Skip to main content

ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုနေကြပြီလား စည်သူအောင်မြင့် ပြီးခဲ့တဲ...



ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုနေကြပြီလား



စည်သူအောင်မြင့်



ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ဧရာဝတီတိုင်း ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး လူ ၅,၀၀၀ လောက် ပါဝင်တဲ့ ဆန္ဒထုတ်ဖော် ပွဲတစ်ခု ပြုလုပ်ပါတယ်။ ဆန္ဒထုတ်ဖော်ရတဲ့ အဓိကအကြောင်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ ၅၉(စ) မပြင်ရေးဆိုပေမယ့် တကယ့်လက်တွေ့ ပွဲလုပ်ဖို့ စည်းရုံးရာမှာတော့ ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ်လို့ ခေါ်ယူစည်းရုံးမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ တကယ်လည်း ဘုရားဆင်းတုတော် အဆူ ၈၀၀ လောက် မဲဖောက်ပေးခဲ့တယ်လို့ မြို့နယ်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တဲ့ လုပ်ရပ်အဖြစ် သတ်မှတ်နိုင်သလား၊ အလွဲသုံးစားလုပ်တယ်ဆိုတာ ပေါ်ပေါက်ရင် ဘယ်လိုအရေးယူလို့ရသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုဝေဖန်မှုတွေ ရှိနေသလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။



ဒီဆန္ဒထုတ်ဖော်ပွဲကို ပြည်သူတွေလာ ရောက်ဖို့စည်းရုံးရာမှာ ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ်ဆိုတဲ့ ပြောဆို စည်းရုံးမှု ရှိခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းကြပါဘူး။ ဒါတင်မက ဒီဆန္ဒထုတ် ဖော်ပွဲမလုပ်ခင် ဇလွန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ဘဏ္ဍာရေးမှူးဆရာတော် ဦးသဒ္ဓမ္မ၀ံသက ဒီပွဲကို ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေဆီ သွားပြီး ဘာသာရေးနဲ့ နိုင်ငံရေးကိစ္စ ရောမလုပ်ဖို့၊ ကြိုတင်သွားရောက် တားဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါတင်မက မဘသဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် သက်ဆိုင်ရာတွေကို ကြိုတင် အကြောင်းကြား တားမြစ်ခဲ့သေးတယ်လို့ မိန့်ပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေကတော့ လက်ခံခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်ပွဲနဲ့ ဘုရားဆင်းတု မဲဖောက်ပွဲ တွဲလုပ်ပြီး ပရိတ်အဖွဲ့တွေ ထည့်သွင်းပြီး သာသနာ့အလံတွေလည်း အသုံးပြုသွားတယ်လို့ ဆိုပါတယ်။



နောက်တစ်ချက် ဇလွန် ပြည်ခိုင်ဖြိုးပါတီ အသုံးပြုခဲ့တဲ့ ဆိုင်းဘုတ်တွေမှာလည်း သက်ဆိုင်ရာကနေ ခွင့်ပြုချက်မရတဲ့

“အမျိုးမစစ်ရင် အမျိုးမချစ်ဘူး” “အမျိုးစစ်မှ အမျိုးချစ်မည်။ အမျိုးဖျက်သူ အလိုမရှိ” ဆိုတဲ့ စာသားတွေကိုလည်း အသုံးပြုခဲ့ပါသေးတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဒီလုပ်ရပ်ကို ဇလွန် မဘသအဖွဲ့က ကန့်ကွက်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ဖို့တောင် ရှိတယ်လို့ ဆိုပါတယ်။



