Skip to main content

အကူအညီပေးရေးအဖွဲ့ ၉၀ ရာခိုင်နှုန်း ရခိုင်ပြည်နယ်တွင် လုပ်ငန်းများပြန်စ ကေဇူး| အဂ...



အကူအညီပေးရေးအဖွဲ့ ၉၀ ရာခိုင်နှုန်း ရခိုင်ပြည်နယ်တွင် လုပ်ငန်းများပြန်စ



ကေဇူး| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်



လွန်ခဲ့သည့် မတ်လပိုင်းက ဖြစ်ခဲ့သည့် ပဋိပက္ခများကြောင့် အကူညီပေးရေးလုပ်ငန်းများ ရပ်နားထားသည့် အဖွဲ့များ၏ ၉၀ ရာခိုင်နှုန်းမှာ အကူအညီပေးရေး လုပ်ငန်းများပြန်လည် စတင်နေပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မေ ၁၂ ရက်တွင် မဇ်္ဈိမကို ပြောသည်။



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို ဒေသတွင်းမှ ထွက်ခွာသွားရန် ဆန္ဒထုတ်ဖော်မှု၊ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကူအညီပေးရေး လုပ်ငန်းများ ရပ်နားခဲ့ရာမှ ပြန်လည်လုပ် ကိုင်နေခြင်း ဖြစ်သည်။



နိုင်ငံတကာ အဖွဲ့အစည်းများသည် ဧပြီ ၂၂ ရက်က စတင်၍ ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ပထမဆုံး ၁၀ ဖွဲ့စတင်ခဲ့ကာ ယခု မေ ၁၂ရက်တွင် စုစုပေါင်း အကူအညီပေးရေးအဖွဲ့ ၂၃ ဖွဲ့မှ ၂၀ ပြန်လည်ရောက်ရှိ၊ လုပ် ငန်းစတင်နေပြီ ဖြစ်သည်။



NGO အဖွဲ့များအနေဖြင့် အကူအညီပေးရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများအကြား အရေးပေါ်ညှိနှိုင်းရေး ဗဟိုဌာန ECC (Emergency Coordinate Center) ကို ဖွဲ့စည်းထားသည်။



“အဖွဲ့အားလုံးနီးပါး ပြန်ဝင်လာပြီ။ တစ်ခုတော့ ရှိတာပေါ့။ သူတို့ကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဖို့ အတွက် ဖွဲ့ပေးထားတဲ့ ECC အဖွဲ့နဲ့တိုင်ပင်ပြီးလုပ်ဖို့ လိုတာပေါ့” ဟု ဦးဝင်းမြိုင်က ဆိုသည်။



စစ်တွေမြို့နှင့် မောင်တောမြို့များတွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ နှစ်ဆယ်ကျော် ပြန်လည်ဝင် ရောက်ကာ အကူအညီပေးရေး လုပ်ငန်းများစတင်လျက် ရှိသည်ဟု ဆိုသည်။



နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပြန်လည်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ECC အဖွဲ့တွင်ပါဝင်သူ ဦးဦးသာပွင့်က “ကြားခံညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့ထားပြီး အသုံးပြုဖို့တော့ လိုတာပေါ့ ဒီအဖွဲ့က တောင်းဆိုတဲ့ အချက်တွေကို လိုက်နာဖို့ လိုပါတယ်”ဟု ဦးဦးသာပွင့်က ပြောသည် အဆိုပါ အကူအညီပေးရေး အဖွဲ့များ ကို စစ်တွေမြို့ စက်မှုအထက်တန်းကျောင်းနှင့် စစ်တွေမြို့ အနောက်ဘက်ရှိ နေအိမ်များကို ငှားရမ်းနေထိုင် ရန် သဘောတူထားသည်ဟု ဆိုသည်။



မတ်လ ၂၆ နှင့် ၂၇ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့များ၏ ရုံးများ အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ ရုံးခန်း ၁၄ ခန်းဖျက်ဆီးခံခဲ့ရပြီး ထိုရုံးများမှ ၀န်ထမ်းများ ရန်ကုန်သို့ တိမ်းရှောင်လာကာ အကူအညီပေးရေး လုပ်ငန်းများကို ရပ်နားထားခဲ့ရသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jlUHAY

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...