Skip to main content

ထိုင်းစစ်တပ်က အစိုးရအဖွဲ့ကို ကြိုတင်အသိမပေးဘဲ မာရှယ်လော ကြေညာ ထိုင်းနိုင်ငံတွင်...



ထိုင်းစစ်တပ်က အစိုးရအဖွဲ့ကို ကြိုတင်အသိမပေးဘဲ မာရှယ်လော ကြေညာ



ထိုင်းနိုင်ငံတွင် စစ်တပ်က မေ ၂၀ ရက်တွင် တစ်နိုင်ငံလုံး၌ မာရှယ်လောကြေညာချက် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ခြောက်လကတည်းက စတင်ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် မငြိမ်မသက်ဖြစ်နေသည့် အနေအထားကို ထိန်းသိမ်းရန်အတွက် စစ်တပ်က မာရှယ်လောထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။



ထိုင်းနိုင်ငံ၏ ရုပ်သံဌာနများကို စစ်တပ်က လုံခြုံရေးချထားခဲ့ပြီး ထိုင်းပြည်သူ့ ရုပ်သံဌာနက စစ်သားများနှင့် သံချပ်ကာကားများ ဘန်ကောက်မြို့ရှိ အသံလွှင့်ဌာနများ အပြင်ဘက်၌ နေရာယူနေသည့် ဓာတ်ပုံများကို ထုတ်လွှင့်ပြသခဲ့သည်။



ထိုင်းရုပ်သံဌာနမှ ကြေညာချက်တစ်ရပ် ဖတ်ပြရာတွင် စစ်တပ်က ထိုင်းနိုင်ငံ၏ ရေဒီယိုနှင့် ရုပ်သံဌာနအားလုံး ၎င်းတို့၏ပုံမှန် အစီအစဉ်များကို လိုအပ်သည့်အချိန်၌ ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။



ဘန်ကောက်မြို့တွင် နိုင်ငံရေး အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီးနောက် စစ်တပ်အကြီးအကဲက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ ကြေညာချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။



အစိုးရအဖွဲ့၏ ပြောကြားချက်



ထိုင်းဝန်ကြီးချုပ်၏ လက်ထောက်တစ်ဦးက စစ်တပ်သည် မာရှယ်လောထုတ်ပြန်မည်ကို အစိုးရအဖွဲ့အား ကြိုတင်သတိပေးခဲ့ခြင်း မရှိဟု ဆိုသည်။



“သူတို့က ဒါကို တစ်ဖက်သတ် လုပ်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က အထူးအစည်းအဝေးတစ်ရပ် ကျင်းပနေပါတယ်။ စစ်တပ်အကြီးအကဲအနေနဲ့ သူရဲ့ကြေညာချက်က တရားမ၀င်သေးဘူးဆိုတဲ့ အချက်ကို လေးစားလိုက်နာမှု ရှိရဲ့လားလို့ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်” ဟု ၀န်ကြီးချုပ်၏ လက်ထောက်က ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ လက်ရှိအနေအထားကို “တစ်ဝက်တစ်ပျက် အာဏာသိမ်းမှု” ဟု ရှင်းပြခဲ့သည်။



စစ်တပ်၏ ပြောကြားချက်



သို့သော် ဒုတိယဗိုလ်ချုပ်ကြီး နီပက်သွန်ဂလက်က ယခုလုပ်ရပ်သည် စစ်အာဏာသိမ်းမှု မဟုတ်ဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ သူက “အုပ်စုအားလုံးနဲ့ ပါတီအားလုံးအတွက် စစ်တပ်က ငြိမ်းချမ်းမှု၊ အမိန့်နဲ့ ပြည်သူလုံခြုံရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တာပါ။ ဆိုးဆိုးရွားရွား ထိခိုက်အောင် မလုပ်ဖို့နဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို အရင်လိုပဲ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုကို တောင်းဆိုလိုက်ပါတယ်။ မာရှယ်လော ကြေညာတာဟာ အာဏာသိမ်းတာ မဟုတ်ပါဘူး” ဟု ထိုင်းစစ်တပ်၏ ရုပ်သံလိုင်းက ကြေညာခဲ့သည်။ မာရှယ်လောသည် မေ ၂၀ ရက် နံနက် ၃ နာရီမှ အာဏာစတင် သက်ဝင်ကြောင်းလည်း ကြေညာခဲ့သည်။



