Skip to main content

“မာရှယ်လောထုတ်ပြန်မှုဟာ သမာသမတ်ကျတဲ့ မီဒီယာတွေ အပေါ်မှာတော့ သက်ရောက်မှု လုံးဝမရှိပါ...



“မာရှယ်လောထုတ်ပြန်မှုဟာ သမာသမတ်ကျတဲ့ မီဒီယာတွေ အပေါ်မှာတော့ သက်ရောက်မှု လုံးဝမရှိပါဘူး”၊ Nation Media Group မှ President Mr.Pana Janviroj နှင့် ဆက်သွယ်မေးမြန်းခြင်း



မေ ၂၀ နံနက် အစောပိုင်းတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ လတ်တလော အခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ Nation Media Group ၏ President Mr.Pana Janviroj အား ဆက်သွယ်မေးမြန်းချက်များကို ပြန်လည်ဖော်ပြအပ်ပါသည်။



မေး ။ ယနေ့နံနက်အစောပိုင်း (ထိုင်းစံတော်ချိန် နံနက် ၃ နာရီ) မှာ ထိုင်းစစ်တပ်က မာရှယ်လော (စစ်အုပ်ချုပ်ရေး) ထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို သိရှိလိုပါတယ်။



ဖြေ ။ လွန်ခဲ့တဲ့ အပတ်ကစပြီးတော့ လွှတ်တော်က လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ထွက်ပေါက်ရဖို့အတွက် နှစ်ဖက်စလုံး (အစိုးရဘက်ရော ဆန္ဒပြသူတွေကိုပါ) စားပွဲပေါ်မှာ ဆွေးနွေးဖို့ ခေါ်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ယာယီဝန်ကြီးချုပ်တစ်ယောက် အလျင်အမြန် ခန့်အပ်ဖို့ဆိုတဲ့ တောင်းဆိုချက်ကို လွှတ်တော်က ငြင်းဆန်ပြီးတဲ့ နောက်မှာတော့ ဆန္ဒပြသူတွေဘက်က တွေ့ဆုံဆွေးနွေးပွဲကို ငြင်းဆန်ခဲ့ပါတယ်။ တနင်္လာနေ့မှာ လွှတ်တော်ဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၀န်ကြီးချုပ်နုတ်ထွက်မှ ယာယီအစိုးရနဲ့ ယာယီဝန်ကြီးချုပ် ခန့်အပ်နိုင်မှာ ဖြစ်ပေမယ့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ကြီးချုပ်က နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေး အကျပ်အတည်း ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ရှပ်နီတွေရော PDRC တွေရောဟာ အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့ သူတို့ရဲ့ အုံကြွမှုအသီးသီးကို တစ်ဆင့်တိုး လုပ်ဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်တော်ထင်တာတော့ စစ်တပ်ဟာ လှုပ်ရှားရတော့မယ်လို့ ဆုံးဖြတ်ခဲ့ပုံရတယ်။ သူတို့ဟာ အစီအစဉ်ကို အရမ်းသိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့ပြီး မာရှယ်လော ထုတ်ပြန်မယ်ဆိုတဲ့ ဘယ်လိုပေါက်ကြားမှုမျိုးမှ မရှိခဲ့ပါဘူး။



မေး ။ ယခုကဲ့သို့ မာရှယ်လောထုတ်ပြန်မှုအတွက် ထိုင်းနိုင်ငံအတွင်း ဘယ်လိုသက်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို သိရှိလိုပါတယ်။



