Skip to main content

အမျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်သူများ ဆွေးနွေးပွဲသို့ လာရောက်ဆွေးနွေးနိုင် မြတ...



အမျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်သူများ ဆွေးနွေးပွဲသို့ လာရောက်ဆွေးနွေးနိုင်



မြတ်မင်း| သောကြာနေ့၊ ဇွန်လ ၆ ရက်၊ ၂၀၁၄ ခုနှစ်



အမျိုးစောင့်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ကန့်ကွက်နေသော အသင်းအဖွဲ့များ၊ လူပုဂ်္ဂိုလ်များသည် ဘုရားကြီး အနောက်မုခ် သာသနာ ၂၅၀၀ ဓမ္မာရုံကြီးတွင် ဇွန် ၁၂ ရက်၊ မွန်းလွဲ ၁၂နာရီတွင် ကျင်းပပြုလုပ်မည့် အမျိုးစောင့်ဥပဒေဆိုင်ရာ ဟောပြောပွဲတွင် လာရောက်နားထောင်ပြီး ဥပဒေကြောင်းအရ မရှင်းလင်းသည်များကို ဆွေးနွေးနိုင်ကြောင်း မဘသ(အထက်မြန်မာပြည်) ဦးဆောင် ဆရာတော် အရှင် ဣန္ဒာစက္ကာဘိဝံသ က မဇ္ဈိမကို မိန့်သည်။



“သူတို့မရှင်းတဲ့ အကြောင်းအရာတွေကို မေးနိုင်တယ်။ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်။ ကန့်ကွက်ထားတဲ့သူတွေမှမဟုတ်ပါဘူး။ မည်သူမဆို လာရောက်ဆွေးနွေးနိုင်ပါတယ်”ဟု ၎င်း ဆရာတော် က မိန့်သည်။



ဇွန်၁၂ ရက် အမျိုးစောင့်ဥပဒေဆိုင် ရာဟောပြောပွဲ၌ ဆရာတော်ဦးယသ (လမင်းလေး)၊ ဆရာမောင်သွေး ချွန်၊ ဆရာမဒေါ်ယဉ်ယဉ်နုနှင့် မဘသဗဟို၏ဥပဒေအကြံပေး ဆရာဦးအေးပိုင်တို့ ဟော ပြောကြမည်ဖြစ် ကြောင်း၊ အမျိုးစောင့် ဥပဒေကို ကန့်ကွက်ထားသည့်အဖွဲ့ပေါင်း ၁၀၀ကျော်ရှိရာ အဖွဲ့ငါးဖွဲ့ကိုသာ သိသ ဖြင့် ဖုန်းဖြင့်ဖိတ်မည်ဖြစ်ကြောင်း၊ ကျန်အဖွဲ့များကို လူမူကွန်ရက်စာမျက်နှာများမှ တဆင့်ဖိတ်ခေါ်ထား ကြောင်း ဆိုသည်။



“ခက်တာက ကန့်ကွက်နေတဲ့သူတွေက အမျိုးစောင့်ဥပဒေကို သေချာမသိဘူးလို့ ယူဆတယ်။ မဖတ်ဘဲနဲ့ ဟိုအခွင့်အရေး ထိခိုက်တယ်။ ဒီအခွင့်အရေးထိခိုက်တယ်ဆိုပြီး ကန့်ကွက်နေတာ မကောင်းပါဘူး။ကျွန် တော်ပြောချင်တာကဖတ်ပါ။ဖတ်ပြီး မရှင်းတာကို လာရောက်ဆွေးနွေးပါ”ဟု မီးအိမ်ရှင်အဖွဲမှ ကိုအောင် ကျော် က ပြောသည်။



အမျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ပြည်သူအများသိရှိစေရန် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စာအုပ်များ ဖြန့် ဝေခြင်းများ ပြုလုပ်လျက်ရှိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TkrVvu

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3