်းက အစိုးရစစ်တပ်နှင့် KIA တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရခြင်းမှာ နှစ်ဖက်ယုံကြည်မှု အားနည်းခြင်းကြောင့် ပြန်လည်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန်အတွက် KIA အဖွဲ့အစည်းနှင့် ပိုမိုထိတွေ့ဆက်ဆံသွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။



အစိုးရနှင့် KIA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အချက်ခုနစ်ချက် သဘောတူညီခဲ့ကြပြီး နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်မှု လျှော့ချရေးနှင့် တိုက်ပွဲများဆက်လက်မဖြစ်ပွားရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ကို ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းရန်၊ အဆိုပါအဖွဲ့လိုက်နာရမည့် အခြေခံမူငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်ရေးဆွဲရန်၊ စစ်ဘေးဒုက္ခသည်များကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ရွာလေးရွာကို ကနဦးပြောင်းရွှေ့ရန်၊ အများပြည်သူသုံးလမ်းများ ပြန်လည်ဖွင့်လှစ်ရန်၊ ကေအိုင်အိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန်၊ ရှေ့လုပ်ငန်းစဉ်များကို နှစ်ဖက်စောင့်ကြည့်ရေးအဖွဲ့ ဆက်လက်ဆွေးနွေးရန်နှင့် နောက်ဆွေးနွေးပွဲများကို အမြန်ဆုံးလုပ်ဆောင်ရန် စသည့်အချက်များ ပါဝင်ခဲ့သည်။



(၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မြစ်ကြီးနားမြို့၌ ကျင်းပသော အစိုးရနှင့် NCCT တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO မှ ဦးဆွမ်လွတ်ဂမ်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))







from Eleven Media Group's Facebook Wall http://ift.tt/1jlPIQB

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...