လက်ဖက်ခူးသားနည်းပါးမှုမှာ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်
ယခုနှစ် ရှမ်းပြည်နယ်တွင် လက်ဖက်ခူးသား နည်းပါးမူကြောင့် လက်ဖက်နုများ ရင့်ရော်လာရခြင်းမှာ ရှမ်း ပြည်နယ်တွင်း မငြိမ်းချမ်းမူများကြောင့် လက်ဖက်ခူးသားများမှာ လုပ်ငန်းခွင်လာရန် ကြောက်လန့်နေရ၍ ဖြစ်သည်ဟု မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့ ပလောင်အသင်းဥက္ကဋ္ဌ ဦးထွန်းမြိုင်က ပြောသည်။ မြန်မာ ပြည်တွင်းသို့ ၀င်ရောက်နေသော တရုတ်လက်ဖက်ခြောက်များအား အခွန်သေချာ ကောက်မည်ဆိုပါက လာမည့်နှစ်များတွင် မြန်မာ့လက်ဖက်ခြောက် ပြန်လည် ဦးမော့လာနိုင်သည်ဟုလည်း ဦးထွန်းမြိုင်က ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1lNKIqY
Comments
Post a Comment