Skip to main content

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ရန် ဂျီ-၇ နိုင်ငံခေါင်းဆောင်များ စီစဉ်...



ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ရန် ဂျီ-၇ နိုင်ငံခေါင်းဆောင်များ စီစဉ်



ဘရပ်ဆဲလ်၊ ဇွန် ၅



ယူကရိန်းအပေါ် ရုရှား၏ လုပ်ရပ်များကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံခုနစ်နိုင်ငံမှ ခေါင်းဆောင်များက ပြင်ဆင်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပလျက် ရှိသည့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲတွင် စက်မှုထိပ်သီးနိုင်ငံ ရုရှား ပါဝင်ခြင်း မရှိသောကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲအဖြစ် ကျင်းပလျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲက ရုရှားအပေါ် အရေးယူပိတ်ဆို့မှု ထပ်မံပြုလုပ်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။



ရုရှားသည် ယူကရိန်း၏ အချုပ်အခြာအာဏာကို ဆက်လက်ချိုးဖောက်မှုများ ရှိနေခြင်းကိုလည်း ဂျီ-၇ နိုင်ငံခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ပြစ်တင် ပြောဆိုခဲ့သည်။



ယခင်က စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ရှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ဂျီ-၈ ဆွေးနွေးပွဲကို ကျင်းပလေ့ ရှိသော်လည်း ယူကရိန်းနိုင်ငံ ကရိုင်းမီးယား ဒေသကို ရုရှား လက်အောက်သို့ သွတ်သွင်းခဲ့ပြီးနောက် ရုရှားကို စက်မှုထိပ်သီး နိုင်ငံများ စာရင်းမှ ထုတ်ပစ်ခဲ့ခြင်းကြောင့် စက်မှုထိပ်သီး နိုင်ငံ ခုနစ်နိုင်ငံ ဂျီ-၇ သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။



ယခု ဘရပ်ဆဲလ်တွင် ကျင်းပသည့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ ဂျီ-၇ ဆွေးနွေးပွဲတွင် ရုရှားပါဝင်ခြင်း မရှိသော်လည်း ရုရှားသမ္မတ ပူတင်သည် ပြင်သစ်နိုင်ငံ ပါရီတွင် ပြုလုပ်မည့် ဒီ-ဒေး အထိမ်းအမှတ်ပွဲကို တက်ရောက်၍ အမေရိကန်သမ္မတ အိုဘားမားမှ လွဲ၍ ခေါင်းဆောင် တစ်ဦးချင်းစီနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။



ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် ဒီ-ဒေး အထိမ်းအမှတ် အခမ်းအနားသို့ အမေရိကန်သမ္မတ အိုဘားမားလည်း တက်ရောက်မည် ဖြစ်သော်လည်း ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ရှိမရှိမှာမူ မသိရသေးပေ။



ယူကရိန်းကိစ္စနှင့် ပတ်သက်၍ အဆင့်သုံးဆင့် ချဉ်းကပ်မှုဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် ယူကရိန်းကို စီးပွားရေး အကူအညီ ပေးမည်ဖြစ်ပြီး၊ ဒုတိယအဆင့်တွင် ရုရှားနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ရုရှားနှင့် ဆွေးနွေးရာတွင် မအောင်မြင်ပါက ရုရှားအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဂျာမနီအဓိပတိ အင်ဂျလာမာကယ်က ပြောကြားသည်။



ပြင်သစ်တွင် ကျင်းပမည့် ဒီ-ဒေး အခမ်းအနားတွင် ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကိုလည်း တက်ရောက်မည် ဖြစ်ရာ၊ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေး၊ မဆွေးနွေးမှာ မသေချာသေးပေ။



ရုရှားသမ္မတ ပူတင်က ပြင်သစ် ရုပ်မြင်သံကြားနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ၎င်းအနေနှင့် မည်သည့် ခေါင်းဆောင်ကိုမျှ ရှောင်ဖယ်နေမည် မဟုတ်ကြောင်း၊ သို့သော် ယူကရိန်းသမ္မတသစ် အနေနှင့် ယူကရိန်း အရှေ့ပိုင်းရှိ လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် အမှန်တကယ် လိုလားရန် လိုအပ်ကြောင်း ပြောကြားသည်။



ယူကရိန်းအရှေ့ပိုင်းတွင် အင်္ဂါနေ့က ရုရှားလိုလားသူ လက်နက်ကိုင်များက နယ်ခြားစောင့်တပ် ဌာနချုပ်နှင့် အမျိုးသားစောင့် တပ်ဌာနချုပ် နှစ်ခုကို သိမ်းပိုက်လိုက်သည်။



ထို့ပြင် ခွဲထွက်ရေး တောင်းဆိုနေသော ဒိုနက်စ်ပြည်နယ်နှင့် ကပ်လျက်ရှိသော ကရာစနီလီမန်နှင့် စလိုဗီယန်နက်စ်မြို့များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။







from The Voice Weekly's Facebook Wall http://ift.tt/1mhZ95H

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...