Skip to main content

နိုင်ငံတကာသတင်းတိုများ အနောက်ဘက်ကမ်းတွင် အိမ်ခြေ ၁၅၀၀ ဆောက်မည် အစ္စရေးမှ ပါလက်စ...



နိုင်ငံတကာသတင်းတိုများ



အနောက်ဘက်ကမ်းတွင် အိမ်ခြေ ၁၅၀၀ ဆောက်မည်



အစ္စရေးမှ ပါလက်စတိုင်း၏ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမှုကို တုံ့ပြန်သောအားဖြင့် အနောက်ဘက်ကမ်းဒေ သနှင့် အရှေ့ဂျေရုစလင်တို့တွင် အိမ်ခြေပေါင်း ၁,၅၀၀ ကျော်ကို တည်ဆောက်သွားမည် ဖြစ်သည်ဟု ကြေညာခဲ့သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



Cadbury ကိစ္စ ဖြေရှင်းပေးရန်တောင်းဆို



မလေးရှားနိုင်ငံရှိ Cadbury ချောကလက်များအတွင်း ၀က်ဆီ တွေ့ရှိမှု နှင့်ပတ်သက်ပြီး နိုင်ငံအတွင်းရှိ မွတ်စလင်ဘာသာဝင်များ ဇဝေဇ၀ါ ဖြစ်စေခဲ့သည့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုများအား ရှင်းရှင်းလင်းလင်း ဖြေ ရှင်းပေးရန် အစိုးရကို အရပ်ဘက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်ဟု ဇွန်လ ၅ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



မားစ်ရောဂါ၏ ပထမဆုံး သက်သေကို ရှာဖွေနိုင်ခဲ့



သစ်ကုလားအုပ်များမှ လူများသို့ ကူးစက်ပြန့်ပွားပြီး သေစေနိုင်လောက်သည်အထိ အန္တရာယ်ကြီးမားသော မားစ်ဗိုင်းရပ်စ်၏ ပထမဆုံး သက်သေကို ဆရာဝန်များက ပြောကြားလိုက်သည်ဟု ဇွန်လ ၅ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မားစ်ရောဂါဖြစ်ပွားခြင်း၏ အဓိက အကြောင်းအရင်းမှာ တိရစ္ဆာန်များမှ ဖြစ်ကြောင်း သံသယရှိခဲ့ကြသည်။



စင်ကာပူဆောက်လုပ်ရေးကုမ္ပဏီငါးခု အရေးယူခံရ



စင်ကာပူနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနက ဇွန်လ ၅ ရက်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ငါးခု အား လစာငွေပေးချေမှု နောက်ကျခြင်း၊ အလုပ်ချိန်ကျော်လွန်ကာ ခိုင်းစေခြင်းအစရှိသည့် လုပ်သားခန့်အပ် မှု ပြစ်ဒဏ်များအရ အရေးယူခဲ့သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။



တောင်ဖြိုမှုများက ပတ်ဝန်းကျင် ထိခိုက်နိုင်



တရုတ်နိုင်ငံမှ တောင်များကိုဖြိုပြီး အိမ်နေရာများဆောက်လုပ်မည့် အစီအစဉ်သည် သဘာဝပတ်ဝန်းကျင် ကို များစွာထိခိုက်စေနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တောင်ဖြိုမှုကြောင့် လေထုနှင့် ရေညစ်ညမ်းမှုများ၊ မြေဆီလွှာ ညံ့ ဖျင်းမှုများ၊ မြစ်ရေလျှံမှုများ ဖြစ်ပေါ်စေသည်။



ဆွစ်ဇာလန်နိုင်ငံရှိ ယူကရိန်းသမ္မတဟောင်း၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့



ဆွစ်ဇာလန်နိုင်ငံရှိ နှင်ထုတ်ခံ ယူကရိန်းသမ္မတဟောင်း ယာနူကိုဗစ်နှင့် ၎င်းနှင့် ဆက်နွယ်မှု ရှိနေသော ဒေါ်လာ သန်း ၁၉၀ နီးပါးရှိ ပိုင်ဆိုင်မှုများကို ပိတ်သိမ်းလိုက်ကြောင်း ဆွစ်ဇာလန် အာဏာပိုင်များက ပြော ကြားခဲ့သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထို့အပြင် အီတလီ၊ ဂျာမနီ၊ သြစတြီးယား အစရှိသည့်နိုင်ငံများ ပါဝင်သော ချမ်းသာသောအယ်လ်ပိုင်း နိုင်ငံများ အုပ်စုသည် လည်း ၎င်း၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁၈၇ သန်းကို ပိတ်ဆို့ခဲ့သည်။



ဘရာဇီးနိုင်ငံတွင် မြေအောက် အလုပ်သမားများ ကန့်သတ်မဲ့ဆန္ဒပြ



ဘရာဇီးနိုင်ငံမှ ကမ္ဘာ့ဖလားကျင်းပရေးအတွက် ပြင်ဆင်မှုများတွင် သုံးစွဲမှုစရိတ် များပြားခြင်းနှင့် အချိန်ကြာ မြင့်ခြင်းတို့အပေါ် ဝေဖန်ပြောဆိုနေမှုများကို ကာကွယ်ပြောဆိုခဲ့ခြင်းအတွက် ဆော်အိုပေါ်လိုမြို့ရှိ မြေ အောက်လုပ်သားများကလည်း ကန့်သတ်မဲ့ ဆန္ဒပြမှုတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ကနေဒါရှိ ထွက်ပြေးနေသော သေနတ်သမားအား ရှာဖွေဆဲ



ကနေဒါနိုင်ငံ မွန်စ်တန်မြို့တော် နယူးဘရန်းဝှစ်ခ်ဒေသအတွင်း ရဲ အရာရှိသုံးဦးကို သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ဒဏ်ရာရစေကာ ထွက်ပြေးသွားခဲ့သော သေနတ်သမားအား ရှာဖွေလျက်ရှိသည်ဟု ဇွန်လ ၅ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ဗဟိုအာဖရိကနိုင်ငံတွင် မိုဘိုင်းဖုန်း မှတစ်ဆင့် စာပေးပို့ခြင်းကိုပိတ်ပင်



ဗဟိုအာဖရိကနိုင်ငံ၌ လုံခြုံရေး အခြေအနေများကြောင့် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် စာပေးပို့ခြင်းကို ပိတ်ပင် တားမြစ်လိုက်ကြောင်း အစိုးရက ပြောကြားလိုက်သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။



ဂျာမန်ဝန်ကြီးချုပ် မာခယ်လ်က ဥရောပကော်မရှင် ဥက္ကဋ္ဌရာထူးအတွက် အဆိုပြု



ပြင်သစ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ ခရစ်စတင်း လာဂါအား ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ် ထောက်ခံအဆိုပြုလိုခြင်း ရှိ မရှိ ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာမာခယ်လ် က ပြင်သစ်သမ္မတ ဟော်လန်ဒီအား မေးမြန်းခဲ့သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mi5Ep2

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3