Skip to main content

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် လျာထားသည့် ဘတ်ဂျက်ငွေ အစိုးရမသုံးနိုင်...



ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် လျာထားသည့် ဘတ်ဂျက်ငွေ အစိုးရမသုံးနိုင်



လပြည့်ဝန်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်



ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အသုံးပြုရမည့် ဘတ်ဂျက် လျာထားချက်ကို အစိုးရက မသုံးစွဲနိုင်သည့်အတွက် ချေးငွေရယူခြင်း အပါအ၀င် အချက်သုံးချက်ဖြင့် အကောင်အထည်ဖော်ရမည်ဟု JICA မှ စီမံကိန်းရေးဆွဲရေးအဖွဲ့မှအဖွဲ့ဝင် Mr.Takashi Shoyama က မေ ၁၂ရက်တွင် ပြောကြားလိုက်သည်။



အာရှပလာဇာတွင် ပြုလုပ်သည့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ပင်မစီမံကိန်း YUTRA ဆိုင်ရာဆွေး နွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။



ပင်မစီမံကိန်း YUTRA ၏ ရေရှည်စီမံကိန်းအတွက် စုစုပေါင်းကုန်ကျငွေကို အမေရိကန်ဒေါ်လာ၂၅ ဘီလီ ယံ လျာထားပြီး အစိုးရက အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံသာ အသုံးပြုနိုင်မည် ဖြစ်သည်ဟု ဆိုသည်။



ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ကို ပြည်သူများထံမှ ယာဉ်ကြောကျပ်တည်းမှု ဖြစ်နေသည့် ကားများကို ငွေကြေးကောက်ခံခြင်း၊ ကားပါကင်ကြေး ကောက်ခံခြင်း၊ အခွန်များကောက်ခံခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ အလှူငွေ ကောက်ခံခြင်း၊ နိုင်ငံတကာမှ ချေးငွေယူများ ရယူခြင်းစသည့် လုပ်ငန်းများဖြင့် အကောင်အထည်ဖော်ရမည် ဖြစ်သည်ဟု Mr.Takashi Shoyama က ဆိုသည်။



“အာဆီယံဒေသတွင်း အစိုးရတွေက သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး အသုံးစရိတ်သုံးတဲ့ နေရာတွေ မှာ အလွန်နည်းနေတဲ့အတွက် စီမံကိန်းက အဆင်မပြေနိုင်ဘူး။ ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိပဲ လုပ်လို့ရနိုင်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီနှစ်ရှည်စီမံကိန်းကို တခြားအခွန်တွေကနေ တစ်ဆင့် ရှာပြီး သုံးသင့်တယ်” ဟု ၎င်းက ဆိုသည်။



ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများ အဓိကဖြစ်ပေါ်နေရခြင်းမှာ ကားအရေအတွက်နှင့် ရထား အရေအတွက် အလွန်နည်းနေသည့်အပြင် တရားမ၀င် ကားပါကင်စနစ်၊ မီးပွိုင့်စနစ် လုံလောက်မှု မရှိခြင်း တို့ အခြားအချက်များစွာလည်း ရှိနေသေးသည့်အတွက်ကြောင့် ဖြစ်သည်ဟု JICA ၏သုတေသနစစ်တမ်း ထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားသည်။



လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က “ယာဉ်ကြောကျပ်နေတဲ့ကိစ္စမှာ ဂျပန်က ရေတို၊ ရေရှည် အစီအစဉ်တွေ ဆွဲတာ အများကြီး ကောင်းသွားတယ်။ အဓိကပြဿနာက ကိုယ်ပိုင်မော်တော်ယာဉ်တွေ များ လာလို့ ယာဉ်ကြောတွေ ကျပ်လာတယ်။ နောက်တစ်ခုက ယာဉ်စည်းကမ်းမလိုက်နာတဲ့ ကားတွေကြောင့် လည်း ယာဉ်ကြော ကျပ်လာရတယ်” ဟု ဆိုသည်။



အဆိုပါ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ ရေတိုစီမံကိန်း အဖြစ် သတ်မှတ်ထားပြီး၊ ၂၀၁၉ ခုနှစ် မှ ၂၀၂၅ ခုနှစ်အထိ ရေလတ်စီမံကိန်း အဖြစ်နှင့်၊၂၀၂၆ ခုနှစ် မှ ၂၀၃၅ ခုနှစ်အထိ ရေရှည်စီမံကိန်းအဖြစ် သတ်မှတ်ထားသည်။



ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး ကျပ်တည်းမှု မရှိစေရန် သာကေတတံတားသစ် တည်ဆောက်ခြင်းနှင့် ရှစ်မိုင်လမ်းဆုံနေရာ တိုးတက်ကောင်းမွန်စေရန်အတွက် JICA နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jlUEVz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...