Skip to main content

မြန်မာ - ဖိလစ်ပိုင် တိုက်ရိုက်လေကြောင်း ခရီးစဉ်ပြေးဆွဲနိုင်ရန် ဆွေးနွေးနေ သီဟကိ...



မြန်မာ - ဖိလစ်ပိုင် တိုက်ရိုက်လေကြောင်း ခရီးစဉ်ပြေးဆွဲနိုင်ရန် ဆွေးနွေးနေ



သီဟကိုကို



ရန်ကုန်၊ မေ ၂၀



မြန်မာနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များပြေး ဆွဲနိုင်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဆွေထွန်းက မဇိ္ဈမ ကို ပြောသည်။



ထိုသို့ လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် မေလ ၁၉ ရက်တွင် လေကြောင်း ပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိပုဂ်္ဂိုလ်များနှင့် ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ လေကြောင်းဆိုင်ရာအဖွဲ့အစည်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။



ဦးဝင်းဆွေထွန်းက “ ဖိလစ်ပိုင်ဘက်ကနေ မြန်မာကို ပြေးဆွဲချင်တယ်လို့ စတင်ကမ်းလှမ်းတာပါ။ အခြေခံ ကျတဲ့အဓိကအချက်က နှစ်နိုင်ငံကြားမှာ လေကြောင်း ပေးဆွဲမယ်ဆိုရင် တူညီတဲ့အခွင့်အရေးတွေ ရရှိ ဖို့ပါပဲ။ ဘယ်တော့ စပြေးဆွဲဖြစ်မလဲဆိုတာကတော့ ပြောရခက်တယ်။ တစ်ဖက်နဲ့ တစ်ဖက် လေကြောင်း ဈေးကွက် အခြေအနေကိုလည်း လေ့လာရဦးမယ်” ဟု ပြောသည်။



၁၉၇၉ ခုနှစ်အတွင်း မြန်မာနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုဆိုင်ရာစာချုပ် ချုပ်ဆိုခဲ့ပြီး နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပျံသန်းနိုင်ရန်အတွက် စာချုပ်အားပြင် ဆင်ချုပ်ဆိုရန် လေးကြိမ်ခန့် ကြိုးစားမှုများရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ ဟု ယင်းက ပြောသည်။



မြန်မာနိုင်ငံအခြေစိုက်လေကြောင်း လိုင်းများဖြစ်သည်Myanmar Internati-onal Airways နှင့် Goldern Myanmar လေကြောင်းလိုင်းနှစ်လိုင်းမှ မြန်မာ - ဖိလစ်ပိုင်လေကြောင်းခရီးစဉ် တွင် ၀င်ရောက်ပြေးဆွဲ ရန် စိတ်ဝင်စားမှုများ ရှိသည်ဟု ဦးဝင်းဆွေထွန်း က ပြောသည်။



Myanmar International Airways ၏ လူမှုဆက်ဆံရေးအရာရှိ ဒေါ်အေးမရသာ က “ လေကြောင်းလိုင်း ရဲ့ Plan က လည်းဒေသတွင်းနိုင်ငံတွေမှာ လေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲဖို့ရှိပါတယ်။ဖိလစ်ပိုင် ကို ပြေးဆွဲဖို့ကလည်း ခရီးသည်လိုအပ်ချက်အပေါ်မူတည်ပြီး နောက်ပိုင်း မှာပြေးဆွဲဖို့ရှိပါတယ်” ဟု ပြော သည်။



မြန်မာနိုင်ငံနှင့် နိုင်ငံပေါင်း ၄၆ နိုင်ငံ မှ လေကြောင်းပျံသန်းမှုဆိုင်ရာစာချုပ် များချုပ်ဆိုထားပြီး ပျံသန်းပြေး ဆွဲဖြစ်သည့် နိုင်ငံ ၁၃ နိုင်ငံရှိသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။



ယခုနှစ်ပိုင်းများအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများဝင်ရောက်မှု စံချိန်တင်မြင့်တက်လာခဲ့ပြီး နိုင်ငံတကာ လေကြောင်းလိုင်းများလည်း တိုက်ရိုက်ပြေးဆွဲခွင့်ရရန် လာရောက်လျှောက်ထား လျက်ရှိ သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1vDgApa

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...