မတရားသင်း ဆက်သွယ်မှုဖြင့် ဖမ်းခံရသူ SNLD တာဝန်ခံကိစ္စ အဖြေမထွက်သေး
ကျော်စွာဝင်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်
မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNLD) ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ကျေးရွာ တာဝန်ခံ ဦးစိုက်အိုက်ကန်ကိစ္စ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် မေ ၁၁ရက်တွင် ဆက်သွယ်ဖြေရှင်းခဲ့သော်လည်း အဖြေ မထွက်သေးဟု SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။
“သမ္မတအနေနဲ့လည်း အာဆီယံ အစည်းအဝေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် တစ်ရက် နှစ်ရက် လောက် သည်းခံပြီး စောင့်ပေးဖို့ပြောပါတယ်”ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ်္ဈိမသို့ ပြော သည်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် SNLD တာဝန်ရှိသူတို့ ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခြင်း ဖြစ်သည်။ ဦးအောင်မင်းက ၎င်းမြစ်ကြီးနားသွားရန်ရှိသဖြင့် အခြားသော သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်သည့် ဦးစိုးသိန်း ဆက်လက်တာဝန်ယူ ညှိနှိုင်းပေးမည်ဟုလည်း ဦးစိုင်းလိတ်က ပြောသည်။
အဆိုပါ ကျေးရွာပါတီတာဝန်ခံကို မေလ ၅ ရက်ညပိုင်းက ရှမ်းပြည်တောင်ပိုင်း တပ်မတော်/ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယင်း ပုဒ်မ၁၇ (၁)ကို ပြန်လည်ပြင်ဆင်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင် သင့်လျော် မည်ဟု ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1jUNhJA
Comments
Post a Comment