Skip to main content

လယ်ယာမြေပြဿနာနှင့် အလုပ်သမား၊ လယ်သမားအရေးများကို လေးလပတ် အစည်းအဝေးသို့ တင်ပြမည်...



လယ်ယာမြေပြဿနာနှင့် အလုပ်သမား၊ လယ်သမားအရေးများကို လေးလပတ် အစည်းအဝေးသို့ တင်ပြမည်



မျိုးသန့်| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်



မန္တလေးမြို့ ရွှေပြည်သာဟိုတယ်တွင် မေလ ၁၀ ရက် ညနေ လေးနာရီခွဲခန့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ပါတီများ၊ လူမှုအဖွဲ့အစည်းများ တွေ့ဆုံ၍ လိုအပ်ချက်၊ တောင်းဆိုချက်များကို မေးမြန်းခဲ့ပြီး သမ္မတရုံးဝန်ကြီးများ၏ လေးလပတ် အစည်းအဝေးတွင် တင်ပြပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သော ပါတီများနှင့် လူမှုအဖွဲ့အစည်းများက ပြောသည်။



“လယ်ယာမြေပြဿနာတွေ၊ အလုပ်သမား လယ်သမားအရေးတွေကို တင်ပြခဲ့ပါတယ်။ အဲဒါတွေကို လေးလပတ် အစည်းအဝေးမှာ တင်ပြပေးမယ်လို့ ပြောပါတယ်။ ကျေနပ်လောက်တဲ့ အဖြေလည်း မရခဲ့ပါဘူး” ဟု အိုင်အယ်လ်အိုနှင့် ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်မှ ကိုအေးသိန်းက ပြောသည်။



မန္တလေးခရိုင်အတွင်း အလုပ်သမားနေ့တွင် အလုပ်ဆင်းနေရသည့်သူများရှိပြီး အလုပ်သမားနေ့ကို ပီပီပြင်ပြင် သတ်မှတ်ပေးစေလိုခြင်း၊ အနည်းဆုံး အခြေခံလစာ သတ်မှတ်မည့်ကိစ္စကို အချိန်မဆွဲဘဲ အမြန်ဆုံး လုပ်ဆောင်ပေးစေလိုခြင်း၊ သမဂ္ဂဖွဲ့စည်းရာတွင် လက်ရှိစည်းကမ်းချက်များကို ဖြေလျှော့ပေးစေလိုခြင်းနှင့် တာဝန်ရှိသူများနှင့် တစ်လတစ်ကြိမ် တွေ့ဆုံလိုခြင်း၊ သိလိုသည်များကို မေးမြန်းခွင့်ပြုစေလိုခြင်းစသည်တို့အပြင် အခြားသော လုပ်ဆောင်ပေးရန် လိုအပ်သည်များကို တင်ပြသော်လည်း တွေ့ဆုံမှုသာဖြစ်သောကြောင့် မည့်သည့်အကြောင်းအရာကိုမျှ ပြန်လည် ဖြေကြားပေးခဲ့ခြင်း မရှိဟုဆိုသည်။



“စစ်ဘောင်ကျဉ်းမှ ဒီမိုကရေစီဘောင် ကျယ်လာမယ်လို့ ၀န်ကြီးက ပြောပါတယ်။ ဒါ့အတွက် လက်ရှိဒီမိုကရေစီ ဆန့်ကျင်နေတဲ့ ဥပဒေတွေ ရှိနေတယ်။ ဖျက်သိမ်းပေးဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ၀န်ကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို တပ်မတော်က အသက်နဲ့လဲ ကာကွယ်သွားမယ်လို့ သုံးကြိမ်လောက် ပြောခဲ့ပါတယ်။ နောက်တစ်ခေါက်ပြောတဲ့ အချိန်ကျတော့ ပြုပြင်ပြီးသွားရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို တပ်မတော်က အသက်နဲ့လဲ ကာကွယ်သွားမယ်လို့ လျှော့ပြီး ပြောဆိုသွားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောသည်။



ဝန်ကြီးနှင့် တွေ့ဆုံပွဲအတွက် Myanmar Peace Center က စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ မီဒီယာများက ၀န်ကြီးနှင့် တွေ့ဆုံခွင့်၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံချိန်တွင် သတင်းရယူခွင့်တို့ကို တောင်းခံခဲ့သော်လည်း ၀န်ကြီးက မီဒီယာများ သတင်းယူခွင့်ကိစ္စကို မည်သို့မှ မှာကြားထားခြင်းမရှိကြောင်း၊ သို့ဖြစ် ၍ ၀န်ကြီးနှင့် တွေ့ဆုံခွင့်၊ သတင်းဝင်ရောက်ယူခွင့် မရခဲ့ဘဲ တွေ့ဆုံပွဲပြီးမှသာလျှင် လူမှုအဖွဲ့အစည်းများအား မေးမြန်းခွင့်ရခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jUNi03

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...