Skip to main content

ရာသီဥတု ဖောက်ပြန်ခြင်းနှင့် သီးနှံဈေးကွက် ပျက်နေချိန်တွင် လယ်ယာမြေပြဿနာကိုပါ ရင...



ရာသီဥတု ဖောက်ပြန်ခြင်းနှင့် သီးနှံဈေးကွက် ပျက်နေချိန်တွင် လယ်ယာမြေပြဿနာကိုပါ ရင်ဆိုင်နေရသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှ တောင်သူလယ်သမားများ၏ ဆင်းရဲကျပ်တည်းမှု အဆိုးဆုံးအခြေအနေသို့ ရောက်လာ



တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာသော ရာသီဥတု ဖောက်ပြန်မှုနှင့် တရုတ်နိုင်ငံ တစ်ခုတည်းကိုသာ အဓိက အမှီသဟည်း ပြုနေရသဖြင့် ခေါင်းပုံဖြတ်ခြင်းခံနေရသည့် သီးနှံဈေးကွက် အခြေအနေကြောင့် စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ တောင်သူများအနေဖြင့် ခေတ်အဆက်ဆက်တွင် တပ်မတော်နှင့် စီမံကိန်းအသီးသီးမှ မြေယာသိမ်းယူခြင်းအပေါ် လက်ရှိအစိုးရမှ မှန်ကန်စွာဖြေရှင်းပေးမှု မရှိခြင်းကြောင့် မြေယာပြဿနာကိုပါ ထပ်မံရင်ဆိုင်နေရပြီး ဆင်းရဲကျပ်တည်းမှု အခြေအနေ အဆိုးဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။



လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အလွန်အကျွံ ဆိုးရွားလာသော ရာသီဖောက်ပြန်မှု၊ ရာသီဥတု အခြေအနေနှင့် ကိုက်ညီသောစိုက်ပျိုးနည်းပညာ ဖြန့်ဝေနိုင်မှု မရှိခြင်း၊ လယ်ယာလုပ်သား ရှားပါးလာခြင်း၊ လုပ်ငန်းခွင်ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် ဈေးကွက်တည်ငြိမ်မှု မရှိခြင်းများ အပါအ၀င် အစိုးရအနေဖြင့် ပကတိအခြေအနေကို ထိရောက်သည့် တုံ့ပြန်လုပ်ဆောင်ချက်များ ကင်းမဲ့နေခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းခွင် အနေအထားမှာ သိသိသာသာ နိမ့်ကျလာလျက်ရှိသည်။



“သုံးနှစ်ဆက် မိုးခေါင်တယ်။ မိုးခေါင်တော့ စပါးအထွက်နည်း၊ ဆန်ဈေးတက်။ တခြားကုန်ဈေးနှုန်းတွေပါ လိုက်တက်။ အဲဒီမှာ လယ်ယာလုပ်ငန်းခွင် ကုန်ကျစရိတ်တွေက သိသိသာသာပိုလာတယ်။ အဆိုးဆုံးက အလုပ်သမားစရိတ် နှစ်စဉ်တက်နေတာ။ ၀င်ငွေလျော့သွားပေမယ့် ကုန်ကျစရိတ် ထောင်းလာတာကြောင့် တောင်သူမှန်သမျှ အကြွေးနဲ့ မကင်းဘူး။ အစိုးရချေးငွေကတော့ စားစရာမရှိ လျော်စရာရှိရမယ်ဆိုတဲ့ စနစ်ကိုး။ အဲဒီတော့ နွားလေးရောင်းလိုက်၊ လယ်လေးပေါင်လိုက်နဲ့ ဖြေရှင်းနေရတယ်” ဟု ရွှေဘိုနယ်မှ တောင်သူဦးမြင့်က ဆိုသည်။



