Skip to main content

#emg_editorials ၂၀၁၄ မေလ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော...



#emg_editorials



၂၀၁၄ မေလ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



ထိုင်းစစ်တပ်၏ မာရှယ်လော ကြေညာချက်



ထိုင်းနိုင်ငံတွင် သက်ဆင်ရှင်နာဝပ်ထရာအပြင် သူနှင့်ဆက်နွှယ်နေသော နိုင်ငံရေးအင်အားစုများနှင့် ဒီမိုကရက်ပါတီဦးဆောင်သော အတိုက်အခံအင်အားစုများ အားပြိုင်နေခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်သည်။

ရှပ်နီအုပ်စုနှင့် ရှပ်ဝါအုပ်စုဟူ၍ အကြမ်းဖျင်း သတ်မှတ်ခေါ်ဆိုကြသည်။ စစ်တပ်ကအာဏာသိမ်းယူမှုကြောင့် သက်ဆင်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း သက်ဆင်နှင့် ဆက်နွှယ်နေသော ၀န်ကြီးချုပ်များ တက်လာလိုက် အတိုက်အခံများကြောင့် ပြန်ပြုတ်ကျသွားလိုက်နှင့် သံသရာလည်နေခဲ့သည်မှာ သက်ဆင်၏ညီမဖြစ်သူ ယင်လက် ၀န်ကြီးချုပ်ဖြစ်လာသည်အထိဖြစ်သည်။ နောက်ဆုံး၌ ယင်လက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက မေ ၇ ရက်တွင် ရာထူးမှဖယ်ရှားခဲ့ပြီး နီဝတ်တုမရွမ်ဘွန်ဆောင်ပေဆန် ယာယီဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သို့သော် ထိုင်းနိုင်ငံရေး ပဋိပက္ခက ငြိမ်သက်၍မသွားဘဲ မေ ၂၀ ရက်တွင် ထိုင်းစစ်တပ်က တစ်နိုင်ငံလုံး၌ မာရှယ်လောကြေညာချက် ထုတ်ပြန်ခဲ့သည်။



လွန်ခဲ့သည့် ခြောက်လကတည်းက စတင်ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် မငြိမ်မသက်ဖြစ်နေသည့် အနေအထားကို ထိန်းသိမ်းရန်အတွက် စစ်တပ်က မာရှယ်လောထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် စစ်တပ်က မာရှယ်လောထုတ်ပြန်ခြင်းသည် အာဏာသိမ်းခြင်းမဟုတ်ဟု ကြေညာခဲ့သည်။ မာရှယ်လော ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် လက်ရှိနိုင်ငံရေး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာစေရာ၌ အဓိကကျသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက မာရှယ်လောကြေညာချက်သည် ဒီမိုကရေစီကို ဖျက်ဆီး၍ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ယာယီဝန်ကြီးချုပ် နီဝတ်တုမရွမ်ဘွန်ဆောင်ပေဆန်က မာရှယ်လောကြေညာချက်အပေါ် သူ၏ပထမဆုံးတုံ့ပြန်မှုအဖြစ် တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် စစ်တပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း၌သာ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။



အမှန်တကယ်၌ မာရှယ်လောကြေညာရာတွင် စစ်တပ်က အာဏာသိမ်းခြင်းမဟုတ်ဟု အခိုင်အမာပြောကြားခဲ့သော်လည်း ထိုင်းဝန်ကြီးချုပ်၏ လက်ထောက်တစ်ဦး ပြောကြားခဲ့သကဲ့သို့ တစ်ဝက်တစ်ပျက် အာဏာသိမ်းမှုဟုပင် ဆိုရမည်ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူယယ်ပီဟန်တင်တန်၏အဆိုအရ အာဏာသိမ်းမှု၌ အမျိုးအစားသုံးရပ်ရှိသည်။ တော်လှန်ပြောင်းလဲလိုသောစစ်တပ်က အစဉ်အလာအတိုင်း အုပ်ချုပ်နေသော အစိုးရတစ်ရပ်ကိုဖြုတ်ချကာ လက်ရွေးစင်ပုဂ္ဂိုလ်များ ရွေးချယ်လျက် အစိုးရအဖွဲ့သစ် ဖန်တီးခြင်းကို Breakthrough coup ဟုခေါ်သည်။ အစိုးရ၏ အမိန့်အာဏာနှင့် စွမ်းဆောင်ရည်များ တိုးတက်စေရန်နှင့် ခြစားမှုများကို အပြီးသတ်ရန် စစ်တပ်က အာဏာအား ယာယီထိန်းသိမ်းခြင်းကို Guardian coup ဟုခေါ်သည်။ စစ်တပ်က ပြည်သူလူထုအများစု၏ ဆန္ဒနှင့် လူမှုရေးလှုပ်ရှားမှုအားလုံးကို တစ်ချက်လွှတ်ပယ်ချပြီး အာဏာသိမ်းယူအုပ်ချုပ်ခြင်းကို Veto coup ဟုခေါ်သည်။



ထိုင်းနိုင်ငံတွင် မာရှယ်လောကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်က ယင်းသည် ယာယီသာဖြစ်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီများက ထိုင်းနိုင်ငံ၏ဖြစ်ရပ်များကို စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံအနေဖြင့် ကျော်လွှားနိုင်ရန် ကြီးမားသော စိန်ခေါ်မှုများစွာရှိနေပြီး ယခုကဲ့သို့စစ်တပ်က မာရှယ်လောကြေညာမှုသည် အာဏာရှင်စနစ်ဆီ ပြန်လည်ဦးလှည့်ခြင်းလား သို့မဟုတ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပုံစံတစ်ရပ်လားဟူသည်ကို စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1knpYIB

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...