Skip to main content

သံဃာ့ အဖွဲ့အစည်းများတွင် အဓမ္မဝါဒီများ၏ အန္တရာယ်ရှိနေဟု ဦးဆန်းဆင့်ဆို ရန်ကုန်၊ေ...



သံဃာ့ အဖွဲ့အစည်းများတွင် အဓမ္မဝါဒီများ၏ အန္တရာယ်ရှိနေဟု ဦးဆန်းဆင့်ဆို



ရန်ကုန်၊ မေ ၁၂



မြန်မာနိုင်ငံအတွင်းရှိ သံဃာ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက်ကာ ပူးသတ်မည့် အန္တရာယ်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။



မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာဝိပါသာဏ လှိုင်ဂူတော်ကြီးအတွင်း ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲတွင် သာသနာရေးဆိုင်ရာများ လျောက်ထားရာ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။



“သံဃာ့ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက် ပူးသတ်လာမယ့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်လာခြင်းဟာ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီး ကျင်းပရတဲ့ အခြေခံ အကြောင်းအရင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။



ထို့အပြင် မြန်မာနိုင်ငံအတွင်း သံဃာတော် သုံးသိန်းကျော် ရှိရာမှ ယခုအခါ ငါးသိန်းကျော် ရှိလာသောကြောင့် သံဃာစည်းမျဉ်းတို့ကို ပြင်ဆင်သတ်မှတ် ပြဋ္ဌာန်းရန်နှင့် သံဃာ စည်းလုံး ညီညွတ်မှုကို ပြသရန် လိုအပ်သောကြောင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။



မြတ်စွာဘုရားရှင် ဟောပြောခဲ့သော တရားတော်များကို ဆန့်ကျင်သော အကျင့်အကြံ၊ အပြုအမှုတို့ကို ကိုင်စွဲထားသော အဓမ္မဝါဒီ သံဃာတော်များ သာသနာတွင် ရှိနေပြီး သာသနာ တည်တံ့ရေးအတွက် ထိန်းသိမ်းရန် လိုအပ်ကြောင်း ကလေးမြို့နယ် မဟာသန္တိသုခကျောင်းတိုက် ဆရာတော် ဦးဉာဏိန္ဒက မိန့်ကြားသည်။

“ဘုရားရှင် မရှိတော့တဲ့ အချိန်မှာ အဓမ္မဝါဒီတွေ ပေါ်ထွန်းလာတာတွေ ရှိခဲ့တယ်။ အဲဒီအတွက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးတွေမှာ သံဃာ့ စည်းမျဉ်းတွေနဲ့ ပြန်ထိန်းရတာပဲ” ဟု ၎င်းက မိန့်ဆိုသည်။



သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကို ၁၉ နှစ်အကြာမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကာ တစ်နိုင်ငံလုံးရှိ သံဃာ ကိုယ်စားလှယ်ပေါင်း၂၅၅၈ ပါး တက်ရောက်ပြီး သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းများ ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် သာသနာရေးရာနှင့် သက်ဆိုင်သော အဆို ကိုးမျိုးကို တင်သွင်း အတည်ပြုမည် ဖြစ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲ ကျင်းပရေး အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/SVutAn

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...