Skip to main content

ဧရာဝတီတိုင်းဒေသကြီး အစိုးရ ပုသိမ်ဒေသခံ သတင်းထောက်တစ်ဦးကို ခုံဖွဲ့ စစ်ဆေး ပုသိ...



ဧရာဝတီတိုင်းဒေသကြီး အစိုးရ ပုသိမ်ဒေသခံ သတင်းထောက်တစ်ဦးကို ခုံဖွဲ့ စစ်ဆေး



ပုသိမ်၊ ဇွန် ၅



ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အမိန့်ဖြင့် ပုသိမ်ဒေသခံ သတင်းထောက်တစ်ဦးကို ဇွန်လ ၃ ရက်နှင့် ၄ ရက်နေ့တွင် ခုံဖွဲ့ စစ်ဆေးခဲ့ကြောင်း ပုသိမ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်နုနုရီက ပြောကြားသည်။



Reporter Journal ၏ ပုသိမ်မြို့ခံ သတင်းထောက် ဦးငြိမ်းသူကို ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် နယ်မြေအမှတ် (၁၉) ရာအိမ်မှူး ဦးမောင်ရွှေက ဂုဏ်သိက္ခာ ညိုးနွမ်းစေမှုဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ခြင်းကြောင့် စစ်ဆေးခဲ့သည်ဟု ၎င်းက ပြောဆိုခဲ့သော်လည်း အရေးယူခြင်း ရှိ၊ မရှိကိုမူ ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။



ရပ်ကွက်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုခြင်း၊ ခြံခတ်ခြင်းတို့တွင် သက်သေအဖြစ် ပါဝင်ခဲ့သည်ကို ကိုယ်တိုင်ဆောင်ရွက်သည့် ပုံစံဖြစ်အောင် ရေးသားခဲ့သောကြောင့် ဂုဏ်သိက္ခာ ထိခိုက်၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အမှတ် (၈) ရပ်ကွက်၊ နယ်မြေခွဲ (၁၉) ရာအိမ်မှူး ဦးမောင်ရွှေက ပြောကြားသည်။



မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်ထားသည့် သတင်းမီဒီယာ ကျင့်ဝတ်အပိုဒ် (၁၀-၃) တွင် မီဒီယာများအနေနှင့် အများပြည်သူ အကျိုးစီးပွားနှင့် ဆက်စပ်သည့် မည်သည့် အကြောင်းအရာကိုမဆို လွတ်လပ်စွာ ဖော်ပြခွင့်နှင့် ဝေဖန်သုံးသပ်ခွင့် ရှိသည်ဟု ဖော်ပြထားသောကြောင့် အများပြည်သူပိုင် လမ်းပေါ်တွင် အိမ်ဆောက်သည့် ကိစ္စ၊ ခြံတိုင်စိုက်ပြီး ကာရံခဲ့သည့် ကိစ္စများကို ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း Reporter Journal ၏ ပုသိမ်မြို့ခံ သတင်းထောက် ဦးငြိမ်းသူက ပြောဆိုသည်။



စည်ပင်သာယာရေး ကော်မတီပိုင် မြေပေါ်တွင် အိမ်အရောင်းအဝယ် ပြုခြင်း၊ ဈေးပိုင် မြေနေရာများကို အရောင်းအဝယ် လုပ်ခြင်း၊ ချောင်းနံဘေး မြေပေါ်တွင် ခြံတိုင် စိုက်ထူခြင်းများကို ရပ်ကွက်လူကြီး တစ်ဦးအနေနှင့် တာဆီးပေးရမည် ဖြစ်သော်လည်း အားပေးအားမြှောက် လုပ်ခဲ့ခြင်းများ ရှိခဲ့သည်ဟု အမှတ် (၈) ရပ်ကွက်၊ နယ်မြေခွဲ (၁၉) ဆယ်အိမ်မှူး ဦးစန်းဌေးက ပြောကြားသည်။



သတင်းမီဒီယာသမား တစ်ဦးအနေနှင့် အများပြည်သူအတွက် ရေးသား ဖော်ပြရာ၌ နစ်နာမှု ရှိပါက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ထံ တိုင်ကြားနိုင်သည့်အပြင် တရားရုံးတွင်လည်း တရားစွဲဆိုခွင့် ရှိသည်ဟု သတင်းမီဒီယာ ဥပဒေ၌ ပြဋ္ဌာန်းထားကြောင်း၊ ယခုကဲ့သို့ အာဏာပိုင် အဖွဲ့အစည်းကို တိုင်ကြားခြင်းသည် အမြင်မရှင်းစရာ ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင် ဦးမြင့်ကျော်က မှတ်ချက်ပြုသည်။



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရကအ (၈) နယ်မြေ၊ ဧရာမင်းရပ်ကွက်၌ နယ်မြေခွဲ (၁၉) ရာအိမ်မှူး ဦးမောင်ရွှေ၊ ရပ်ကွက်သားတစ်ဦးနှင့် ရာမည မီးရထား သံလမ်းဘေးတွင် နေထိုင်သည့် ဦးခင်မောင်ဦးတို့က ဧရာမင်းရပ်ကွက်၊ အနောက်ဘက် ချောင်းနံဘေးနားတွင် ရှိသည့် မြေများကို သက်ဆိုင်ရာများသို့ အသိပေးခြင်း မရှိ၊ တရားဝင် စေခိုင်းခြင်းလည်း မရှိဘဲ ခြံတိုင်များ စိုက်ထူခဲ့ခြင်း၊၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ဧရာမင်းရပ်ကွက် (၃) လမ်းရှိ လမ်းမကြီးပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသော အိမ်နှင့် ရပ်ကွက် မီးသတ် ရေကန်တို့ကို အရောင်းအဝယ် ပြုလုပ်ရာတွင် နယ်မြေလူကြီး ဦးမောင်ရွှေအနေဖြင့် တားမြစ်ခဲ့ခြင်း မရှိသည့်အပြင် စာချုပ်တွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ၂၀၁၄ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် The Reporter ဂျာနယ်တွင် ဖော်ပြထားချက်ကို ဦးမောင်ရွှေက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။



လက်ရှိအချိန်၌ ယင်းသို့ ခုံရုံးဖွဲ့ စစ်ဆေးချက်များကို မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇွန်လ ၅ ရက်နေ့က တင်ပြခဲ့ပြီ ဖြစ်ကြောင်း၊ အရေးယူမည်၊ မယူမည်ကိုမူ တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်မည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ပုသိမ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုရီက ပြောဆိုသည်။

from The Voice Weekly's Facebook Wall http://ift.tt/1upJl7j

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...