Skip to main content

ကျေးလက်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည် မောင်သင်တုန်း| သောကြာနေ့၊ ဇွန်လ ၆ ရက်၊...



ကျေးလက်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်



မောင်သင်တုန်း| သောကြာနေ့၊ ဇွန်လ ၆ ရက်၊ ၂၀၁၄ ခုနှစ်



တိုင်းနှင့်ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ကျေးလက်အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်အေးက လွှတ်တော်သို့ လာရောက်စဉ် ဇွန် ၅ တွင် မဇ္ဈိမကို ပြောသည်။



“ကျေးလက်အိမ်ရာ စီမံကိန်းပေါ့၊ စီစဉ်ဆောင်ရွက်နေတယ်။ အဓိကတော့ဝန်ထမ်းတွေကို ဦးစားပေးမယ်။ ကျန်းမာရေးဝန်ထမ်းတွေလိုမျိုးပေါ့ ” ဟု ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောသည်။



လက်ရှိအနေအထားမှာ ဆောင်ရွက်ပေးရန်စီစဉ်သည့်ကာလဖြစ်သည့်အတွက် မည်သို့ဆောက်လုပ်ပေးမည်ကို မပြောနိုင်သေးပေ။ အဓိက ဖွံ့ဖြိုးမှုနည်းသည့်ကျေးရွာများတွင် တည်ဆောက်ပေးနိုင်ရန် မျှော်မှန်းထားပြီး ဘတ်ဂျက်ရရှိမှုအပေါ်မူတည် ဆောင်ရွက်သွားမည်ဖြစ်သည်။



ကျေးလက်အိမ်ရာများဆောက်ပေးထားမှုများရှိသော်လည်း လုံလောက်မှုလုံးဝ မရှိသည့်အတွက် လိုအပ်သည့်နေရာများတွင် သီးသန့်ဆောင်ရွက်ပေးနိုင်မည်ဟု ဆိုသည်။ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကျေးရွာတစ်ခုလျှင် ကျပ် သိန်း ၃၀၀ ပေးသော်လည်း နည်းပါးလျက်ရှိသည်ဟု ဒု-၀န်ကြီးက ဆက်ပြောသည်။



ကျေးလက်ဒေသဖွံ့ဖြိုးရေးမှာ ရန်ပုံငွေခွဲသည့်အခါတွင် ကျေးလက်အိမ်ရာဆောက်လုပ်ပေးရန် သီးသန့် ခွဲပေးမှုများပါသော်လည်း ရရှိမှုနည်းပါးသည်ဟုဆိုသည်။ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားလျှင် တည်ဆောက်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ပေးနိုင်ရန် ပေါ်လစီအရ စီမံချက်ဖြင့် ချက်ချင်းဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။



“လာမယ့်နှစ်မှာ ဆောက်လုပ်ဖို့ရှိတယ်။ သူဘတ်ဂျက်ပေါ် မူတည်တယ်” ဟု ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက မဇ္ဈိမကို ပြောသည်။



အချို့မြို့နယ်များရှိ ကျေးလက်ဒေသများတွင် အမှန်တကယ် နေထိုင်မည့် အဆောက်အအုံဆောက်လုပ်ရန် အခက်အခဲများရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာစီပြီးမွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ကူညီဆောင်ရွက်ပေးရန် တောင်းခံနိုင်သည်ဟု ဆိုသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1pcDxf0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...