အမေရိကန်တွင် အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်း လုပ်ကိုင်သူဦးရေ မြင့်တက်
လွန်ခဲ့သည့် ၅ နှစ်ခန့်က ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး အကျပ်အတည်း ကာလနောက်ပိုင်း အမေရိကန် စီးပွား ရေးမှာ တိုးတက်မှုရှိလာနေပြီး အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းခွင် ၀င်ရောက်မှု မှာလည်း များပြားလာ နေသည်ဟု economictime တွင် မေလ ၁၉ ရက်က ရေးသားဖော်ပြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက အမေရိကန်ပြည်ထောင်စုရှိ အလုပ်လက်မဲ့ဦးရေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်း ခန့်ကသာ အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ အလုပ်လက်မဲ့ ဦး ရေ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်က အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်လာကြ သည်ဟုလည်း အထက်ပါ သတင်းတွင် ဖော်ပြသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1vDgH4e
Comments
Post a Comment