Skip to main content

မြန်မာပိုလီတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေ အောင်သူရထွန်း သိပ္ပံ...



မြန်မာပိုလီတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေ



အောင်သူရထွန်း



သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကိုး ရီးယား ပိုလီတက်ကနစ်တက်္ကသိုလ်တို့ ပူးပေါင်း၍ မြန်မာ ပိုလီတက်ကနစ်တက္ကသိုလ်ကို တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ(မူကြမ်း)အား လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သိပ်္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ဇွန်လ ၅ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ ပြောသည်။



၎င်းက“ပိုလီတက်ကနစ်ဆိုတာက အသက်မွေးပညာကျောင်းလို့လဲခေါ်တယ်။ စင်ကာပူမှာကတော့ ပိုလီ တက်ကနစ် အင် စတီကျု့လို့ခေါ်တာပေါ့။ ပိုလီတက်လို့ ခေါ်လိုက်တယ်။ ကိုးရီးယားကတော့ ပိုလီတက် ကနစ် ယူနီဗာစတီလို့ခေါ်တယ်၊ ဒီက level နဲ့ဆိုရင်တော့ ဒီပလိုမာ အပ်နှင်းတဲ့ level ပေါ့၊ ဘွဲ့တော့ မအပ်နှင်းဘူး”ဟု ဆိုသည်။



မည်သည့်အချိန်တွင် နားလည်မှုစာချွန် လွှာကို လက်မှတ်ရေးထိုးမည်ကို မပြောကြားခဲ့သော်လည်း ကိုးရီးယားနှင့် ပူးပေါင်း ဖွင့်လှစ်မည့် မြန်မာပိုလီတက်ကနစ်အား ယူနီဗာစတီဟု သုံးထားသည့်အတွက် နောက်ပိုင်းတွင် ဘွဲ့ပေးမည်ဟုလည်း ဒု- ၀န်ကြီးက ဆိုသည်။



ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၃) မဲဆန်္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉဏ်လင်းက တောင်ကိုးရီးယား နှင့် မြန်မာ ပူးပေါင်း၍ ပိုလီနည်းပညာ တက်္ကသိုလ် ဖွင့်လှစ်သွားမည့် အစီအစဉ်ကို သိလိုသည်ဟု မေးမြန်းမှုကို ဒု-၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



ဦးဉဏ်လင်းက“ပိုလီနည်းပညာ တက္ကသိုလ်ရဲ့ သဘောသဘာဝ၊ သင်ကြားမယ့် ဘာသာရပ်များ၊ ဖွင့်လှစ် သွားမည့် အခြေအနေ၊ ရရှိနိုင်မည့် အကျိုးရလဒ်များအား လူငယ်လူရွယ်များနှင့် ပြည်သူများသိရှိစေဖို့ ဒီမေး ခွန်းကို မေးတာပါ”ဟု ဆိုသည်။



မြန်မာပိုလီတက်ကနစ် တက္ကသိုလ်သည် စက်ရုံအလုပ်ရုံများတွင် တိုက်ရိုက်အသုံးပြုနိုင်သည့် လက်တွေ့ ကျွမ်းကျင်မှု ဦးစားပေးသော လေ့ကျင့်သင်ကြားမှု၊ အလုပ်ရရှိပြီးသူ၊ ဘွဲ့ရရှိပြီးသူများက လုပ်ငန်းခွင် အတွင်း လက်တွေ့ကျွမ်းကျင်မှုများ ပိုမိုရရှိနိုင်ရေး မွမ်းမံသင်တန်းများ၊ စက်ရုံ အလုပ်ရုံများရှိ ၀န်ထမ်းများမှ ပညာရေး ဆက်လက်သင်ကြားလိုပါက ပေါင်းကူးဆောင်ရွက်ပေးနိုင်မည့် ပညာသင်ကြားမှု စနစ်တို့ ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1oiGkDO

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3