Skip to main content

ပုဂ္ဂလိကဆေးရုံအဖြစ် ခေါင်းစဉ်တပ်ထားသော်လည်း ဆေးရုံအများစုမှာ အရေးပေါ် ကျန်းမာရေးစေ...



ပုဂ္ဂလိကဆေးရုံအဖြစ် ခေါင်းစဉ်တပ်ထားသော်လည်း ဆေးရုံအများစုမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုကို အလုံးစုံ လက်ခံကုသမပေးဘဲ အစိုးရဆေးရုံသို့သာ အများစု လက်လွှဲပေးနေ



ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို စောင့်ရှောက်မှုမပေးရဆိုသည့်အမိန့် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ပုဂ္ဂလိကဆေးရုံ အများစုမှာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုကို အလုံးစုံလက်ခံ ကုသမပေးဘဲ အစိုးရဆေးရုံသို့သာ လက်လွှဲပေးမှု များပြားနေခြင်းအပေါ် အများပြည်သူကြားတွင် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။



ပြီးခဲ့သည့်လအတွင်းက ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို စောင့်ရှောက်မှုမပေးရဆိုသည့်အမိန့် ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးရုံဆေးခန်းများ၏ အဓိကပြဿ နာမှာ ရဲအရေးပိုင်သော အမှုဖြစ်ကြောင်း၊ ရိုးရိုးသာမန် ထိခိုက်ဒဏ်ရာထက် ရဲအရေးပိုင်သော အမှုများကို ပြင်ပဆေးခန်း ဆရာဝန် ကုသမှုမပေးရဆိုသည့် လွဲမှားသော ယုံကြည်ချက်ကြောင့် ထိခိုက်ဒဏ်ရာ ရသည့်သူများကို အချိန်မီစောင့်ရှောက်မှု မပေးနိုင်သည့်အတွက် နစ်နာမှု မဖြစ်သင့်သည်များ၊ မသေသင့်သည်များ ဖြစ်နေကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အစိုးရဆေးရုံဆေးခန်းများ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို စောင့်ရှောက်မှုမပေးရဆိုသည့်အမိန့် ထုတ်ပြန်ထားခြင်း မရှိပါကြောင်းကို လွှတ်တော်တွင် ဖြေကြားခဲ့သည်။



သို့သော် လက်တွေ့အပိုင်းတွင်မူ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုများတွင် အရေးပေါ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ဆေးကုသမှုပေးရာတွင် အားနည်းချက်များရှိနေပြီး ကုသမှုအများစုကို အပြီးတိုင် လုပ်ဆောင်ပေးခြင်းမျိုး မရှိဘဲ ကနဦးပြုစုစောင့်ရှောက်မှုသာပေးပြီး အစိုးရဆေးရုံများသို့ လွှဲပြောင်းကုသစေခြင်းများ များပြားနေကြောင်းလည်း ဆေးရုံများသို့ အရေးပေါ် သွားရောက်ဆေးကုသမှု ခံယူခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။



ယင်းကိစ္စနှင့်ပတ်သက်၍ ပုဂ္ဂလိက ဆေးရုံများနှင့် ပြည်သူများကြား ဒွိဟဖြစ်မှုများ ရှိနေခြင်းအပေါ် နာမည်ကြီး ပုဂ္ဂလိကဆေးရုံ တစ်ခုဖြစ်သည့် အာရှတော်ဝင်ဆေးရုံမှ ဒေါက်တာမြတ်သူကို မေးမြန်းခဲ့ရာ “ကျွန်တော်တို့ဆေးရုံကတော့ ဘယ်လိုအရေးပေါ် လူနာမျိုးကိုမဆို ကုသပေးပါတယ်။ အရေးပေါ်လူနာ ဆိုပေမယ့် ရိုးရိုးအရေးပေါ်လူနာနဲ့ မှုခင်းနဲ့ဆက်စပ်နေတဲ့ အရေးပေါ်လူနာဆိုပြီး ရှိတဲ့အတွက် ကျွန်တော်တို့ဘက်က လုပ်ပေးနိုင်တဲ့ အတိုင်းအတာ တစ်ခုအထိကိုတော့ လုပ်ပေးပါတယ်။ လူနာအနေနဲ့ ရောဂါတည်ငြိမ်တဲ့ အနေအထားကိုရောက်ရင် Police Case ဆိုရင် ရောဂါဖြစ်စဉ် မှတ်တမ်းတွေနဲ့အတူ ရဲဆီကိုအပ်ပြီး အစိုးရဆေးရုံကို လွှဲပေးပါတယ်။ ရိုးရိုးအရေးပေါ် လူနာမျိုးဆိုရင်တော့ ရောဂါသက်သာအောင် ကုပေးပြီးရင် လူနာဆန္ဒအရ ဆက်လက်လုပ်ဆောင်ပေးပါတယ်။ Police Case တွေကိုလုပ်နိုင်တဲ့ ဘောင်အတွင်းက လုပ်နိုင်သလောက် လုပ်ပေးနေပါတယ်” ဟု ပြောကြားခဲ့သည်။