အလားတူ မေလ ၁၂ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့ ကန်သာယာကွင်းမှာ ကျင်းပတဲ့ တောင်သူလယ်သမားများပါတီ ညီလာခံစင်မြင့်မှာ “အမျိုးဘာသာ သာသနာအား ကာကွယ်စောင့်ရှောက်မည့် လယ်သမားပါတီလာပြီ” ဆိုတဲ့ စာတန်းကြီး အထင်အရှား ချိတ်ဆွဲထားပါတယ်။ အာဏာပိုင်တွေ ခွင့်ပြုခဲ့သလား၊ ခွင့်ပြုချက် မရဘဲချိတ်ခဲ့သလား မသိနိုင်ပါ။ ဒီပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက “နောင် ၁၀ နှစ်လောက် ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော်တို့ရဲ့လူမျိုးဟာ ကွယ်ပျောက်သွားနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခု ရင်ဆိုင် ကြုံတွေ့နေရပြီ။ ဒါကြောင့် ကျွန်တော်တို့ ပါတီအနေနဲ့ အမျိုးဘာသာ သာသနာကို ထာဝရတည်တံ့ခိုင်မြဲဖို့ တိုင်းရင်းသား၊ ပြည်သူလူထု၊ ရဟန်းရှင်လူတွေနဲ့ အတူ လက်တွဲပြီး ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ သစ္စာပြု ကတိပေးပြောကြား လိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။



တကယ်တော့ ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲထည့်တာ အဲဒီပါတီတွေက အရင်ဦးဆုံး မဟုတ်ပါဘူး။ ထင်ထင်ရှားရှားနဲ့ အစောဆုံး ဟောပြောခဲ့သူကတော့ မဘသ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူပါ။ သူက အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့လိုတယ်။ ဒါကြောင့် ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉ (စ) ကို ဆက်ပြီး ထားဖို့လိုတယ်။ တကယ်လို့ ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်လိုက်ရင် တရုတ်၊ ကုလားတွေ သမ္မတဖြစ်နိုင်တယ်ဆိုပြီး မမှန်မကန် ၀ါဒဖြန့် ဟောပြောတာမျိုး လုပ်ခဲ့သူပါ။ (ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(ခ) မှာ “မိမိနှင့် မိမိ၏ မိဘနှစ်ပါးစလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်” လို့ အတိအလင်း ပါထားပြီး ဖြစ်ပါတယ်။)



ဒါတင်မက အရှင်ဝီရသူဟာ “ဒေါ်စုသာ သမ္မတဖြစ်သွားမယ် ဆိုလို့ရှိရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖရိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်” ဆိုပြီး ဘာသာရေးနဲ့ မဆိုင်တဲ့ နိုင်ငံရေးစကားတွေ မိန့်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မဘသအဖွဲ့ကြီးက အဖွဲ့ရဲ့သဘောထား မဟုတ်ပါဘူးလို့ တရားဝင် ကန့်ကွက်တာ မရှိခဲ့ပါဘူး။



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(င) မှာ “ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုရ”လို့ ပြဌာန်းထားပါတယ်။ တကယ်လို့ အဲဒီပုဒ်မကို ချိုးဖောက်ရင် ပါတီတစ်ခုအနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဆိုပြီး ပုဒ်မ ၁၂(က)မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခု ဇလွန် ပြည်ခိုင်ဖြိုးပါတီရဲ့ လုပ်ရပ်၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးတို့ရဲ့ ပါတီစည်းရုံးမှုတွေဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုရဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့ ငြိစွန်းမှု ရှိမရှိ၊ စိစစ်၊ စစ်ဆေးဖို့ လိုပါတယ်။ ငြိစွန်းတယ်ဆိုရင်လည်း ဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း အရေးယူဖို့ လိုပါတယ်။ ဒီပြဿနာ သတင်းမီဒီယာတွေမှာ အတိအလင်းဖော်ပြထားပြီးဖြစ်လို့ “တိုင်သူရှိမှ စစ်ဆေးမယ်”ဆိုတဲ့ သဘောမထားဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အချိန်မဆိုင်းဘဲ ကိုင်တွယ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် သိပ်မကြာခင်ကာလ အတောအတွင်း နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီတွေ မဲရဖို့အရေး၊ လူထုထောက်ခံမှုရဖို့အရေး နိုင်ငံရေးထဲ ဘာသာရေးကို ဆွဲထည့် လာစရာ ရှိနေပါတယ်။ “ကျုပ်တို့ ပါတီဟာ အမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့ ပါတီဖြစ်တယ်၊ ဗုဒ္ဓဘာသာ ၀င်မှန်ရင် ကျုပ်တို့ပါတီကို ထောက်ခံကြ၊ ကျုပ်တို့ပါတီကို မဲထည့်ကြ” ဆိုတာမျိုး ဖြစ်မလာဘူးလို့ မပြောနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TsAaWK

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...