Skip to main content

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားသြူ...



ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားသူကြီးက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်



ယခုနှစ် ဇန်န၀ါရီ ၂၅ ရက်က ယူနတီဂျာနယ်တွင် ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံသတင်း ဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူ ခရိုင်တရားသူကြီးက လက်ရှိတရားစွဲဆိုထားသော ပုဒ်မဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့သည်။



မေ ၂၀ ရက် (၁၀) ကြိမ်မြောက်ရုံးချိန်း ဒုတိယနေ့တွင် ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးက အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းသည် ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအတွင်းရှိ နိုင်ငံ၏ ကာကွယ်ရေးအစီအမံနယ်မြေအဖြစ် သတ်မှတ်ထားသော အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအတွင်းသို့ ၀င်ရောက်ကြည်ရှုသည့် ကိုစည်သူစိုး၊ ကိုရာဇာဦးတို့နှင့်အတူပြန်သွားပြီး ၎င်းကိုယ်တိုင်စက်ရုံအနီး ချဉ်းကပ်ခဲ့ခြင်း၊ ဂျာနယ်တိုက်တာဝန်အရှိဆုံးသူဖြစ်ခြင်းနှင့် သတင်းထုတ်ဖော်ပြခြင်းတို့သည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ရှိသည့်အတွက် ရာဇ၀တ်မှု ပြစ်ဒဏ်စီရင်ထိုက်သည်ဖြစ်၍ ရုံးတော်မှစစ်ဆေးအပြစ်ပေးနိုင်ရန် တရားစွဲဆိုထားသော ပုဒ်မ ၃(၁)(က)/၉ ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။



စက်ရုံအတွင်းသို့ ၀င်ရောက်ကြည်ရှုခဲ့သည့် ကိုစည်သူစိုး၊ ကိုရာဇာဦး၊ စက်ရုံအနီးမှ ဓာတ်ပုံရိုက်ကူးသည့် ကိုပိုင်သက်ကျော်နှင့် သတင်းရေးသားပေးပို့သူ ကိုလူမော်နိုင်တို့သည်လည်း နိုင်ငံ၏ ကာကွယ်ရေးအစီအမံနယ်မြေအဖြစ် သတ်မှတ်ထားသောအမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအတွင်းသို့ ၀င်ရောက်ကြည်ရှုခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ ချဉ်းကပ်ခြင်းနှင့် အားပေးကူညီခြင်း တို့ကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ရှိသည့်အတွက် ရာဇ၀တ်မှုပြစ်ဒဏ် စီရင်ထိုက်သည်ဖြစ်၍ ရုံးတော်မှ စစ်ဆေးအပြစ်ပေးနိုင်ရန် တရားစွဲဆိုထားသော ပုဒ်မ ၃ (၁) (က)/၉ ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။



စွပ်စွဲခံရသူငါးဦးစလုံးက မိမိတို့တွင် အပြစ်မရှိကြောင်း၊ မိမိတို့သည် သတင်းသမားဖြစ်ကြောင်း၊ သူလျှိုများမဟုတ်ကြောင်း၊ အများပြည်သူသိပိုင်ခွင့်အတွက် သတင်းရယူရေးသားခြင်းဖြစ်ကြောင်း၊ ပြည်သူနှင့် နိုင်ငံတော်အကျိုးအတွက် လယ်ယာမြေသိမ်းဆည်းခံရမှုများအား ဒေသခံများ၏ ပြောကြားချက်အရ ဖော်ထုတ်ရေးသားခြင်းဖြစ်ကြောင်း၊ သတင်းထောက်များအား နိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုသည်မှာ ပြည်သူကိုရန်သူကဲ့သို့ သဘောထား၍ သတင်းလွတ်လပ်ခွင့်အား ပိတ်ပင်ခြင်းဖြစ်ကြောင်း ရုံးတော်သို့ ထုချေလျှောက်ထားခဲ့သည်။



ပခုက္ကူခရိုင်တရားသူကြီးကလည်း စွပ်စွဲခံရသူငါးဦးအား ယခုပုဒ်မဖြင့် စွဲချက်တင်သည်မှာ ပြစ်ဒဏ်ပေးရန် မဟုတ်သေးကြောင်း၊ ဦးတင်ဆန်းအပါအ၀င် သတင်းထောက်များသည် စက်ရုံးတွင်းသို့ ချဉ်းကပ်ခြင်း၊ ကျော်ဖြတ်ခြင်း၊ ၀င်ရောက်ကြည်ရှုခြင်း ၊ စစ်ဆေးခြင်း၊ သတင်းရေးသား ထုတ်ဝေခြင်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ရှိသည်ဟုယူဆ၍ မိမိအနေနှင့် စွဲချက်တင်ခြင်းဖြစ်ကြောင်း၊ စွပ်စွဲခံရသူများဘက်မှ ၎င်းအတွက် ပြန်လည်ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်အား မကျေနပ်ပါက အထက်အဆင့်ဆင့်သို့ အယူခံဝင်နိုင်ကြောင်းလည်း ပြောကြားသည်။



