Skip to main content

မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် ထိုးသတ်ကြေး အများဆုံးရရှိသူအဖြစ် တွေ့မရှောင်ဦးဆော...



မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် ထိုးသတ်ကြေး အများဆုံးရရှိသူအဖြစ် တွေ့မရှောင်ဦးဆောင်နေ



တစ်ပွဲအတွက် အမြင့်ဆုံးထိုးသတ်ကြေး ကျပ် ၄၅ သိန်းအထိရရှိခဲ့



သောကြာ



မြန်မာ့ရိုးရာ လက်ဝှေ့လောကအတွင်း ထိုးသတ်ကြေး (တစ်ပွဲအတွက် ထိုးကြေး) အများဆုံးရရှိသူအဖြစ် နာမည်ကျော် ရိုးရာလက်ဝှေ့သမား တွေ့မရှောင်က ရပ်တည်ထားနိုင်ခဲ့သည်။



လက်ရှိအချိန်တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများမှ အနားယူသွားခဲ့ပြီဖြစ်သော ပထမတန်းလက်ဝှေ့ကျော် တွေ့မ ရှောင်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထိုးသတ်ခဲ့သော စောငမန်းနှင့် ပွဲစဉ်တွင် ထိုး သတ်ကြေး ၄၅သိန်းအထိရရှိခဲ့ပြီး ရိုးရာလက်ဝှေ့သမားများထဲတွင် အများဆုံးရရှိသည့် ထိုးသတ်ကြေး လည်း ဖြစ်ခဲ့သည်။



မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က “လောလောဆယ်မှာ အမြင့်ဆုံး အနေနဲ့ နောက်ဆုံး ရခဲ့ဖူးတာက တွေ့မရှောင်ပါ။ ၄၅ သိန်း ရဖူးတယ်။ လောလောဆယ် ထိပ်တန်းသုံး ယောက်ဆိုရင် ၃၅ သိန်းလောက် ရတယ်။ တွေ့မရှောင်က စောငမန်းနဲ့ထိုးတဲ့ တစ်ပွဲတည်း ၄၅ သိန်း ရခဲ့တာပါ။ ကျန်တဲ့အချိန် ဆိုသူလည်း ၃၅ သိန်းပါ” ဟု ဆိုသည်။



မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများထဲတွင် ပထမတန်း၊ ဒုတိယတန်း စသည်ဖြင့် အဆင့်လိုက် ထိုးသတ် ကြေးကွာဟသွားကြပြီး အနိမ့်ဆုံးသောင်းဂဏန်းမှ အမြင့်ဆုံးသိန်းဆယ်ဂဏန်းအထိပေါက်ဈေးရှိနေသည်။

“အနိမ့်ဆုံးကတော့ သုံးချီ ကြားပွဲထိုးတဲ့ ကလေးတွေက အနည်းဆုံး ခြောက်သောင်း ရတယ်။ ဒါကရန်ကုန် အနေနဲ့ပြောတာ။ နယ်တော့မသိဘူး။ လေးချီထိုးတဲ့ ကလေးတွေက လေးသိန်း၊ သုံးသိန်း၊ နှစ်သိန်းရတယ်။ ဒီလိုပဲ သုံးချီထိုးတဲ့ ကလေးတွေထဲမှာလည်း နှစ်သိန်း၊ တစ်သိန်းရတဲ့သူတွေ ရှိတယ်။ အခုမှ စင်ပေါ်စ တက်လာတဲ့ ကလေးတွေကတော့နိုင်ရင် ခြောက်သောင်း၊ ရှုံးရင် လေးသောင်း အဲဒီလိုရှိတယ်။ လက်ဝှေ့ လောကမှာထုံးစံက နာမည်ကြီးသွားလို့ ပထမတန်းဖြစ်သွားရင် ကြေးသေတောင်းတာ များတယ်။



ကြေးသေဆိုတာ နိုင်၊ နိုင်၊ ရှုံး၊ ရှုံး၊ သရေပဲဖြစ်ဖြစ် ကြေးသေပဲ။ ပွဲစီစဉ် တဲ့သူကလည်း နာမည်ကြီးသွားတဲ့ လက်ဝှေ့သမားဖြစ်တဲ့အတွက် တောင်းသလောက် ပေးရတယ်။ နာမည်အရမ်းကြီးသွားရင် အဲလိုကြေးသေ ပေးရတယ်။ သိပ်နာမည် မကြီးသေးတဲ့ သူတွေဆိုရင် နိုင်ရင် ဘယ်လောက်၊ ရှုံးရင် ဘယ်လောက်ဆိုပြီး ကြေးကို နည်းနည်းကွာလို့ ရသေးတယ်” ဟု ဦးစိုင်းဇော်ဇော်က ထပ်မံပြောသည်။



နာမည်ကြီး ပထမတန်း ရိုးရာလက်ဝှေ့ ကစားသမားများအနေဖြင့် ထိုးသတ်ကြေး ထိုက်ထိုက်တန်တန် ရရှိ သော်လည်း နာမည်မပေါ်သည့် လက်ဝှေ့ကစားသမားများ၏ ထိုးသတ်ကြေးမှာ နည်းပါးလွန်းသည့် အနေ အထားတွင် ရှိနေသည်။



လက်ဝှေ့ကစားသမားများ၏ ထိုးသတ်ကြေးနှင့် ပတ်သက်၍ မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမား တူးတူးက “ကျွန်တော်တို့ ဆိုရင်တော့ ထိုက်တန်တယ်လို့ ပြောရမယ်။ ကျွန်တော်တို့ အောက်မှာဆိုရင် ကိုယ်တွေ လောက်မရတဲ့ လက်ဝှေ့သမားတွေလည်း အများကြီးပဲလေ။ ပဲပြားဖြစ်တယ်ဆိုတာလဲ ပဲပြားက ကျွန်တော် တို့ ကြေးလောက်မရဘဲ ဖြစ်ခဲ့တာလေ။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ထိုက်တန်တယ်လို့ ပြော နိုင်ပါတယ်။ ထိုးသတ်ကြေး နည်းတဲ့လူတွေ ဆိုရင်တော့ သိပ်မထိုက်တန်ဘူးလို ပြောလို့ရပါတယ်” ဟု ပြောသည်။



လက်ရှိအချိန်တွင် မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် ထိုးသတ်ကြေးများသည့် ကစားသမားသုံးဦးမှာ ထွန်း ထွန်းမင်း၊ စိုးလင်းဦး နှင့်တူးတူးတို့ဖြစ်ပြီး ၎င်းတို့၏ ထိုးသတ်ကြေးမှာ ၃၅ သိန်းအထိ ရှိနေသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1kBpTTh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...