Skip to main content

အဓမ္မ၀ါဒီများ ၀င်ရောက်မည့်အန္တရာယ် အရေးတကြီး ကာကွယ်ရန်လိုပြီဟု သာသနာရေး အာဏာပိုင်မ...



အဓမ္မ၀ါဒီများ ၀င်ရောက်မည့်အန္တရာယ် အရေးတကြီး ကာကွယ်ရန်လိုပြီဟု သာသနာရေး အာဏာပိုင်များဆို



မင်းမင်း



လက်ရှိ သံဃာ့အဖွဲ့အစည်းအတွင်း အဓမ္မ၀ါဒီ (တရားသဘောနှင့် ဆန့်ကျင်သည့် ဟောပြော၊ ရေးသား၊ ဖြန့်ဝေမှု) များ ၀င်ရောက်ပူးသတ်မည့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေပြီဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နှင့် သံဃာတော်များက ပြောကြားလိုက်သည်။



ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူအတွင်း မေ ၁၂ ရက်က ကျင်းပသည့် သံဃာပေါင်း ၂,၅၅၈ ပါး တက်ရောက်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။



၁၈နှစ်ကြာမှသာ ပြန်လည်ကျင်းပနိုင်သည့် အဆိုပါသံဃာ့အစည်းအဝေးအား အကြောင်းရင်း ငါးခုကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း ၀န်ကြီးဦးဆန်းဆင့်က လျှောက်ထားသည်။



အခြားသော သံဃာတော်များကလည်း သံဃာထုအတွင်း အဓမ္မ၀ါဒီများ ပေါ်ပေါက်နေသည်ဟု မိန့်ကြား ကြသည်။



“ဗုဒ္ဓစကားနဲ့ မညီသော စကားပေါ့။ တရားနဲ့မလျော်ညီသော စကား၊ တရားနဲ့ မလျော်ညီသော စကားပေါ့။ မရှိဘူးလို့ ဘယ်ပြောနိုင်မလဲ။ အဲလိုမျိုးတွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ရှိပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသည့် ကလေးမြို့ ကျောင်းတိုက်ရွာ၊ မဟာသန္တိသုခကျောင်းတိုက်မှ ဦးဉနိန္ဒက မိန့်သည်။



ထို့ပြင်“တို့သွားချင်သလို သွားမယ်။ တို့စားချင်တာ စားမယ်ဆိုတဲ့ ဒီလိုပုဂ္ဂိုလ်တွေ ပေါ်လာတာကိုး။ ဒါတွေ မပေါ်ပေါက်ရေးအတွက် နှိမ်နင်းတဲ့အနေနဲ့ ပြောတာပေါ့။ တရားသဘောနဲ့ ဆန့်ကျင်တဲ့ဟာတွေ ပြောတာ တွေ၊ ပြုမူနေထိုင်တာတွေပေါ့” ဟုလည်း ဆရာတော်ဦးဉနိန္ဒက ဆက်လက် မိန့်ကြားခဲ့သည်။



သံဃာထုအတွင်း အဓမ္မ၀ါဒီသမားများ နှစ်စဉ် ပေါ်ပေါက်နေသည်ဟုလည်း မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မဇ္ဈိမသို့ မိန့်ကြားခဲ့သည်။



ယခုကျင်းပလျက်ရှိသော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးအား မေလ ၁၃ ရက် အထိ ကျင်းပသွားမည် ဖြစ်ပြီး ဗုဒ္ဓစာပေများ၊ တရားခွေများကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ စိစစ်ပြီးမှသာ ဆရာတော် တစ်ပါးက အဆိုပြုထားသည်။



ယင်းအဆိုအား မန္တလေးတိုင်းကျောက်ဆည်မြို့ ရွှေစေတီကျောင်းတိုက်မှ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသံ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) က အဆိုပြု ခဲ့ခြင်းဖြစ်ပြီး မေလ ၁၃ ရက်တွင် ဆုံးဖြတ်ကြရန် စီစဉ်ထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jlUFsF

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3