Skip to main content

ရန်ကုန်မြို့ပြင်တွင် ယာဉ်ရောင်းဝယ်ရေးစခန်း ပြုလုပ်ပေးစေလို ဖြိုးဝေလင်း| ဗုဒ္ဓဟူး...



ရန်ကုန်မြို့ပြင်တွင် ယာဉ်ရောင်းဝယ်ရေးစခန်း ပြုလုပ်ပေးစေလို



ဖြိုးဝေလင်း| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ်



အစိုးရအနေဖြင့် ရန်ကုန်မြို့ပြင် တစ်နေရာတွင် မော်တော်ယာဉ်ရောင်းဝယ် ရေးဇုန်တစ်ခုအဖြစ် သတ်သတ်မှတ်မှတ် ပြုလုပ်ပေးရန်လိုအပ်သည်ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက မေ ၂၀ တွင် မဇ္ဈိမကို ပြောသည်။



“ကျွန်တော်တို့အနေနဲ့ကတော့ မြို့ပြင်မှာ ကျွန်တော်တို့ကိုမြေရောင်း၊ ကျွန်တော် တို့ဘာသာ ကျွန်တော်တို့ လုပ်မယ်။ ယာဉ်ရောင်းဝယ်ရေးစခန်း အင်္ဂါရပ်နဲ့အညီ ရောင်းဝယ်ရေးဇုန်မျိုးဖြစ်အောင် လုပ်မယ်။ အာဆီ ယံနိုင်ငံတိုင်းမှာလည်း အဲဒီလိုဇုန် တွေရှိတယ်။ မြန်မာနိုင်ငံမှာပဲ မရှိတာ” ဟု ၎င်းက ဆိုသည်။



မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်း(ယာယီ)ကို လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် မီးလောင်ပြင်ကွင်းသို့ မေလကုန်တွင် ပြောင်းရွှေ့မည်ဖြစ်ပြီး အဆိုပါနေရာမှာ ကုမ္ပဏီတစ်ခုက တင်ဒါအောင်၍ ယာဉ်ရပ်နားစခန်းအဖြစ် လုပ်ကိုင်မည့်နေရာ ဖြစ်သည်ဟုလည်း ဦးအောင်သန်းဝင်းက ဆက်လက်ရှင်းပြသည်။



“ယာဉ်ရောင်းဝယ်ရေးစခန်းဆိုတာ အိမ်သာ၊ ရေချိုးခန်း၊ စားသောက်ဆိုင် အခြေခံအနေနဲ့ အဲဒါတွေတော့ ရှိဖို့လို တယ်။ နောက်ပြီး ကားနဲ့ပတ်သက်တဲ့ပစ္စည်း အစုံရှိရမယ်”ဟု ၎င်းက ပြောသည်။



မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရန်ကုန် မြို့ပြင်တွင် တစ်စုတစ်ဝေး တည်းထွက်၍ ယာဉ်ရောင်းဝယ်ရေးစခန်းတစ်ခု သတ်သတ်မှတ်မှတ် တည်ထောင်ပြီး လုပ်ကိုင်လို ကြ သည်ဟုလည်း မော်တော်ယာဉ်ရောင်းဝယ်သူများက ပြောသည်။



ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း ကိုဖျက်သိမ်းပြီး တစ်နှစ်ကျော်ကြာလာသည်အထိ အစားထိုးမြေနေရာ ပြန်ပေးမည့်အစီအစဉ်ကို စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်လုပ်ဆောင်ပေးခြင်း မရှိသေးပေ။ ယင်းစခန်းဖျက်သိမ်းစဉ်က သင့်လျော်သည့် မြေနေရာ အစားထိုးပြန်ပေးမည်ဟု စည်ပင်က ကတိပြုထားခြင်းဖြစ်သည်။



မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် တွင် ယာယီစခန်းအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်နှစ်ကျော်အကြာတွင် ထပ်မံပြောင်းရွှေ့ရခြင်းဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1pbeDvQ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...