သက်ဆင်၏ ပြောကြားချက်



ထိုင်းနိုင်ငံရေး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာစေရာ၌ အဓိကကျသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က မာရှယ်လော ကြေညာချက်သည် ဒီမိုကရေစီကို ဖျက်ဆီး၍ ရမည်မဟုတ်ကြောင်း မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ “မာရှယ်လော ကြေညာလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ဘယ်ဘက်ကမှ လူ့အခွင့်အရေးကို မချိုးဖောက်ဖို့နဲ့ နောက်ထပ်ဒီမိုကရေစီကို ဖျက်ဆီးတာမျိုးမလုပ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။



ထိုင်းတွင် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်



ထိုင်းနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ဂျပန်က မာရှယ်လော ထုတ်ပြန်ခဲ့မှုကို အကြီးအကျယ် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး အမေရိကန်က ယခုမာရှယ်လော ကြေညာချက်သည် ယာယီသာ ဖြစ်ရမည်ဖြစ်ကြောင်း နိုင်ငံပေါင်းစုံမှ ကုမ္ပဏီများသည် ထိုင်းနိုင်ငံ၏ ဖြစ်ရပ်များကို စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင် ဂျပန်ကုမ္ပဏီပေါင်း ၄၀၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၆ ဒသမ ၈၉ ဘီလျံရှိရာ ထိုင်းနိုင်ငံတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ထက်ဝက်ရှိကြောင်း သိရသည်။



သြဂုတ် ၃ ရက်တွင် ရွေးကောက်ပွဲကျင်းပရန် ထိုင်းဝန်ကြီးချုပ် တောင်းဆို



ထိုင်းနိုင်ငံ၏ ယာယီဝန်ကြီးချုပ် နီဝတ်တုမရွမ်ဘွန်ဆောင်ပေဆန်က မာရှယ်လော ကြေညာချက်အပေါ် သူ၏ပထမဆုံး တုံ့ပြန်မှုအဖြစ် တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် စစ်တပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်း၌သာ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ နိုင်ငံရေး အကြပ်အတည်း အဆုံးသတ်ရန် ကြိုးပမ်းမှုတစ်ရပ် အနေဖြင့် သြဂုတ် ၃ ရက်တွင် ရွေးကောက်ပွဲသစ်များ ကျင်းပရန် ၀န်ကြီးချုပ်က တောင်းဆိုခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ရက်သတ်မှတ်ပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ အစိုးရက စာရေးသားတောင်းဆိုခဲ့ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲသစ် ကျင်းပမှုကို ဘုရင်၏ထောက်ခံမှု ရရှိရန်အတွက် လာမည့်တစ်ပတ်တွင် တော်ဝင်အမိန့်တောင်းဆိုမှုကို တင်သွင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ အစိုးရက ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရနှင့် စစ်တပ်တို့သည် ယခုတစ်ပတ်အတွင်း ဆွေးနွေးပွဲများ ကျင်းပဖွယ်ရှိကြောင်း ၀န်ကြီးချုပ်က ထပ်မံပြောကြားခဲ့သည်။



Ref:CNN,AFP



ထိုင်းနိုင်ငံ၏ ခုနစ်လကြာ နိုင်ငံရေးအကျပ်အတည်း ရက်စွဲများ



အောက်တိုဘာ ၃၁- သက်ဆင်ကိုပြည်တော် ပြန်ခွင့်ရရှိအောင် ပြုလုပ်ပေးသည်ဟု ယူဆသည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို ဆန္ဒပြမှုများဖြစ်ပေါ်။



နိုဝင်ဘာ ၁ - အာဏာရပါတီ လွှမ်းမိုးသော အောက်လွှတ်တော်တွင် ယင်းဥပဒေမူကြမ်းကို ထောက်ခံကြောင်း အများစုမဲပေး။



နိုဝင်ဘာ ၁၁- လမ်းပေါ်ဆန္ဒပြမှုများ ကြီးထွားလာပြီး အထက်လွှတ်တော်က ယင်းမူကြမ်းကို ပယ်ချ။



နိုဝင်ဘာ ၂၅ - အတိုက်အခံတို့က အစိုးရ အဆောက်အအုံများဆီသို့ ချီတက်ပြီး ၀န်ကြီးဌာန အများအပြားကို သိမ်းပိုက်။