“အရေးပေါ်လူနာတိုင်းကို လက်ခံကုပေးတယ်။ ပြီးရင်တော့ အရင်လိုပဲ အစိုးရဆေးရုံတွေကို လွှဲပေးနေတုန်းပါ။ စက်ပစ္စည်းပိုင်း၊ ဆရာဝန်ပိုင်းမှာ ပြည့်စုံနေတယ် ဆိုပေမယ့်လည်း Police Case တွေကို အလုံးစုံ ကုသပေးရမယ်လို့ ဆေးရုံသတ်မှတ်ထားတာမျိုး မရှိသေးတဲ့အတွက် လက်ရှိမှာတော့ အစိုးရဆေးရုံကိုပဲ လွှဲပြောင်းပေးနေတုန်းပါ” ဟု ဝိတိုရိယဆေးရုံမှ Marketing Executive ကိုမျိုးဇော်နောင်က ပြောကြားသည်။



အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် Police Case ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍ အောင်ရတနာဆေးရုံမှ ဒါရိုက်တာကိုဝေဖြိုးလင်းကို မေးမြန်းခဲ့ရာ ၎င်းတို့ဆေးရုံအနေဖြင့် Police Case အပါအဝင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအားလုံးကို လက်ခံကာပြုလုပ်ပေးပြီး Police Case ဖြစ်ပါက အတွင်းလူနာအဖြစ် ကုသပေးခြင်းမျိုးမဟုတ်ဘဲ အရေးပေါ် ကုသမှုများသာပေးပြီး လက်ရှိအချိန်ထိ အစိုးရဆေးရုံများသို့သာ လွှဲပြောင်းကုသပေးလျက်ရှိကြောင်း၊ လွှဲပြောင်းပေးခဲ့သည့် လူနာများအနေဖြင့် ၎င်းတို့ဆေးရုံတွင်သာ ဆေးကုသမှု ဆက်လက်ခံယူလိုသည် ဆိုပါက အစိုးရဆေးရုံရှိ မှုခင်းဆရာဝန်များတွင် မှုခင်းရေးရာကိစ္စများ ပြီးဆုံးကြောင်း ထောက်ခံချက် ရရှိပြီးပါက ၎င်းတို့ဆေးရုံတွင် အတွင်းလူနာအဖြစ် လက်ခံကြောင်းနှင့် ဝန်ကြီးဌာနမှ ညွှန်ကြားချက်အသစ်များ ထပ်မံတိုးမြှင့် ချမှတ်ခဲ့ပါက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။



“ပုဂ္ဂလိကဆေးရုံ အမည်ခံထားတဲ့ ဆေးရုံတွေက အရေးပေါ်လူနာ မကုပေးဘူးတော့ မဟုတ်ဘူး။ သူတို့က အလုံးစုံ တာဝန်မယူတာ။ အမှန်တကယ်က အရေးပေါ်လူနာဖြစ်နေဦး ကုပေးလို့ရတဲ့ လူနာမျိုးဆိုရင်တော့ သူတို့မှာ စက်ပစ္စည်းပိုင်း၊ လူအင်အားပိုင်း၊ ကုသရေးပိုင်းမှာ အစိုးရဆေးရုံတွေထက် သူတို့က ပိုအားသာချက်ရှိတဲ့အတွက် ကုပေးလို့ရပါတယ်။ နောက် ပုဂ္ဂလိကဆေးရုံ အများစုက အစိုးရဆေးရုံက ဆရာဝန်တွေကို သုံးနေတယ်။ ကိုယ်တိုင် ကိုယ်ပိုင်ဆရာဝန် မမွေးဘူး။ တာဝန်ယူရတော့မယ့် ကုသရေးဆိုရင် အစိုးရကိုပဲ လွှဲနေသေးတယ်ဆိုတော့ ပုဂ္ဂလိကဆေးရုံတွေက ဘယ်လိုရောဂါမျိုးမှ ကုပေးချင်ကြတာလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ အမှန်က ကိုယ့်ဆေးရုံက ဆရာဝန်ကို ကိုယ်ကိုယ်တိုင် မွေးထုတ်ရမယ့်အပြင် လာတဲ့လူနာတိုင်းကိုလည်း အလုံးစုံ တာဝန်ယူနိုင်တဲ့အဆင့်မှာ ရှိနေရမှာပါ” ဟု ကျန်းမာရေးစီမံကိန်း ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ အငြိမ်းစားဆရာဝန်တစ်ဦးက သုံးသပ်ပြောကြားသည်။



ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေအခန်း(၆) ပုဒ်မ(၈)တွင် သတ်မှတ်ထားသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ အနေဖြင့် ၂၄ နာရီ တာဝန်ထမ်းဆောင်ရန် ဆောင်ရွက်ထားရမည့်အပြင် အပိုဒ်(င)တွင် အရေးပေါ် ပြင်ပလူနာ အတွင်းလူနာများကို ၂၄ နာရီ ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ထားရှိခြင်း၊ အပိုဒ်(စ)တွင် လူနာများကို အရေးပေါ် အသက်ကယ်ကုသ စောင့်ရှောက်မှုပေးနိုင်ခြင်းဆိုသည့် အချက်အလက်များ ပြည့်စုံမှသာလျှင် ပုဂ္ဂလိကဆေးရုံ၏ အင်္ဂါရပ်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးခန်းမှာလည်း ဆေးခန်းဆိုသည့်အတိုင်း အတွင်းလူနာကို လက်မခံဘဲ အပြင်လူနာအနေဖြင့် ထိခိုက်ဒဏ်ရာရ လူနာမျိုးများကို ပြုစုပေးရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းများကို ဥပဒေအရ လုပ်ရမည့်ကိစ္စများ ညွှန်ကြားထားသည့် တစ်ဦးချင်းတစ်ယောက်ချင်းအတွက် တာဝန်ခံပုဂ္ဂိုလ်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတို့၏ တာဝန်ဝတ္တရားများဟု ဆိုရာတွင်လည်း မည်သည့်အရေးပေါ်လူနာကိုမဆို အသက်ကယ်လုပ်ငန်းများ ဆောင်ရွက်ကုသပေးခြင်းနှင့် လိုအပ်ပါက ညွှန်းပို့ခြင်းဟု ဥပဒေပုဒ်မ(၂၅)၏ အပိုဒ်(ဆ)တွင်ပါကြောင်း၊ အပိုဒ်(စ)တွင်လည်း လူနာ၏အကျိုးရှေးရှု၍ လိုအပ်ပါက သက်ဆိုင်ရာပညာရှင်၊ ဌာန၊ ဆေးရုံများသို့ အချိန်မီညွှန်းပို့ခြင်းဆိုသည့်ကိစ္စ ပါပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လွဲမှားနေသော အယူအဆကို ပြည်သူများသိရှိရန် လိုအပ်ပါကြောင်း၊ ထိုဥပဒေများ ရှိသည့်အတွက် အကယ်၍ မလုပ်ခဲ့ဘူးဆိုရင် ဌာနဆိုင်ရာအနေဖြင့် မည်သို့အပြစ်ပေး အရေးယူသွားမည် ဆိုတာကိုလည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားပြီးဖြစ်သည်။



“အခု ပုဂ္ဂလိကဆေးရုံ အများစုက အရေးပေါ်လူနာကို လက်ခံကုသလိုက်လို့ ပြဿနာတွေရှုပ်လာမှာ၊ အမှုအပေါ်မှာ သက်သေခံအထောက်အထား ပျက်ယွင်းသွားမှာ၊ သက်သေလိုက်ပေးရမှာ စတဲ့အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်လူနာတွေဆို ပြည်သူ့ဆေးရုံတွေကိုပဲ လွှဲတာများလာတယ်။ ဒါတွေကြောင့် မလိုလားအပ်ဘဲ လူနာက အသက်သေဆုံးမှုတွေ ဖြစ်လာတယ်။ ဆရာဝန်တစ်ဦးအနေနဲ့ပဲကြည့်ရင် ဘယ်လူနာမျိုးမဆို ကုသခွင့်ရှိပြီး အသက်မသေအောင် အရေးပေါ်ကုသမှုတော့ လုပ်ပေးရမယ်။ အများစုက ခေါင်းရှုပ်မခံနိုင်တာရယ်၊ ဥပဒေကို သေသေချာချာ နားမလည်တာရယ်၊ လုပ်သင့်မလုပ်သင့် တွေဝေနေတာမျိုးတွေကြောင့် မလုပ်ပေးကြတော့တာ” ဟု ပြည်သူ့ဆေးရုံများရှိ အရေးပေါ်ဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဆရာဝန်တစ်ဦးက ဆိုသည်။



