Skip to main content

မြို့နယ်ချင်းဆက်လမ်းပြင်ပေးရန် လူ ၃,၀၀၀ ဆန္ဒပြ ရေခဲ(ပြည်)| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက...



မြို့နယ်ချင်းဆက်လမ်းပြင်ပေးရန် လူ ၃,၀၀၀ ဆန္ဒပြ



ရေခဲ(ပြည်)| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ်



ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်-မှတ်တိုင်-ပေါက်တောလမ်းမကြီး ပြင်ပေးရန် ပြည်ခရိုင် ပေါင်းတည် မြို့နယ်မှ ဒေသခံ အင်အား ၃,၀၀၀ ကျော်တို့က မေလ ၂၀ ရက်တွင် လမ်းလျှောက် ဆန္ဒပြတောင်းဆိုလိုက်သည်။



ယင်းနေ့နံနက် ၈ နာရီတွင် စတင်ခဲ့သည့် အဆိုပါဆန္ဒပြပွဲသည် ပေါင်းတည်မြို့၊ မှတ်တိုင်ကျေးရွာအုပ်စုမှ စတင်ထွက်ခွာကာ ဘုရားကြီးလမ်း၊ ရွှေတောင်လမ်း၊ (၆)လမ်း၊ (၅) လမ်း အစရှိသည့်ပေါင်းတည်မြို့ ပေါ်လမ်းများတစ်လျှောက် ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။



“ထိန်းသိမ်းမှုမရှိလို့ လမ်းကြီးက ပျက်စီးနေတယ်။ သက်ဆိုင်တဲ့ပုဂ်္ဂိုလ်တွေက တာဝန်သိသိနဲ့ ကောင်း ကောင်းမွန်မွန် ပြင်ဆင်ပေးဖို့ ဒီနေ့ ဆန္ဒဖော်ထုတ်တာ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူကပြောသည်



အဆိုပါလမ်းသည် ပဲခူးတိုင်းအနောက် ခြမ်း ပြည်ခရိုင်အတွင်းရှိနေပြီး သာယာဝတီ၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်းနှင့် ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများသို့ ဆက်သွယ်ပေးထားရာ လမ်းပြင်ဆင်ပြီးပါ က အချိန်တိုအတွင်း ခရီးတိုဖြင့် အလွယ်တကူသွားလာနိုင်မည်ဖြစ်သည်။



“အဓိကတော့ ဒီလမ်းဟာ နဂိုကတည်းက ရှိခဲ့ပြီး ပေါင်းတည်ကနေ ပေါက်ခေါင်းကိုသွားတဲ့ ဖြတ်လမ်းပဲ။ ဒါပေမဲ့ ၈၈ နောက်ပိုင်း တစ်ခါပဲပြင်ပြီး ပစ်ထားတော့ ပျက်နေပြီ။ လမ်းက ဆိုင်ကယ်တွေ၊ ကား တွေ၊ လှည်းတွေမပြောနဲ့ လူတောင် အနိုင်နိုင် သွားနေရတယ်” ဟု အထက်ပါ ဆန္ဒပြ ခေါင်းဆောင်က ဆိုသည်။



လမ်းအရှည် ရှစ်မိုင်ရှည်လျားသည့် အဆိုပါ မြေသားလမ်းတွင် ကျေးရွာအုပ်စု ၁၅ ခုမှ ကျေးရွာပေါင်း ၅၀ ကျော်၊ လူဦး ရေ ၂၀,၀၀၀ ကျော် မှီခိုအားထားနေရကြောင်း ဒေသခံများကပြောသည်။



၂၀၁၀ ရွေးကောက်ပွဲကာလ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၎င်းလမ်းကို ပြုပြင်ပေးမည်ဟု မဲဆွယ်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း သိန်းက အစည်းအဝေးတစ်ခုတွင် လမ်းပြင်မည်ဟု ပြောဆိုသော်လည်း ယနေ့အထိ လမ်းမခင်းသေးကြောင်း ဆန္ဒ ဖော်ထုတ်သူ ဦးမြင့်ဆွေဇင်က ဝေဖန်ထားသည်။



“ကျွန်တော်တို့ကို နှစ်သိမ့်တဲ့သဘောပေါ့။ နှစ်မိုင်ခင်းမယ်ဆိုပြီး ကျောက်ပုံလေးတွေ လာပုံတယ်။ အခု အဲဒီကျောက်ပုံတွေ ပြန်သယ်သွားပြီ” ဟု ၎င်းကဆိုသည်။ဆန္ဒဖော်ထုတ်ရန် မေလ ၁၃ ရက်တွင် ခွင့်ပြု ချက် လျှောက်ထားခဲ့ပြီး မေလ ၁၈ ရက် တွင် ခွင့်ပြုချက်ချထားပေးခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jBDREh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...