ဖြေ ။ အရင်တုန်းကလည်း ကျွန်တော်တို့ဆီမှာ အာဏာသိမ်းမှုတွေ ရှိခဲ့ပါတယ်။ သာမန်လူတွေကိုတော့ ထိခိုက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အခု မာရှယ်လောဟာ လုံခြုံရေးအခြေအနေအရ အခြေခံဥပဒေ ဘောင်အတွင်းမှာပဲ ရှိနေပါသေးတယ်။ အထူးသဖြင့် ရှပ်နီ၊ ရှပ်ဝါ ဆန္ဒပြသူတွေအပေါ်မှာတိုက်ရိုက်သက်ဆိုင်တာပါ။ (ဥပမာအားဖြင့် သူတို့က အမုန်းတရားတွေကို တစ်ဖက်သတ် ထုတ်လွှင့်နေတဲ့ တီဗွီချန်နယ်တွေကို ပိတ်လိုက်ပါတယ်။ နေးရှင်းကိုတော့ ပိတ်လိုက်တာ မရှိပါဘူး။ ကျွန်တော်တို့က သတင်းရိုးရိုးတွေကိုသာ တင်ဆက်ပါတယ်) ဒါပေမဲ့ မာရှယ်လောဟာ နိုင်ငံခြား ခရီးသွားလုပ်ငန်းကိုတော့ ထိခိုက်မှု ရှိပါလိမ့်မယ်။ ဒီမာရှယ်လောဟာ လုံခြုံရေး အခန်းကဏ္ဍကလွဲလို့ အစိုးရရဲ့ အုပ်ချုပ်ရေးအပေါ် သက်ရောက်မှု မရှိပါဘူး။



မေး ။ ယခင်က စစ်တပ်အာဏာသိမ်းမှုများနဲ့ ယခုဖြစ်စဉ် ဘယ်လိုကွာခြားသလဲ သိရှိလိုပါတယ်။



ဖြေ ။ ပုံမှန်အားဖြင့်တော့ စစ်တပ်အာဏာသိမ်းမှုမှာ အစိုးရကို ဖျက်သိမ်းလိုက်ပြီး ၀န်ကြီးအချို့နဲ့၊ နိုင်ငံရေးသမားအချို့ကို ဖမ်းဆီးထောင်ချတာမျိုး ရှိတယ်။ ဒီတစ်ခါမှာတော့ အဲလိုမျိုးတွေ မရှိဘူး။



မေး ။ မာရှယ်လောကြေညာပြီး လက်ရှိအချိန်အထိ ထိုင်းအိမ်စောင့်အစိုးရ တည်ရှိနေဆဲလို့ သိရှိရပါတယ်။ အဲဒီ အခြေအနေအပေါ် သိရှိလိုပါတယ်။



ဖြေ ။ ခုနက ပြောခဲ့သလိုမျိုးပါပဲ။ လက်ရှိမှာ လုပ်ပိုင်ခွင့်အာဏာ အကန့်အသတ်ရှိတဲ့ ယာယီအစိုးရ တစ်ခုတော့ ရှိနေပါတယ်။ ခြောက်လအကြာ တိုးတက်မှုနဲ့ အလျှော့ပေးညှိနှိုင်းမှုတွေ မရှိတဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့် ဒီနောက်ဆုံးလုပ်ရပ်ဟာ နှစ်ဖက်စလုံးကို အာဏာသိမ်းခြေရှိတဲ့ ခြိမ်းခြောက်မှုနဲ့ အလျှော့ပေးညှိနှိုင်းမှုတွေ ပြုလုပ်လာစေနိုင်ပါတယ်။



မေး ။ လက်ရှိ အိမ်စောင့်အစိုးရခေါင်းဆောင် ဒုတိယ၀န်ကြီးချုပ်ကလည်း ယခုကဲ့သို့ မာရှယ်လောထုတ်ပြန်ခြင်းကို ကြိုတင်သိရှိရခြင်း မရှိကြောင်း ပြောကြားထားပြီး အရေးပေါ် အစည်းအဝေးများ ကျင်းပနေတာကို သိရှိရပါတယ်။ အဲဒီ ကိစ္စရပ်များအပေါ် သုံးသပ်ပြောကြားပေးပါ။



