Skip to main content

ဘေဂျင်းတွင် Wifi အခမဲ့ အသုံးပြုနိုင်သည့် အိမ်သာ အလုံးရေ ၁၀၀ တည်ဆောက်သွားရန် စီစဉ်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် အိမ်သာတော်လှန်ရေး စီမံကိန်းဖြင့် Wifi အခမဲ့ပေးထားသည့် အိမ်သာအလုံးရေ ၁၀၀ တည်ဆောက်သွားမည်ဟု သိရသည်။ မြို့တော် မြူနီစီပယ်အဖွဲ့က အဆိုပါ အိမ်သာများကို ဘေဂျင်းရှိ တွန်ဇူးနှင့် ဖန်ရှန်း ရပ်ကွက်များတွင် စတင်ဆောက်လုပ်သွားမည်ဟု ကြေညာသည်။ အိမ်သာများတွင် ATM ငွေထုတ်စက်များ၊ ဆဲလ်ဖုန်းနှင့် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် ဓာတ်အားပေး ဝန်ဆောင်မှု စနစ်များပါ ထားရှိပေးသွားမည်ဟု ဘေဂျင်းမြူနီစီပယ် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဂျီယန်းက ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသမီး အိမ်သာများ၌ ကလေးခုံများပါ တပ်ဆင်ပေးထားရာ ကလေးမိခင်များ အနေဖြင့် သူမတို့၏ သဘာဝ ဒုက္ခကို စိတ်လွတ်ကိုယ်လွတ် ဖြေရှင်းနိုင်မည်ဟု ဂျီက မှတ်ချက်ပြုခဲ့သည်။ အဆိုပါ အိမ်သာတစ်ခုလျှင် ယွမ်ငွေ ငါးသောင်းမှ တစ်သိန်းကြားထိ ကျသင့်ဖွယ် ရှိကြောင်းလည်း သိရသည်။ အိမ်သာထဲတွင် လေအေးပေးစနစ် တပ်ဆင်ထားပြီး ဆောင်းရာသီတွင် ၁၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်အောက် မကျဘဲ နွေရာသီတွင် ၃၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် မပိုသည့် အပူချိန်မျိုး ရှိနေအောင် ထိန်းညှိထားမည်ဟုလည်း ဆိုသည်။ ဘေဂျင်းမြို့လယ်တွင် ညစ်ပတ်ပြီး အနံ့အသက်ဆိုးများထွက်ကာ ဗွက်ထနေသည့် အများသုံး အိမ်သာများ ရှိနေရာ ယခုအိမ်သာ တော်လှန်ရေး စီမံကိန်းကို လာမည့် ၅ နှစ်အတွက် ရည်ရွယ် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ အိမ်သာ ဆောက်လုပ်ရေး စံနှုန်းသတ်မှတ်ချက်များကိုလည်း ပြန်လည် စိစစ် ကြပ်မတ်ဦးမည်ဖြစ်ပြီး အောက်တိုဘာလတွင် တည်ဆောက်ရေး လုပ်ငန်းများ လက်တွေ့စတင်မည် ဖြစ်သည်။ ယခင်ကလည်း ဘေဂျင်းတွင် ၁၉၆၅၊ ၁၉၈၉၊ ၁၉၉၄ နှင့် ၂၀၀၂ ခုနှစ်များအတွင်းက အိမ်သာတော်လှန်ရေးများ ဆင်နွှဲခဲ့ဖူးသည်။ ထိုစဉ်က ရိုးရာ အခေါင်းပေါက် အိမ်သာများကို ဖယ်ရှားပြီး ခေတ်မီ ဘိုထိုင်အိမ်သာများ ပြောင်းလဲတပ်ဆင်ခဲ့သလို အများသုံး အိမ်သာများတွင် အခကြေးငွေ ကောက်ခံမှုများ စတင်ပြုလုပ်ခဲ့သည်။ ဘေဂျင်းတွင် လူဦးရေ ၁၀၀၀၀ အတွက် ပျမ်းမျှ အိမ်သာအလုံးရေ ၅.၇၇ ခုရှိရာ အမျိုးသား စံသတ်မှတ်ချက် ပမာဏဖြစ်သည့် လူဦးရေ ၁၀၀၀၀ အတွက် အိမ်သာ ၄ လုံးထက် ပိုမိုများပြားကြောင်း သိရသည်။ Ref: Xinhua Let's block ads! (Why?)
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/232DwMt
via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...