ဆီထွက်သီးနှံ အဓိကစိုက်ပျိုးသည့် မကွေးတိုင်း ၂၅ မြို့နယ်အနက် ငဖဲ၊ စေတုတ္တရာ၊ မြို့သစ်၊ အောင်လံ၊ တောင်တွင်းကြီး၊ သရက်၊ မင်းလှမြို့နယ်များတွင်သာ မိုးဦးကျရာသီက ပုံမှန်မိုးရွာသွန်းမှုအတိုင်း ရွာသွန်းခဲ့သောကြောင့် မြေပဲနှင့်နှမ်းများ ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ခဲ့သော်လည်း ကျန်မြို့နယ်များတွင် မိုးရွာသွန်းမှု နည်းလွန်းသောကြောင့် ယနေ့ထိ မြေပဲလုံးဝ မစိုက်ပျိုးနိုင်သေးဘဲ မိုးဦးနှမ်း စိုက်ပျိုးချိန်လည်း တစ်လကျော်နောက်ကျခဲ့ကာ သီးနှံဖြစ်ထွန်းမှု နည်းခဲ့ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။



ရာသီဥတု ဖောက်ပြန်မှုများကြောင့် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ စသည်တို့ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာကြရကြောင်း၊ အချို့ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများမှာ အရည်အသွေး အာမခံချက်မရှိဘဲ သီးနှံပင်များကိုပါ ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ မကွေးတိုင်းအတွင်း တောင်သူများမှာ ရာသီဥတု ဖောက်ပြန်မှု၊ သီးနှံပေါ်ချိန်တွင် ဈေးကောင်းမရရှိမှု၊ သီးနှံစိုက်ပျိုးမှုအတွက် အရင်းအနှီး ကြီးမြင့်လာမှုတို့ကြောင့် နှစ်စဉ်နီးပါး အရှုံးပေါ်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။



“တောင်သူမှာက မိုးမကောင်းလို့ သီးနှံပျက်တဲ့အတွက် အဆင်မပြေလိုက်။ သီးနှံအထွက်ကောင်းပြန်တော့ ဈေးမကောင်းလို့ အဆင်မပြေလိုက်နဲ့ အတော်ကို ဒုက္ခရောက်တယ်။ သီးနှံပေါ်ချိန်ဆိုရင် ဈေးကလည်း နှစ်တိုင်းကျတယ်။ တောင်သူလက်ထဲ သီးနှံရောင်းစရာ ကုန်ပြီဆိုရင် ဈေးကတက်ပြီ။ တောင်သူကလချီပြီး လက်ထဲမှာ လှောင်မထားနိုင်တော့ ပေါ်ပြီးမကြာခင် ရတဲ့ဈေးနဲ့ ရောင်းရတာပဲ။ ရာသီဥတုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတော့ တောင်သူလုပ်ရတာ စိတ်ဓာတ်ကျလာပြီ” ဟု ပခုက္ကူ မြို့နယ်၊ ကိုင်းကျေးရွာမှ တောင်သူကိုသက်ခိုင်က ပြောကြားသည်။



ပိုမိုဆိုးရွားသည့် အနေအထားတစ်ခုမှာ မြေယာပြဿနာများတွင် ဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် တောင်သူများစွာ တရားစွဲ၊ ထောင်ချခံရမှုတို့ ရင်ဆိုင်နေကြရပြီး ထွန်တုံးတိုက်မှု၊ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ်နေမှုကို အစိုးရအနေဖြင့် လျစ်လျူရှုထားခြင်းဖြစ်ကြောင်း သိရသည်။ အဓမ္မ မြေယာသိမ်းဆည်းမှုပြဿနာ ၉၀ ရာခိုင်နှုန်းနှင့်အထက်မှာ ဥပဒေချိုးဖာက်မှုများကြောင့် ပြေလည်ခြင်းမရှိသေးဘဲ မြေသိမ်းခံတောင်သူများစွာ ကျပ်တည်းမှုမှာ ထွက်ပေါက်မဲ့လျက်ရှိကြောင်း သိရသည်။



ယခင် စစ်အစိုးရလက်ထက်တွင် တပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ၊ လေယာဉ်ကွင်း၊ မီးရထားလမ်းနှင့် ကြက်ဆူစိုက်ခင်းများအတွက်လည်းကောင်း တောင်သူများ၏ ယာမြေအများအပြားအား လျော်ကြေးငွေမပေးဘဲ သိမ်းယူမှုများ ပြုလုပ်ခဲ့သည့်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးကာ အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။



