Skip to main content

ကချင်စစ်ပွဲ သုံးနှစ်ပြည့် အခမ်းအနား မြို့ကြီးသုံးမြို့တွင် ကျင်းပမည် ရန်ကုန်၊ ဇ...



ကချင်စစ်ပွဲ သုံးနှစ်ပြည့် အခမ်းအနား မြို့ကြီးသုံးမြို့တွင် ကျင်းပမည်



ရန်ကုန်၊ ဇွန် ၅



ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကို ရပ်စဲပေးရေးအတွက် ကချင်စစ်ပွဲ သုံးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား စသည့် မြို့ကြီးသုံးမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ယင်းအခမ်းအနား စီစဉ်သည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောကြားသည်။



KIO/KIA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ခဲ့သည့် ဇွန်လ ၇ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ယင်းအခမ်းအနားကို မြို့ကြီးသုံးမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာမြို့များတွင် ခရစ်ယာန်နှစ်ခြင်း အသင်းတော်များက ဆုတောင်းပွဲ အသီးသီး ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။



အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့တွင် ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအတွင်း မဟာဗန္ဓုလရှေ့ရှိ အာရှစိမ်းလမ်းဖွံ့ဖြိုးမှု ဘဏ်အနီးတွင် လည်းကောင်း၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ပြည်သူ့ရင်ပြင်၌ လည်းကောင်း ညနေ ၃ နာရီမှ ညနေ ၆ နာရီအတွင်း ပြည်လမ်း အင်းလျားကန်ဘောင်၌ လည်းကောင်း သုံးနေရာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်ထံမှ သိရသည်။



ယင်းအခမ်းအနားတွင် ကချင်ရိုးရာ အဆို၊ အကများ၊ စစ်ဘေးဒုက္ခသည်များနှင့် သက်ဆိုင်သော ပန်းချီများ ရေးဆွဲခြင်း စသည့် အနုပညာပြပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါကွန်ရက်မှ ဒေါ်ခွန်ဂျာက ရှင်းပြသည်။



ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရွှေပြည်အေးလမ်း အမှတ် (၄၀/ခ) ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတွင် ဆုတောင်းပွဲများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည် စခန်းမှ ဒုက္ခသည် သုံးဦးက ၎င်းတို့ စစ်ဘေး၏ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



အဆိုပါ အခမ်းအနားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ စောင့်ကြည့်ရေးအဖွဲ့ (Fortify Right) ဥက္ကဋ္ဌ မက်သ်သရူးစမစ်က စစ်ဘေးနှင့် လူ့အခွင့်အရေးဆိုင်ရာများ ဟောပြောသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



“ဒီအခမ်းအနားက ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲကို တားဆီးဖို့ ရည်ရွယ်ပါတယ်” ဟု ဒေါ်ခွန်ဂျာက ဆိုသည်။



ဇွန်လ ၉ ရက်နေ့တွင် မန္တလေးမြို့၌ လည်း ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်များတွင် ဆုတောင်းပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။



မြစ်ကြီးနားမြို့၌လည်း သက်ဆိုင်ရာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် အသီးသီးက ဂျော်ဘွမ်တောင်သို့ လမ်းလျှောက်ကာ ဆုတောင်းပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပသူများက ဆိုသည်။



၂၀၁၁ ခုနှစ် ဇွန်လ ပထမပတ် အတွင်းတွင် KIO/KIA တပ်ဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် တပ်မတော်က ညွှန်ကြားခြင်းနှင့် KIO/KIA ထိန်းချုပ်နယ်မြေ တစ်ခုကို တပ်မတော်က ဝင်ရောက် သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် ၁၉၉၄ ခုနှစ်က ရေးထိုးထားသည့် အပစ်အခတ် ရပ်စဲရေးစာချုပ် ပျက်ပြယ်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



KIO သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးအတွက် ငါးကြိမ်ခန့် ဆွေးနွေးထားသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲများ လျှော့ချရန်သာ သဘောတူစာချုပ် ချုပ်ဆိုထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1mi4Fp6

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...