Skip to main content

လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏လှုပ်ရှားမှုများအား ဒေသခံပြည်သူများ သိရှိမှု အလ...



လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏လှုပ်ရှားမှုများအား ဒေသခံပြည်သူများ သိရှိမှု အလွန်နည်းပါးနေသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူတို့နှင့် ထိတွေ့မှုရှိရန် များစွာလိုအပ်နေ



လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏လှုပ်ရှားမှုများအား ဒေသခံပြည်သူများ သိရှိမှု အလွန်နည်းပါးနေကြောင်း မြန်မာ့ရေးရာအဖွဲ့က သြဂုတ် ၁၄ ရက်တွင်ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်အမတ်များအပေါ် ပြည်သူလူထု၏ အမြင်သဘောထား စစ်တမ်းအရ သိရှိရပြီး ထို့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူနှင့် ထိတွေ့မှုရှိရန် များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။



စစ်တမ်းအား ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ မြို့နယ်၂၉ မြို့နယ်တွင် ၂၀၁၂ စက်တင်ဘာမှ စတင်ကာ ၂၀၁၃ ဒီဇင်ဘာအထိ တစ်ကြိမ်လျှင် ၆ လခန့်ခြား၍ စစ်တမ်းကောက်ယူမှုအား သုံးကြိမ်ပြုလုပ်ခဲ့ပြီး မြို့နယ်အလိုက် မဲပေးနိုင်သူ ဦးရေအပေါ် မူတည်၍ တစ်မြို့နယ်လျှင် မေးမြန်းရမည့် လူဦးရေကို အချိုးကျ ပြန်လည်တွက်ချက်ကာ လူဦးရေ ၆၅၀၁ ဦးအား မေးမြန်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



လူဦးရေ ၆၀၀၀ ကျော်တွင် သုံးပုံ၊ နှစ်ပုံကျော်သည် ၎င်းတို့နေထိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အမည်နှင့် ပါတီအမည်အား မှန်ကန်အောင် ဖြေဆိုနိုင်ခြင်း မရှိသလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကိုမူ သိရှိသူ အလွန်နည်းပါးကြောင်း သိရသည်။



မိမိတို့မြို့နယ် ကိုယ်စားလှယ်ကို သိရှိမှုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို သိရှိမှုအများဆုံး ဖြစ်သော်လည်း လွှတ်တော်အားလုံးမှ ကိုယ်စားလှယ်များအားလုံးကို သိရှိမှုနှုန်းမှာမူ ၂၀၁၂ နှောင်းပိုင်းစစ်တမ်းအရ ဖြေဆိုသူများ၏ ရာခိုင်နှုန်း ၆၀ ခန့်မှာ ၎င်းတို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို မသိရှိဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။



စစ်တမ်းနှင့်ပတ်သက်၍ မြန်မာ့ရေးရာအဖွဲ့မှ ဦးဝင်းမျိုးသူက “ကိုယ်စားလှယ်များရဲ့ လွှတ်တော်အတွင်းနဲ့ ပြင်ပဆောင်ရွက်မှုတွေကို ဘယ်လိုမြင်သလဲ မေးကြည့်တဲ့အခါမှာလည်း အားရစရာ မရှိပါဘူး။ ၂၀၁၃ နှစ်ကုန်စစ်တမ်းအရ ဖြေဆိုသူတွေရဲ့ ၁၇ ရာခိုင်နှုန်းအောက်ကသာ လွှတ်တော်ကိုယ်စားလှယ်တွေ တက်တက်ကြွကြွ ဆောင်ရွက်တာကို သတိပြုမိပါတယ်လို့ဖြေတာ တွေ့ရပါတယ်။ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်မှုတွေကို စိတ်ကျေနပ်ရဲ့လားလို့ ဆက်မေးတဲ့အခါမှာတော့ အခြေအနေက အတော်ကို ဆိုးပါတယ်။ လူထုက အမျိုးသားလွှတ်တော်နဲ့ ဒေသဆိုင်ရာလွှတ်တော်ကို အကောင်းမြင်တာထက် အဆိုးမြင်တာများပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အပေါ်မှာတော့ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ စိတ်ကျေနပ်မှုရလဒ်က ၁၀၀ မှာ ၂ မှတ်ထဲ သာသာပါ” ဟု ပြောသည်။