ထို့ပြင် မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေတွင် ဆရာဝန်(သို့) သားဖွားဆရာမများသည် တာဝန်ဝတ္တရားများကို မဆင်မခြင် ပေါ့လျော့ဆောင်ရွက်ခြင်း၊ ကျင့်ဝတ်သိက္ခာနှင့်အညီ လိုက်နာစောင့်ထိန်းမှု မရှိခြင်း၊ အရည်အသွေးနှင့်အညီ လုပ်နိုင်စွမ်းမရှိခြင်းဆိုသည့် ကိစ္စများနှင့် အရေးပေါ်ကိစ္စများတွင် အရေးယူနိုင်သည့် ဥပဒေပုဒ်မများ ရှိပြီးဖြစ်ကြောင်း သိရသည်။



ပြီးခဲ့သည့်နှစ်အတွင်းက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပုဂ္ဂလိကဆေးရုံများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ မွေးထုတ်ထားသော ပညာရှင်များကို ခေါ်ယူအသုံးပြုခြင်းထက် မိမိတို့ လူ့စွမ်းအားအရင်းအမြစ်ကို တစ်နိုင်တစ်ပိုင် တာဝန်ယူရန် အချိန်ရောက်ပြီဖြစ်ကြောင်း ပုဂ္ဂလိကဆေးရုံများ အသင်းနှစ်ပတ်လည် အထွေထွေမျက်နှာစုံညီ အစည်းအဝေးတွင် မှာကြားခဲ့ပြီးဖြစ်သည်။



သို့သော် လက်ရှိအချိန်အထိ ပုဂ္ဂလိကအပိုင်းမှ လူ့စွမ်းအားအရင်းအမြစ်များကို ကိုယ်တိုင်မွေးထုတ် အသုံးပြုခြင်းများ အားနည်းနေပြီး အစိုးရဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် အထူးကုဆရာဝန်ကြီး အများစုကို အပြိုင်အဆိုင် ခေါ်ယူအသုံးပြုလျက်ပင် ရှိနေသေးသည်။ ယင်းကဲ့သို့ အသုံးပြုနေခြင်းကြောင့် လူနာနှင့်ဆရာဝန် အချိုးမျှတမှု မရှိခြင်း၊ ရောဂါ၏ အခြေအနေကို အချိန်ပေး ဆွေးနွေးနိုင်မှု မရှိခြင်း စသည့်အကြောင်းရင်းများကြောင့် မလိုလားအပ်သည့် အမှုအခင်းဖြစ်မှုများ၊ တရားစွဲဆိုမှုများပင် ရှိလာခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးပညာရှင်များက သုံးသပ်ပြောကြားသည်။



လက်ရှိအချိန်ထိ ပုဂ္ဂလိကဆေးရုံများတွင် အဓိကတာဝန်ယူ ဆောင်ရွက်နေသည့် အများစုသော ကျန်းမာရေးပညာရှင်များမှာ အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ မွေးထုတ်လေ့ကျင့်ပေးထားသည့် ပညာရှင်များဖြစ်ပြီး နှစ်ပေါင်းများစွာ ပုဂ္ဂလိကကဏ္ဍမှာ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်စီးပွားကိုယ်ရှာသည့် အလုပ်သာ လုပ်ခဲ့သည်။ ဝန်ဆောင်မှုအပိုင်းကိုပဲ ထိတွေ့လုပ်ဆောင် အလေးပေးမှုများပြီး လေ့ကျင့်ပေးမှုအပိုင်းတွင် များစွာနည်းပါးနေရာ ပုဂ္ဂလိက ကဏ္ဍအနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်ကို တစ်နိုင်တစ်ပိုင် တာဝန်ယူရမည့်အချိန် ဖြစ်နေပြီဖြစ်သည်။



