စင်ကာပူသို့ သခွားမွှေးတင်ပို့မှု ယခုနှစ်တွင် ရပ်ဆိုင်းထားရ
မြန်မာနိုင်ငံမှ စင်ကာပူသို့ နှစ်စဉ်တင်ပို့နေသည့် သခွားမွှေးအား ယခုနှစ်တွင် တင်ပို့မူ ရပ်ဆိုင်းထားရ ကြောင်းနှင့် ယင်းသို့ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးအောင်အောင်က “သခွားမွှေးက ပြည်တွင်းဈေးကွက် ထဲက ၀ယ်ပြီးပို့လို့ မရဘူး၊ ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်ပို့မှရမှာ၊ အရင်နှစ်တွေက တခြား တောင်သူတွေ စိုက်ထားတဲ့ ခြံတွေကိုဝယ်ပြီး တင်ပို့ဖြစ်တယ်။ နောက်ပြီး သခွားမွှေးက မျိုးကွဲတွေ ရှိတယ်လေ၊ တစ်မျိုးတည်း စိုက်လို့မရဘူး၊ အဲ့ဒါကြောင့် ကိုယ်တိုင်စိုက်ပျိုး၊ ကိုယ်တိုင်ထုတ်လုပ်ပြီး တင်ပို့နိုင်မှ ရမှာပါ”ဟု မဇ္ဈိမ ကိုပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1lNKHna
Comments
Post a Comment