"ပိုက်နက်တစ်ခုတည်းကို ၀င်တဲ့ပြဿ နာပါ။ ကာကွယ်ရေးအစီအမံအရ ၁၉၂၃ ခုနှစ် ငြိပါတယ်ဆိုပြီး တလွဲတချော် ဘာသာပြန်ထားတဲ့ တရားဝင်မဟုတ်တဲ့ ဘာသာပြန်စာအုပ်ကို တရားရုံးနဲ့ နိုင်ငံတော်ဥပဒေ၀န်ထမ်းက ကိုးကားပြီး စွဲချက်ခဲ့တာ။ ဒီဥပဒေက ၁၉၂၃ ခုနှစ်မှာ အင်္ဂလိပ်လိုရေးခဲ့တဲ့ ဥပဒေ။ Any work of defence ကို သူတို့ကိုးကားတဲ့ ဘာသာပြန်စာအုပ်မှာကိုပဲ ပုဒ်မ ၃၊ ၁ မှာ ခံတပ်ဆိုပြီး ဘာသာပြန်တယ်။ ပုဒ်မ ၂ (၈)(က)မှာ ကာကွယ်ရေးအစီအမံဆိုပြီး ဘာသာပြန်တယ်။ ဥပဒေမှာ ဒီလိုအဓိပ္ပာယ်နှစ်ခုထွက်အောင် လုပ်လို့မရဘူး။ စကားတစ်လုံးဟာတစ်မျိုးပဲ အဓိပ္ပာယ်ထွက်ရမယ်။ အစီအမံဆိုတာက အပ်ချည်ကြိုးပဲတားတား၊ ၀ါးလုံးပဲချချ အဲဒါအစီအမံပဲ။ အဲဒီထဲဖြတ်တဲ့သူမှန်သမျှ အပြစ်ရှိသွားတယ်။ အင်္ဂလိပ်စကားလုံးမပြောင်းဘဲနဲ့ ခံတပ်လို့ ဘာသာပြန်၊ ကာကွယ်ရေးအစီအမံလို့လည်းပြန်ပြီး မြန်မာစကားလုံးနှစ်မျိုးပြောနေတာဟာ ဥပဒေကို ထွေပြားအောင်လုပ်ပြီးတော့ ဥပဒေမရေမရာနဲ့လူတွေကို အပြစ်ပေးလို့ရတယ်ဆိုပြီး အဖွဲ့အစည်းတစ်ခုက လုပ်နေသလား နိုင်ငံတော်က ဒီဘာသာပြန်ကို ဘယ်သူတာဝန်ယူသလဲ။ ဥပဒေဆိုတာ ဘာသာပြန်ချင်တိုင်း ပြန်မရဘူး။ အဓိပ္ပာယ်တိကျနေရတယ်။ ဒီလိုသာ ကြုံသလိုအပြစ်ပေးဖို့လုပ်နေရင် တိုင်းသူပြည်သားတွေဟာ လည်ပင်းစင်းပြီး ဓားခုတ်ခံလိုက်တာ ပိုကောင်းတဲ့ ဖြစ်စဉ်ရောက်နေပြီ။

တရားစီရင်ရေးသည် ဥပဒေတွေကို တလွဲတချော်ဘာသာပြန်တဲ့အချက်ဟာ အဆိုးဆုံးပါပဲ။ ဒီဘာသာပြန်စာအုပ်ကို ပြန်ထောင်စု မြန်မာနိုင်ငံရှေ့နေချုပ်ရုံးက ဘာသာပြန်ထားပေမယ့် တရားဥပဒေအတွက် ကိုးကားရန်မဟုတ်ဆိုတာ မရေးဘဲ တရားဝင်သုံးတော့ ဒါဟာဥပဒေအပေါ်မှာခွစီးပြီး လုပ်ချင် လုပ်နေတယ်ဆိုတာကို ဖော်ပြတဲ့အတွက် ဒီမြန်မာစကားလုံး ကာကွယ်ရေးအစီအမံ အတားအဆီးဆိုတာကြီးဟာ ဘာကိုပြောမှန်းမသိတဲ့ ဘာသာပြန်အမှားနဲ့ စွဲချက်တင်ခြင်း ဖြစ်ပေါ်လာတယ်လို့ပဲ နားလည်ပါတယ်" ဟု ဦးတင်ဆန်း၏ရှေ့နေ ဦးကျော်လင်းက ပြောကြားသည်။



