Skip to main content

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆု...



တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆို



ရန်ကုန်၊ ဇွန် ၅



ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်များတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ပွင့်လင်းမြင်သာသည့် စနစ်ပုံစံ ပြောင်းလဲမည် ဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။



ကထိကရာထူးနှင့် ယင်းအောက် ရာထူးများအတွက် လုပ်သက်ပြည့်၍ ပြောင်းရွှေ့လိုလျှင် ကြိုက်နှစ်သက်သည့် ကျောင်းကို ရွှေ့ပြောင်းခွင့် ရှိကြောင်း၊ ရာထူး အပြောင်းအရွှေ့အတွက် သတ်မှတ်ချက်များကို သက်ဆိုင်ရာ ကျောင်းများထံ ပေးပို့ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။



“ဒီနှစ်မှာ ကထိကနဲ့ သူ့အောက် ရာထူးတွေဆို လုပ်သက်ပြည့်ရင် ပြောင်းချင်တဲ့ ကျောင်းပြောင်း။ ပြောင်းမယ့် ကျောင်းက နေရာလွှတ် စီစဉ်ပေးရမယ်လို့ ပြောထားတယ်” ဟု ဒေါက်တာတင်ဝင်းက ပြောကြားသည်။



သို့သော်လည်း အဆင့်မြင့်ပညာ တက္ကသိုလ်ဆရာ၊ ဆရာမ အများစုကမူ ရာထူး အပြောင်းအရွှေ့နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိမည်ကို စိုးရိမ်နေကြောင်း၊ သင့်တော်သည့် နေရာများကို မချထားဘဲ လာဘ်ပေးလာဘ်ယူမှုများကို ပယ်ဖျက်သင့်ပြီ ဖြစ်ကြောင်း ၎င်းတို့က တိုက်တွန်းကြသည်။



“ရာထူးပြောင်း (Transfer) က သောကြာနေ့လို့ ကြားတယ်။ အင်္ဂါနေ့ ညနေပိုင်းက Transfer ကျတယ်ဆိုပြီး အဆင့်မြင့်ပညာက သတင်းထွက်လို့ သွားကြည့်ကြတော့ ပါတဲ့လူ ပါပြီး မပါတဲ့လူ မပါဘူး” ဟု ဒဂုံတက္ကသိုလ် ဆရာ ဆရာမများ အသင်းဝင် ဦးအာကာမိုးသူက ဆိုသည်။



ယင်းကြောင့် နိုင်ငံတစ်ဝန်း အဆင့်မြင့်ပညာ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ဇွန်လ ၄ ရက်နေ့တွင် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက သိရသည်။



“အခု ဆရာ၊ ဆရာမတွေကို ဘယ်လိုဖြစ်စေချင်လဲ ဖောင်တွေ ပြန်တင်ခိုင်းနေတယ်။ ဒီနေ့ အစည်းအဝေး ထပ်လုပ်မယ်တောင် ကြားတယ်” ဟု ရန်ကုန်တက္ကသိုလ်ရှိ နည်းပြဆရာမတစ်ဦးက The Voice သို့ ပြောကြားသည်။



ယခု သတင်းပတ်အတွင်း ရာထူး ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာ ဦးစီးဌာနများက သက်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် အစည်းအဝေးများ ကျင်းပရန် ရှိကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပြောဆိုသည်။



“တက္ကသိုလ်ဆိုတာ သုတေသနထွက်မှ တက္ကသိုလ်နဲ့ တူတာ။ ဆရာ၊ ဆရာမတွေကို သုတေသန အားပေးတဲ့ ပုံစံပဲ လုပ်သင့်တယ်။ သုတေသနလုပ်တဲ့ ဆရာတွေကို ဘာမှမရှိတဲ့ ကျောင်းတွေ ပို့တာ ရပ်သင့်တယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် ရူပဗေဒ ပါမောက္ခတစ်ဦးက အကြံပြုသည်။



တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့ကို အဆင့်မြင့်ပညာ ကျောင်းပိတ်ရာသီ ဧပြီလ နောက်ပိုင်းတွင်မှ ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ဇွန်လ ကျောင်းဖွင့်ရာသီ အစတွင် ရာထူး အပြောင်းရွှေ့များ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။







from The Voice Weekly's Facebook Wall http://ift.tt/1mhOtUA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...