အစိုးရသစ်တက်လာပြီး ဒေသခံများမှာ လယ်ယာမြေ သိမ်းဆည်းခံမှုများအား တိုင်ကြားမှုပြုလုပ်ခဲ့၍ အချို့မှာ ယာမြေများ ပြန်လည်ရရှိသော်လည်း အချို့မှာ လုံးဝစွန့်လွတ်ခဲ့ရမှုများ ရှိခဲ့ရပြီး လျော်ကြေးပေးရန် ဆုံးဖြတ်ထားသော ယာမြေများနှင့်ပတ်သက်၍ ယနေ့တိုင် လျော်ကြေးငွေ မရရှိသေးကြောင်း သိရသည်။



“လေယာဉ်ကွင်းအတွက် အသိမ်းခံခဲ့ရတဲ့ မြေတွေနဲ့ပတ်သက်ပြီး လျော်ကြေးပေးမယ်လို့တော့ သိထားတယ်။ ဘယ်တော့ပေးမယ်၊ ဘယ်လောက်ပေးမယ်ဆိုတာတော့ မသိသေးဘူး။ အဲဒီခေတ်တုန်းက ယာမြေလုပ်စားစရာ မကျန်အောင် အသိမ်းခံရပြီး ဘ၀ပျက်သွားတဲ့သူတွေ၊ အဲဒီစိတ်နဲ့ သေသွားတဲ့သူတွေ အများကြီးပဲ။ တချို့ ယာရှင်ဘ၀ကနေ ခုချိန်ထိ ကျပန်းလုပ်ပြီး အသက်ရှင်နေရတဲ့သူတွေ အများကြီးပဲ။ တချို့ဆိုရင် ထန်းပင်တွေရော ရိတ်သိမ်းချိန်ရောက်နေတဲ့ သီးနှံတွေရော ဘူဒိုဇာတွေနဲ့ထိုးပြီး အဖျက်ခံလိုက်ရတယ်” ဟု ပခုက္ကူလေယာဉ်ကွင်း တည်ဆောက်ရေးအတွက် ယာမြေ ၁၀ ဧက အသိမ်းခံခဲ့ရသည့် ဒေသခံတစ်ဦးက ပြောကြားသည်။



“တောင်သူ ၅၆ ဦးကို ပြင်းထန်တဲ့ထောင်ဒဏ်တွေ ချလိုက်တယ်။ လက်ရှိ ၁၇၀ ကျော် တရားရင်ဆိုင်နေရဆဲပဲ။ ထင်ရှားသိသာနေတဲ့ ဥပဒေချိုးဖောက်မှုတွေကို အစိုးရအနေနဲ့ လျစ်လျူရှုတာကို ကျွန်တော်တို့ သံသယရှိပါတယ်။ မြေသိမ်းခံရတယ်။ တရားစွဲ ထောင်ချခံရတယ်။ ကိုယ်ထိလက်ရောက် ထိုးနှက်တာ၊ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ခံနေရတယ်။ ၀င်ငွေမရှိဘူး။ တောင်သူတွေဟာ အနာဂတ်ပျောက်ပြီး ပြဿနာတွေကနေ ထွက်ပေါက်မဲ့နေတာ” ဟု ကန့်ဘလူ ကြံစီမံကိန်းဧရိယာအတွက် မြေသိမ်းခံတောင်သူ ဦးထိုက်က ပြောကြားသည်။



“ကျွန်တော်တို့ အောင်ကုန်းကျေးရွာမှာ လယ်ယာလက်ကား သမ(၃)က သိမ်းယူထားတဲ့လယ်မြေတွေ ရရှိဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေတာကြာပြီ။ လမ်းလျှောက်ဆန္ဒဖော်ထုတ်တယ်။ သပိတ်စခန်းဖွင့်တယ်။ ထွန်တုံးတိုက်ပွဲ ဆင်နွှဲတယ်။ ဘယ်တာဝန်ရှိသူမှ လာရောက်ဖြေရှင်းပေးတာ မရှိဘူး။ ဖြေရှင်းသာမပေးတာ တရားစွဲတာတွေကတော့ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၄၄၇ တို့နဲ့ တချို့လယ်သမားတွေဆို လေးထပ်ကွမ်း အမှုဖွင့်ခံရတယ်။ အုပ်ချုပ်ရေးမှူးက စွဲလိုက်၊ ဆိုက်တာဝန်ခံက စွဲလိုက်၊ ရဲကစွဲလိုက်နဲ့ပေါ့။ လုပ်စားရမဲ့ လယ်တွေကို သိမ်းထားတယ်။ ကျန်တဲ့လယ်တွေက အင်းမအင်းတမံကြောင့် ရေမြုပ်ကုန်တယ်။ စိုက်ပျိုးချိန်လည်း ရောက်နေပြီ။ လယ်သမားတွေရဲ့ မျှော်လင့်ချက်က ဘယ်မှာလိုက်ရှာရမှန်းကို မသိတော့ဘူး” ဟု တရားစွဲဆိုခံထားရသည့် သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။