ဖြေ ။ ပြောရရင်တော့ ဒါဟာ တစ်စိတ်တစ်ပိုင်း အာဏာသိမ်းမှုပါပဲ။ အိမ်စောင့်အစိုးရကနေ အကျပ်အတည်းအပေါ် ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူး ဒါမှမဟုတ် ဖြေရှင်းနိုင်တဲ့ စွမ်းရည်မရှိဘူးလို့ စစ်တပ်က ယူဆတဲ့အပြင် ဆန္ဒပြသူတွေ အနေနဲ့ကလည်း အရမ်းခေါင်းမာနေပါတယ်။



မေး ။ မာရှယ်လောထုတ်ပြန်မှုအပေါ် လူထုရဲ့ သဘောထားကို သိရှိလိုပါတယ်။ အကယ်၍ မာရှယ်လောထုတ်ပြန်မှုအပေါ် အစိုးရထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်လာနိုင်ပါသလား။ ဖြစ်ပေါ်လာပါက ဘယ်လိုအကျိုးဆက်များ ဖြစ်လာနိုင်မလဲဆိုတာ သုံးသပ်ပြောကြား ပေးစေလိုပါတယ်။



ဖြေ ။ ထိုင်းလူထုကလည်း နိုင်ငံအရေး အကျပ်အတည်းကို ပြီးဆုံးသွားစေချင်မှာပါ။ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်မယ်ဆိုရင် မာရှယ်လောဟာ ခဏတာပဲလို့ လူထုက ထင်မြင်ပါတယ်။ တကယ်လို့ ကြားဖြတ်အစိုးရကို လက်ရှိအစိုးရ ထောက်ခံသူများက လက်မခံနိုင်ဘူးဆိုရင် သူတို့ဘက်က ဆန္ဒပြပွဲတွေ လုပ်လာနိုင်ခြေ ရှိပါတယ်။ နှစ်ဖက်စလုံးက ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ အစိုးရက ရွေးကောက်ပွဲကို အရင်လုပ်ချင်ပြီး PDRC က ဘက်မလိုက်တဲ့ ကြားဖြတ်အစိုးရတစ်ရပ် အရင်လိုချင်ပါတယ်။



မေး ။ မာရှယ်လောထုတ်ပြန်မှုဟာ The Nation အပါအ၀င် မီဒီယာများအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာကို သိလိုပါတယ်။



ဖြေ ။ မာရှယ်လောထုတ်ပြန်မှုဟာ သမာသမတ်ကျတဲ့ မီဒီယာတွေ အပေါ်မှာတော့ သက်ရောက်မှု လုံးဝမရှိပါဘူး။ တစ်ဖက်စောင်းနင်း မီဒီယာတွေ အပေါ်မှာသာ သက်ရောက်တာပါ။ အရင်အာဏာသိမ်းမှုတွေတုန်းကလည်း ကျွန်တော်တို့ကို သက်ရောက်မှု မရှိခဲ့ပါဘူး။



မေး ။ သတင်းတစ်ပုဒ်မှာ သက်ဆင်ထောက်ခံသော မီဒီယာအချို့ကို စစ်တပ်က စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လို စောင့်ကြည့်သလဲဆိုတာနဲ့ အဲဒီ အခြေအနေမှန်ကို ဖြေကြားပေးစေလိုပါတယ်။



ဖြေ ။ ဟုတ်ပါတယ်။ အဲဒီမီဒီယာတွေဟာ ရှပ်နီတွေဖြစ်ပြီး သက်ဆင်ကိုထောက်ခံတဲ့ မီဒီယာတွေ ဖြစ်တဲ့အပြင် ၀ါဒဖြန့်ချိတာတွေ အများဆုံး လုပ်ဆောင်လေ့ ရှိပါတယ်။ သူတို့လိုပါပဲ ရှပ်ဝါတွေရဲ့ Blue Sky သက်ဆင်ဆန့်ကျင်ရေး ချင်နယ်လည်း ပါဝင်ပါတယ်။







from Eleven Media Group's Facebook Wall http://ift.tt/1i25IrJ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...