"အမှုသည်တွေအပေါ်မှာ အပြစ်မရှိဘူးလို့ ယုံကြည်တယ်။ သူတို့က သတင်းသမားသက်သက် သတင်းလုပ်ငန်းကိုလုပ်တယ်။ လျှို့ဝှက်ချက်ဆိုတာကို ပေါက်ကြားဖို့ ဖွင့်ထုတ်ဖို့ ရည်ရွယ်ချက်မဟုတ်ဘူး။ ဒေသခံတွေပြောတဲ့ ဓာတုလက်နက်စက်ရုံ ဟုတ် မဟုတ်ဆိုတာကို ၀င်ခွင့်ရလို့၊ ခေါ်သွားတဲ့သူရှိလို့ လိုက်ပါသွားခြင်းပါ။ သူတို့သိတဲ့အတိုင်းလည်းရေးတယ်။ လျှို့ဝှက်ချက်ဥပဒေဆိုတဲ့ဟာကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဖို့လိုတယ်။ ပုဒ်မ ၂ (က)(ခ) မှာ သတ်မှတ်ထားတဲ့ စစ်နယ်မြေတို့ စစ်စခန်းတို့ တည်ဆောက်ထားတဲ့ နယ်မြေကို သွားလာလို့ရှိရင် ကျူးလွန်တယ်လို့ သတ်မှတ်တယ်။ အဲဒီကျူးလွန်တာဟာ လျှို့ဝှက်ဥပဒေအရ ကျူးလွန်တယ်လို့ ပြောလို့မရဘူး။ ပုဒ်မ ၂ (ဂ) မှာပြောထားတာက လျှို့ဝှက်နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာဖြစ်မယ်ဆိုရင် နိုင်ငံတော်သမ္မတပြန်တမ်းနဲ့ ထုတ်ပြန်ပြီး အမိန့်ကြော်ငြာစာကို မြန်မာဘာသာ၊ ဒေသသုံးဘာသာစကားတို့နဲ့ ရေးသားပြီး အများမြင်သာတဲ့နေရာမှာ ကပ်ထားရမယ်။ အဲဒီလိုလုပ်မထားရင် လျှို့ဝှက်နယ်မြေလို့ သတ်မှတ်လို့မရဘူး။ လျှို့ဝှက်ဥပဒေနဲ့စွဲရင် ပုဒ်မ ၂ (ဂ) ဟာ အဓိကအသက်ပါဖို့လိုမယ်။ ကျွန်တော်ကလည်း အဲဒါကို ဖော်ထုတ်တယ်။ တစ်ဖက်ကပြောတာက ပုဒ်မ ၂ (က)(ခ) မှာ အစိုးရနယ်မြေ၊ စစ်စခန်းတည်ဆောက်တဲ့ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ၀င်ရောက်လို့ရှိရင် အရေးယူနိုင်တယ်။ ဒါပေမဲ့ လျှို့ဝှက်ဥပဒေနဲ့ အရေးယူရမယ်လို့ ပြဋ္ဌာန်းတာမဟုတ်ဘူး။ လျှို့ဝှက်ဥပဒေမှာ သုံးနှစ်ကနေ ၁၄ နှစ်ထိ ချနိုင်တဲ့ပုဒ်မတွေ အများကြီးရှိတယ်။ ပုဒ်မတွေကို သဲသဲကွဲကွဲ သိဖို့လိုတယ်။ အုပ်ချုပ်ရေးဒီနေ့ထိ သတင်းထုတ်ပြန်နေတာက လျှို့ဝှက်ချက်ရှိတဲ့နေရာမဟုတ်ဘူး။ စက်ရုံအလုပ်ရုံထဲကို ကျူးကျော်ဝင်ရောက်တဲ့အတွက် တရားစွဲတာဖြစ်တယ်ဆိုပြီး ပြောထားတယ်။ ဒီရုံးနဲ့ ပြီးပြတ်သွားမယ့် ကိစ္စမဟုတ်ပါဘူး။ ကြိုက်တဲ့အမိန့်ချပါစေ ရုံးကုန် ပေကုန် အထက်ထိ ဆက်တက်သွားပါမယ်" ဟု သတင်းထောက်လေးဦးတို့၏ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။



အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံစီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈/၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁)(က)/၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်မှ အမှုအား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။



အမှုစစ်ဆေးစဉ်ကာလအတွင်း ရုံးပြောင်းလျှောက်ထားမှု တစ်ကြိမ်နှင့် ဦးတင်ဆန်းအတွက် အာမခံလျှောက်ထားမှု (၂)ကြိမ်တို့အား ပခုက္ကူခရိုင်တရားသူကြီးက ငြင်းပယ်ခဲ့ပြီး ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်မှ လက်ရှိစွဲဆိုထားသောအမှုနှင့်ပတ်သက်၍ တရားခံပြသက်သေအဖြစ် ELEVEN MEDIA GROUP ၏ CEO ဒေါက်တာသန်းထွဋ်အောင် အပါအ၀င် ၁၀ ဦးအား ရုံးတော်သို့ တင်သွင်းထားကြောင်း သိရသည်။



(မေ ၂၀ ရက် ရုံးချိန်းအပြီး မီဒီယာအချို့၏မေးမြန်းမှုကို ဖြေကြားနေသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း))







from Eleven Media Group's Facebook Wall http://ift.tt/1jBEcqx

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3