မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် ပါတီများက တညီတညွတ်တည်း တင်ပြလာပါက ဖျက်သိမ်းနိုင်ဟုဆို
အေးမြင့်စန်း| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ်
မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ညွှန်ကြားချက် မူကြမ်းကို နိုင်ငံရေးပါတီ ၆၅ ပါတီက အချက်လက်များနှင့်တကွ တညီတညွတ်တည်း တင်ပြလာပါက ကော်မရှင် ဥက္ကဋ္ဌက ဖျက်သိမ်းပေးနိုင်ချေရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မေ ၂၀ တွင် မဇ္ဈိမကို ပြောသည်။
မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် မူကြမ်းကို ပါတီများသို့ ပေးဝေထားပြီး မူကြမ်းနှင့်ပတ်သက်၍အကြံပြုချက်များ၊ ဆွေးနွေးချက်များ ပေးပို့ရန်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားထားသည်။
ဦးသောင်းလှိုင်က “ညွှန်ကြားချက်က ထုတ်မှ မထုတ်ပြန်ရသေးတာ။ ချပြတဲ့ သဘောပဲ ရှိသေးတယ်။ ကော်မရှင်ဥက္ကဋ္ဌကို ဆွေးနွေးပါ။ အကြံပြုချက်တွေပို့ပါလို့ ကော်မရှင်ဥက္ကဋ္ဌကလဲ ဆွေးနွေးထားတယ်လေ။ ၆၅ ပါတီကသာ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်တွေအပေါ် ပယ်ပေးပါလို့ အချက်အလက်နဲ့တကွ ညီညီညွတ်ညွတ် တင်ပြမယ်ဆို ကော်မရှင်ဥက္ကဋ္ဌကလဲ ဖျက်သိမ်းဖို့ ဆုံးဖြတ်နိုင်ချေရှိပါတယ်”ဟု ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/R6TR4t
Comments
Post a Comment