“ဝန်ကြီးဌာနမှ မွေးထုတ်ထားတဲ့ အထူးကုတွေ၊ သူနာပြုတွေ ကျွမ်းကျင်ပညာရှင်တွေကိုပဲ ပုဂ္ဂလိကအပိုင်းက အသုံးပြုနေခဲ့တာ နှစ်ပေါင်းကြာပြီလေ။ နိုင်ငံတကာမှာက ဒီလိုစနစ်နဲ့ မသွားပါဘူး။ သူတို့မှာ ပုဂ္ဂလိကဆေးကျောင်းတွေ ရှိတယ်။ အဲဒီကဆင်းတဲ့ HR ကို သူတို့ပုဂ္ဂလိက ဆေးရုံမှာပဲ ပြန်အသုံးချတယ်။ ကိုယ်တိုင်သင်ကြား ကိုယ်တိုင်မွေးထုတ်ထားတဲ့အတွက် ကိုယ့် HR ကို ကိုယ်တာဝန်ယူရတယ်။ အမှန်က ဒီလိုပဲဖြစ်သင့်တာပေါ့။ ပြည်တွင်းမှာက တစ်နှစ်ကို ဆေးတက္ကသိုလ်ကျောင်းဆင်း အနည်းဆုံး ၂ဝဝဝ လောက်ရှိတယ်။ အစိုးရက ဒီကျောင်းဆင်းအားလုံးကို အလုပ်မခန့်နိုင်ပါဘူး။ အဲဒီတော့ ကျန်တဲ့သူတွေကို ပုဂ္ဂလိကကဏ္ဍက တစ်နိုင်တစ်ပိုင် မွေးထုတ်ပေးမယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိလာမှာပါ။ သူတို့လေးတွေက တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေဖြစ်လာရင် ဘယ်ကဏ္ဍမှာပဲရှိရှိ ပြည်သူလူထုအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာစည်သူက ဆိုသည်။



မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းကို ၂ဝ၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်၊ အများပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ပုဂ္ဂလိကကဏ္ဍမှ ပိုမိုထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ပုဂ္ဂလိကဆေးရုံများ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ထောင်ခြင်းဖြစ်သည်ဟု သိရသည်။



“ကျွန်တော်တို့ဆေးရုံအနေနဲ့ အခုလောလောဆယ် အထူးကုဆရာဝန်တွေကို မွေးထုတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို့ဘက်က လူငယ်ဆရာဝန်တွေကို မွေးထုတ်သင်ကြားပေးချင်တဲ့စိတ် ရှိပါတယ်။ ဒါဟာ အခုချက်ချင်း လုပ်ယူလို့ရတဲ့ကိစ္စ မဟုတ်တဲ့အတွက် အားလုံးအချိန်ယူ လုပ်ဆောင်မှရမှာပါ။ အခုလည်း ကျွန်တော်တို့ဆေးရုံက လူငယ်ဆရာဝန်တွေကို တတ်နိုင်သလောက် သင်ကြားပေးနေတဲ့ အပိုင်းတွေလည်း ရှိပါတယ်” ဟု မဟာမြိုင်ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာတိတ်ဝမ်က ဆိုသည်။



ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း ယခုလအတွင်းက မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံကာ ပုဂ္ဂလိကဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် M.B.B.S ဘွဲ့ရများအား မဟာတန်း တက်ရောက်ခွင့်ပြုမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ယင်းကဲ့သို့ တက်ရောက်ခွင့်ပြုရာတွင် ဝင်ခွင့်ဖြေကြားသည့်စနစ်ဖြင့် တက်ရောက်ခွင့်ပြုရန် စီစဉ်နေပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများကို ရွေးချယ်တက်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် ယင်းစနစ်ဖြင့် ပုဂ္ဂလိကဆေးရုံများမှ ကိုယ်ပိုင်အထူးကု ဆရာဝန်များကို စတင်မွေးထုတ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။



မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်များမှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ် (မကွေး)တို့ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂ဝဝ ဦးဝန်းကျင် မွေးထုတ်သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနအောက်တွင် ဆေးရုံပေါင်း ၉၈၂ ရုံရှိပြီး ပုဂ္ဂလိကကဏ္ဍတွင် ဆေးရုံပေါင်း ၁၆ဝ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။





ပုဂ္ဂလိကဆေးရုံအဖြစ် ခေါင်းစဉ်တပ်ထားသော်လည်း ဆေးရုံအများစုမှာ အရေးပေါ် ကျန်းမာရေးစောင�

www.news-eleven.com

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို စောင့်ရှောက်မှုမပေးရဆိုသည့်အမိန့် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ပုဂ္ဂလိကဆေးရုံ အများစုမှာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုကို အလုံးစုံလက်ခံ ကုသမပေးဘဲ အစိုးရဆေးရုံသို့သာ လက်လွှဲပေးမှု များပြားနေခြင်း…

from Eleven Media Group's Facebook Wall http://ift.tt/YmAh8s

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3