နိုဝင်ဘာ ၃၀- အစိုးရကို ထောက်ခံသူများ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးကို အတိုက်အခံများက တိုက်ခိုက်ရာ လူအများအပြား သေဆုံးပြီး အများအပြား ဒဏ်ရာရ။



ဒီဇင်ဘာ ၈ - ပါလီမန်မှနေ၍ အတိုက်အခံ အမတ်များ အစုလိုက်အပြုံလိုက် နုတ်ထွက်။



ဒီဇင်ဘာ ၉ - ၀န်ကြီးချုပ် ယင်လက်က ရွေးကောက်ပွဲ စော၍ကျင်းပရန် ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အတိုက်အခံများက သပိတ်မှောက်ကြောင်း ကြေညာ။



ဒီဇင်ဘာ ၂၆ - အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ မဲပေးမှုများ ရွှေ့ဆိုင်းရန်ပန်ကြားချက်ကို အစိုးရက ပယ်ချ။



ဒီဇင်ဘာ ၂၇ - စစ်တပ်အကြီးအကဲက အာဏာသိမ်းမည်ဆိုခြင်းကို ငြင်းဆို။



ဒီဇင်ဘာ ၂၈ - အမည်မသိ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ။



ဇန်န၀ါရီ ၁၃ - သောင်းနှင့်ချီသော ဆန္ဒပြသူများက ဘန်ကောက်မြို့၌ လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားစေရန် အဓိကလမ်းများ အားလုံးကို သိမ်းပိုက်။



ဇန်န၀ါရီ ၁၆ - အငြင်းပွားဖွယ် လယ်သမား အမတော်ကြေး အစီအစဉ်နှင့် ပတ်သက်၍ တာဝန်ပျက်ကွက်ခဲ့ဖွယ် ရှိသည်ဟူသော စွဲချက်အတွက် ခြစားမှုတိုက်ဖျက်ရေးအဖွဲ့က ယင်လက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်။



ဇန်န၀ါရီ ၁၇ - ဆန္ဒပြပွဲများကို ပစ်မှတ်ထား တိုက်ခိုက်မှုများစွာအနက် ပထမဆုံးအဖြစ် ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီလျက် ဒဏ်ရာရ။



ဇန်န၀ါရီ ၂၁ - အစိုးရက ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင် ရက်ပေါင်း ၆၀ ကြာ အရေးပေါ်အခြေအနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်။



ဇန်န၀ါရီ ၂၆ - မိန့်ခွန်းပြောနေစဉ် ဆန္ဒပြခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ။



ဖေဖော်ဝါရီ ၂ - ရွေးကောက်ပွဲ စတင်ချိန်မှစ၍ ဆန္ဒပြသူများက မဲရုံပေါင်း ၁၀,၀၀၀ ကို ပိတ်ဆို့။



ဖေဖော်ဝါရီ ၁၁ - ရွေးကောက်ပွဲကို ဧပြီ ၂၇ တွင် ပြန်လည်ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြောကြား။



မတ် ၁ - ဘန်ကောက်မြို့အား ပိတ်ဆို့ထားမှုကို ဆန္ဒပြသူများ ရုပ်သိမ်း။



မတ် ၁၈ - ဘန်ကောက်၌ အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်း။



မတ် ၂၁ - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဖေဖော်ဝါရီ ရွေးကောက်ပွဲကို ပယ်ဖျက်။



ဧပြီ ၃၀ - အစိုးရက ရွေးကောက်ပွဲသစ်ကို ဇူလိုင် ၂၀ တွင်ကျင်းပရန် ကြေညာ။



မေ ၇ - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ယင်လက်နှင့်ဝန်ကြီးများစွာကို ရာထူးမှဖယ်ရှား။ နီဝတ်တုမရွမ်ဘွန်ဆောင်ပေဆန်ကို ယာယီဝန်ကြီးချုပ် ခန့်အပ်။



(မေ ၂၀ ရက်က ထိုင်းစစ်သားအချို့ ဘန်ကောက်မြို့တွင်း တစ်နေရာတွင် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ် (Photo:AFP))



(မေ ၂၀ ရက်က ထိုင်းရုပ်သံလုပ်ငန်း NBT ၏ ရုံးခွဲတစ်ခု အပြင်ဘက်တွင် ထိုင်းစစ်သားတစ်ဦး စောင့်ကြပ်နေစဉ် (Photo:AP))







from Eleven Media Group's Facebook Wall http://ift.tt/1lNB9Zd

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...