Skip to main content

ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ကချင်နှင့် ရှမ်းတွင် ဦးစားပေးဖွဲ့မည်...



ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ကချင်နှင့် ရှမ်းတွင် ဦးစားပေးဖွဲ့မည်



ယုဝေ| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ်



ဒေသခံများနှင့်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့များကို တပ်မတော်နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြန်ဖြစ်လေ့ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဦးစားပေးဖွဲ့စည်းသွားမည်ဟု ယင်းအဖွဲ့များ ပေါ်ပေါက်လာ စေရန်ဆောင်ရွက်နေသည့် Gender and Development Initiative (GDI) အမှု ဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။



ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေး အဖွဲ့များသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လုပ် ဆောင် နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်ရန်သာမက ငြိမ်းချမ်းရေးတွင် ပြည်သူလူထုပါဝင်နိုင်မှု အခန်းကဏ္ဍကိုလည်း စောင့်ကြည့်သွားမည် ဖြစ်သည်။



“နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကို စောင့်ကြည့်တာထက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို စောင့်ကြည့်မှာပါ။ အဓိက ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုပါဝင်နိုင်မှု၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်းကို အဓိက ထားသွားမှာပါ” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။



ကချင်ပြည်နယ်တွင် ဖားကန့်၊ ၀ိုင်းမော်၊ မိုးညှင်းမြို့နယ်၊ ရှမ်းပြည်နယ်တွင် ဖယ်ခုံ၊ တောင်ကြီးနှင့် ကွန်ဟိန်းမြို့နယ်တို့ တွင် စတင်ဖွဲ့စည်းနေပြီဖြစ်ပြီး ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင်လည်း ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်သည်။



ငြိမ်းချမ်းရေးဖော်ဆောင်ရေး စောင့်ကြည်ရေးဒေသခံ အဖွဲ့တစ်ဖွဲ့လျှင် ၂၅ ဦးခန့် ပါဝင်မည်ဖြစ်ပြီး GDI မှ ငြိမ်းချမ်းရေး စောင့်ကြည်မှုကျွမ်းကျင်သူများမှ လေ့ကျင့်သင်တန်းပေးမည်ဖြစ်သည်။



နှစ်ဖက်သဘောတူညီချက်ကို ဖောက်ဖျက်သည်များ တွေ့ရှိပါက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT)၊ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) နှင့်သက်ဆိုင်ရာ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များကိုတင်ပြသွားမည်ဟု ဆိုသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1pbeDvy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...