Skip to main content

`ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒ...



`ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒုဝန်ကြီးဆို´



နေပြည်တော်၊ ဇွန် ၅



ဆရာဝန်ဘွဲ့ရ ကျောင်းသားများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားပေးရန် အစီအစဉ်မရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။

သို့သော် "ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှာ

တာဝန်ထမ်းဆောင်လိုတဲ့ မည်သည့်အရာရှိဝန်ထမ်းမဆို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တစ်ဆင့် ခေါ်ယူသောရာထူးနေရာများအတွက်

ဖြေဆိုအောင်မြင်သူများကို သာခန့်ထားပါတယ်”ဟု

၎င်းက ဆက်ပြောသည်။ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမေးမြန်းသော မေးခွန်းကို ၄င်းကယင်းသို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ခွင့်ပြုဖွဲ့စည်းပုံရှိသည့် အတိုင်းသာ ခန့်အပ်ပေးနိုင်မည်ဖြစ်ပြီး၊ ပြုန်းတီးအင်အားနှင့် အသစ်တိုးအင်အားကို ချိန်ဆ၍ မွေးထုတ်ပေးလျက်ရှိပါကြောင်းနှင့် အစိုးရဝန်ထမ်းအဖြစ်ဆောင်ရွက်လိုခြင်းမရှိသော်လည်း ပြင်ပတွင်အခြားသောကျန်းမာရေးဝန်ဆောင်မှု

လုပ်ငန်းများကိုသာ လုပ်ဆောင်လိုသော ဆရာဝန်များလည်းရှိနေပါသည်ဟုဒုတိယ၀န်ကြီးက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကအဆိုပါ မေးခွန်းနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို အမြင့်ဆုံးသတ်မှတ်ချက်ဖြင့်

ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့ကြသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များသည် ဆရာဝန်ဘွဲ့ရရှိအောင် ၆/၇ နှစ်ခန့်

စာတွေ့နှင့်လက်တွေ့များကိုပါ သင်ကြားခဲံရကြောင်း၊

၎င်းအပြင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေ၊ အရည်အချင်းစစ် စာမေးပွဲများဖြင့် ဦးရေ ကန့်သတ်ခေါ်ယူလျက်ရှိရာ

နှစ်ကြီးဘွဲ့ရကျောင်းသားများပင် လုပ်ငန်းခွင်မဝင်ရောက်နိုင်ဘဲ ရှိနေကြကြောင်း၊

လုပ်ငန်းခွင်သို့ဝင်ရောက်ခွင့်အတွက် ထပ်မံစစ်ဆေးခြင်းမှာ

ဆရာဝန်ထုတ်လုပ်မှုများပြီး အလုပ်ခန့်အပ်နိုင်မှု နည်းခြင်းကိုသက်သေပြနေပြီး နိုင်ငံ၏ အထက်မြက်ဆုံး လူငယ်၊ လူရွယ်များအနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်မှု ကန့်သတ်တားဆီးခံနေရပြီး အချိန်ဖြုန်းတီးသကဲ့သို့ ဖြစ်နေရခြင်းမှာ နိုင်ငံတော်အနေဖြင့် လည်းကောင်း၊

ဘွဲ့ရလူငယ်များအနေဖြင့်လည်းကောင်း အလွန်နစ်နာပါကြောင်းတို့ကိုပါ တင်ပြပြောဆိုခဲ့သည်။



စိုင်းလမင်း

from Popular Myanmar News Journal's Facebook Wall http://ift.tt/1oepnuc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...