လွှတ်တော်ကိုယ်စားလှယ်များပေါ် စစ်တမ်းဖြေဆိုသူများ၏ ကျေနပ်မှုအား နှစ်အလိုက်လေ့လာမှုအရ ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် အညွှန်းကိန်း (၀ ဒသမ ၂၁) ဖြစ်ရာမှ ၂၀၁၃ နှစ်လယ်တွင် (၀ ဒသမ ၃၂) အထိ ရှစ်မှတ်ခန့် မြင့်တက်ခဲ့သော်လည်း ၂၀၁၃ နှစ်ကုန်တွင် ကျေနပ်မှုအညွှန်းကိန်းသည် (၀ ဒသမ ၂၇) သို့ ပြန်လည်ကျဆင်းသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။



ထို့အပြင် မိမိတို့မြို့နယ်အား ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များကို မသိရှိသူရာခိုင်နှုန်း များနေခြင်းသည် ကျေနပ်မှု/မကျေနပ်မှု အကဲဖြတ်ရန် ခက်ခဲစေသဖြင့် အများစုအဖြေများမှာ ‘ကျေနပ်မှု/မကျေနပ်မှုမရှိ’ ဟူသော ကြားနေအဖြေကိုသာ ဖြေဆိုကြကြောင်း တွေ့ ရှိရသည်ဟူ၍ ဖော်ပြထားသည်။



သို့သော် လူထုမှ ကိုယ်စားလှယ်တစ်ဦးချင်းအပေါ် နှစ်အလိုက် အဆိုး (သို့မဟုတ်) အကောင်းမြင်စိတ် ကျေနပ်မှုအခြေအနေ ပုံမှန်ပြောင်းလဲမှုများကို လွှတ်တော်ကိုယ်စားလှယ် သုံးဦးခန့်တွင် တွေ့ရှိခဲ့ရသော်လည်း အဆိုပါကိုယ်စားလှယ်များ၏ အများဆုံး အကောင်းအမြင်ခံရမှုနှုန်းထားမှာ ၂၆ မှတ်သာရှိကြောင်း သိရသည်။ စစ်တမ်းအား ခေါင်းစဉ်သုံးခုအောက်တွင် ခွဲခြားကောက်ယူခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ သမ္မတအပေါ် အမြင်စစ်တမ်း၊ လွှတ်တော်ကိုယ်စားလှယ်များအပေါ် အမြင်စစ်တမ်းနှင့် ဦးစားပေးပြဿနာ (သို့မဟုတ်) ဦးစားပေးအကြောင်းအရာများအပေါ် ပြည်သူ့အမြင်စစ်တမ်းတို့ဖြစ်ပြီး စစ်တမ်းကောက်ယူသည့် ကာလအတွင်း လက်ရှိအစိုးရနှင့် လွှတ်တော်အပေါ် ပြည်သူတို့၏ သတိပြုသိရှိမှုနှင့် စိတ်ကျေနပ်မှု တိုးတက်ပြောင်းလဲခြင်း ရှိ၊ မရှိကို ၃ ကြိမ်တိုင်တိုင် လေ့လာဆန်းစစ်ခဲ့ကြောင်းလည်း သိရသည်။



စစ်တမ်းအား လက်ရှိသမ္မတ၏ ပထမဆုံး ရာထူးလက်ခံရယူစဉ် ၂၀၁၁ မတ် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော နိုင်ငံတော်အခြေပြု မိန့်ခွန်းပါ အချက်အလက်များကို အခြေခံ၍ စစ်တမ်းမေးခွန်းများအား တည်ဆောက်ထားခြင်းဖြစ်ပြီး အစိုးရ၏ နိုင်ငံတော်တိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးဟူ၍ ကဏ္ဍ ၅ ခုခွဲ၍ မေးမြန်းခဲ့ပြီး လွှတ်တော်အမတ်အား လူထုသိရှိမှုနှင့် ဆောင်ရွက်မှုများကို ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ရှိ မြို့နယ်ပေါင်း ၂၉ မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် ပတ်သက်၍သာ အဓိကထား မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ လူထုစစ်တမ်း ကောက်ယူရာတွင် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်ပါက လွှတ်တော်နှင့်ပတ်သက်၍ ပြည်သူများသိရှိမှု အလွန်နည်းပါးနေပြီး ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ရှိ မြို့နယ်များတွင်သာ စစ်တမ်းကောက်ယူခဲ့ရခြင်း ဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များအား သိရှိမှုနည်းပါးခြင်းကြောင့် ၎င်းတို့အပေါ် ပြည်သူတို့၏ ကျေနပ်မှု ရှိ၊ မရှိ သုံးသပ်အကဲဖြတ်ရန်လည်း ခက်ခဲခဲ့သည်ဟု မြန်မာ့ရေးရာအဖွဲ့မှ သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/YmAloQ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...