တောင်သူများအနေဖြင့် ရာသီဥတု အခက်အခဲများကြားမှ ရရှိလာသော သီးနှံများကို ရောင်းချရာတွင်လည်း တရုတ်ဝယ်လက်၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကို ခံနေရခြင်းကြောင့် ဆင်းရဲတွင်းနက်သည်ထက် နက်နေရသည် ပြောဆိုမှုများလည်း ရှိနေသည်။ အထက်မြန်မာပြည်၏ စပါးကျီဟု တင်စားခေါ်ဝေါ်ရာ ရွှေဘိုနယ်တွင်လည်း စနစ်ကျသည့်ဈေးကွက် မရှိဘဲ တရုတ်ဝယ်လက်များအပေါ် အားထားနေရခြင်းကြောင့် တောင်သူများ ထိခိုက်နစ်နာနေရပြီး လယ်ယာလုပ်ငန်းခွင်ကို စွန့်လွှတ်သူ နှစ်စဉ်များပြားလျက်ရှိသည်။



“ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစပြီး စပါးဈေးကွက်ကို တရုတ်တွေဝင်လာတယ်။ အဲဒီနောက်ပိုင်းဈေးကွက်က အတက်အကျ သိပ်မြန်လာတယ်။ အရောင်းအ၀ယ်ကလည်း သူတို့အပေါ်မူတည်ပြီး လုပ်ရတာ။ တစ်နေ့ရွှေ တစ်နေ့ငွေဆိုတော့ သိသိသာသာ ထိခိုက်လာတယ်။ အစိုးရကတော့ ဒီအခြေအနေကို သူတို့နဲ့ မဆိုင်သလိုပဲ” ဟု ဆန်ကုန်သည်ဦးအောင်က သုံးသပ်သည်။



ဘက်ပေါင်းစုံမှ ထိုးနှက်ချက်များကြောင့် အထိနာနေသော တောင်သူများစွာသည် အစိုးရ၏ လုပ်ဆောင်ချက်များကို ယုံကြည်မှုကင်းမဲ့လျက်ရှိကာ ပြီးခဲ့သည့် တစ်နှစ်အတွင်း ဆန္ဒထုတ်ဖော်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း ယနေ့အချိန်ထိ တောင်သူများအတွက် ကယ်တင်ရှင်ပေါ်မလာသေးဘဲ ဆင်းရဲတွင်းနက်နေဆဲပင် ဖြစ်သည်။





ရာသီဥတု ဖောက်ပြန်ခြင်းနှင့် သီးနှံဈေးကွက် ပျက်နေချိန်တွင် လယ်ယာမြေပြဿနာကိုပါ ရင်ဆိ�

www.news-eleven.com

တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာသော ရာသီဥတု ဖောက်ပြန်မှုနှင့် တရုတ်နိုင်ငံ တစ်ခုတည်းကိုသာ အဓိက အမှီသဟည်း ပြုနေရသဖြင့် ခေါင်းပုံဖြတ်ခြင်းခံနေရသည့် သီးနှံဈေးကွက် အခြေအနေကြောင့် စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ တောင်သူများအနေဖြင့် ခေတ်အဆက်ဆက်တွင် တပ်မတော်နှင့် စီမံကိန်းအသီးသ…

from Eleven Media Group's Facebook Wall http://ift.tt/YmAkRz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...