Skip to main content

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံညှိနှိုင်းရန် အစိုးရနှင့် NCCT ယနေ့တွေ့မည် ရန်ကု...



တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံညှိနှိုင်းရန် အစိုးရနှင့် NCCT ယနေ့တွေ့မည်



ရန်ကုန်၊ မေ ၂၀



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ချုပ်ဆိုမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ယနေ့ (မေ ၂၁) တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် ခေါင်းဆောင် များက ပြောကြားသည်။



သြဂုတ်လမတိုင်မီ လက်မှတ် ရေးထိုးနိုင်ရန် ရည်ရွယ်ထားသော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ပူးတွဲ ရေးဆွဲရေးအတွက် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NCCT အဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ တတိယ အကြိမ်အဖြစ် မေလ ၂၁ မှ ၂၂ ရက်နေ့အထိ တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်း အကြံပေးတစ်ဦးက ပြောဆိုသည်။



ယင်းဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်ရပ်စာချုပ် ဆွေးနွေးမှု၌ ကျန်ရှိနေသော ကွဲလွဲချက်များကို ထပ်မံညှိနှိုင်းမည် ဖြစ်ကြောင်း၊ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်ရှစ်ဦး ပါဝင်မည် ဖြစ်ကြောင်း NCCT ထံမှ သိရသည်။



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပစ်ရပ်စာချုပ် ညှိနှိုင်းရာတွင် အခြေအနေ တိုးတက်လာသော်လည်း တပ်မတော်၏ ရပ်တည်ချက် များကြောင့် ဆက်လက်ညှိနှိုင်းရန် ခက်ခဲနေကြောင်း၊ သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်တို့က ဖက်ဒရယ်စနစ်ကို လက်ခံလိုသော်လည်း အမှန်တကယ် ဆွေးနွေးညှိနှိုင်းရာတွင် တပ်မတော်က လက်မခံကြောင်း NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

“တည်ဆဲဥပဒေတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်ဆိုတဲ့ အချက်တွေကြောင့် သိပ်မလွယ်ဘူး ဖြစ်နေတယ်” ဟု ဦးနိုင်ဟံသာက ဆိုသည်။



သို့သော် အပစ်အခတ်ရပ်စဲရေး ကြန့်ကြာနေမှုမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖက်လုံးတွင် တာဝန်ရှိနေပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အားစိုက်ကြိုးပမ်းမည် ဖြစ်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင်ပင်ဖြစ်သူ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုထားသည်။



အစိုးရနှင့် NCCT တို့ ဧပြီလဆန်းက နောက်ဆုံးအကြိမ် အပစ်ရပ်စာချုပ် ညှိနှိုင်းရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အထိ ပါဝင်တက်ရောက်ခဲ့ပြီး တစ်ခုတည်းသော အပစ်ရပ်စာချုပ် (Single Text) မူကြမ်းကို သဘောတူ ချမှတ်နိုင်ခဲ့သည်။



အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်အလက် ၁၀၀ ကျော်တွင် သုံးပုံနှစ်ပုံခန့်အထိ နှစ်ဖက် သဘောတူထားနိုင်ပြီး ကျန်ရှိ ကွဲလွဲချက်များကို ထက်ဝက်စီ အလျှော့ပေး လက်ခံနိုင်မည် ဆိုပါက ပြေလည်မည် ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1ndwpSa

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...